@sitisuhaibah287: #Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရုရှားရင်းနှီးမြှုပ်နှံမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ထားဝယ်လေဆိပ်ကို နိုင်ငံတကာလေယာဉ်တွေနဲ့ ကုန်တင်လေယာဉ်တွေ ဆင်းသက်နိုင်အောင် မင်းအောင်လှိုင်က အမြန်တက်သုတ်ရိုက် အဆင့်မြှင့်တင်ခိုင်းနေပြန်တယ်လို့ UMCCI စီးပွားရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်မှာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်ပြီး ထွက်ပြေးသွားရတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက လိုက်လံချေမှုန်းရှင်းလင်း နေပြီး ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်း စစ်သား အယောက် ၃၀ ကျော်မှာလည်း ဗိုလ်ကြီး ၂ ဦးပါဝင်တဲ့ အပြင် လက်နက်ခဲယမ်းတွေလည်း တောင်ပုံယာပုံရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက် ထားမှုဟာ အရာမရောက်ပဲ ကုလသမဂ္ဂအထွေ ထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ အာရှ-ပစိဖိတ်ဒေသ အုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူပြီး မိန့်ခွန်းတက်ပြောခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးကို ဩစတြေးလျနိုင်ငံ ပို့ဆောင်ထားတဲ့ ပန်းချီစိုးမိုးက စစ်မှုထမ်းတာဟာ ကြောက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာလို့ ဝါဒဖြန့် ပြောဆိုလာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က AI ကြောင့် လူသားအားလုံး သေဆုံးသွားနိုင်တယ်ဆိုတဲ့ လုံခြုံရေးစိုးရိမ်ချက်တွေကို ပယ်ချပြီး AI လုပ်ငန်းကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေရှိနေတယ်လို့ ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။@💕ကိုကိုရဲ့ညီမလေး💕👬

💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Open In TikTok:
Region: MY
Tuesday 15 September 2026 11:38:35 GMT
25812
882
2
22

Music

Download

Comments

mgmgsoe3687
*** အမုန်း ,ခံ လူ ::::: :
👌🥰
2026-09-15 13:31:10
0
user364726409
Aung Aung :
[Heartwarming][Heartwarming][Heartwarming]
2026-09-15 12:17:17
1
To see more videos from user @sitisuhaibah287, please go to the Tikwm homepage.

Other Videos


About