@betv.business.new: သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း (၁) စမ်းသပ်လည်ပတ် ရန်ကုန်၊ စက်တင်ဘာ ၁၅ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း (၁) ကို စက်ရုံလည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ စက်တင်ဘာ ၁၄ ရက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သွားရောက်ကြည့်ရှုခဲ့ပြီး အခုလည်ပတ်မယ့်စက်ရုံက ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုတွေကို Control Room အတွင်းကနေ ဆောင်ရွက်နိုင်တဲ့ ပထမဆုံးသော ရေနံချက်စက်ရုံဖြစ်တယ်လို့ ပြောပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသလို ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခမဖြစ်မီက စက်မောင်းဆီတွေဟာ ရေနံစိမ်းကုန်ကြမ်းထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုပေမယ့် အခုအချိန်မှာ နှစ်ဆခွဲခန့်အထိ မြင့်တက်နေတာကြောင့် ရေနံချက်စက်ရုံတွေ လျင်မြန်စွာ ပေါ်ထွက်လာစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းလည်း ထည့်ပြောပါတယ်။ သန်လျင်ရေနံချက်စက်ရုံမှာ အရင်က ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ၊ ဓာတ်ပျံဆီတွေ ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒနဲ့အညီ သုံးသပ်ဆောင်ရွက်နိုင်ဖို့ ၂၀၁၇ ခုနှစ်ကစပြီး စက်ရုံလည်ပတ်မှုကို ရပ်နားခဲ့တာပါ။ အခုစမ်းသပ်လည်ပတ်နေတဲ့ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း (၁) ကို ရရှိနိုင်မယ့် ကုန်ကြမ်းအမျိုးအစားနဲ့ ပမာဏအပေါ် မူတည်ပြီး တစ်နှစ်ကို တန်ချိန် ၅ သိန်း ချက်လုပ်နိုင်တဲ့ Modular Type Refinery အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ စီမံကိန်းအပိုင်း (၂) ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အပိုင်း (၂) ပြီးချိန်မှာ နိုင်ငံတော်လိုအပ်ချက်ရဲ့ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ်လို့ သိရပါတယ်။ စက်ရုံလည်ပတ်ချိန်မှာ ပြည်တွင်းလိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီတွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး ပြည်ပကနေ စက်သုံးဆီတင်သွင်းနေရမှုတွေကို လျှော့ချနိုင်မှာဖြစ်လို့ နိုင်ငံခြားငွေသုံးစွဲမှုတွေလည်း လျော့နည်းနိုင်မယ်လို့ သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၁၈ ရက်၊ သန်လျင်ခရီးစဉ်မှာ ပြောကြားထားတာ ရှိပါတယ်။ နိုင်ငံပိုင်ရေနံချက်စက်ရုံတွေကနေ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုက ပြည်တွင်းသုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းပဲရှိလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ ရေနံချက်စက်ရုံတွေ ပြန်လည်ပတ်နိုင်ရေး ပြင်ဆင်လျက်ရှိပါတယ်။ သတင်း - BETV Business ▶BETV Youtube: https://www.youtube.com/@BETVBusiness #Myanmar_Business_News #BETV_Business_News #သန်လျင်ရေနံချက်စက်ရုံ #MOEE #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
BETV Business News
Region: MM
Tuesday 15 September 2026 13:53:00 GMT
Music
Download
Comments
DARK NIGHT :
အကုန်ချောတွေ ပြည်တွင်းမှာတော်တော်များများ ထုတ်နိုင်ရင် မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာ်
2026-10-11 06:21:46
4
Thi ha Htun :
ညာနဲ့နော် 11လပိုင်း မှ ငါ့ဘက်ဖိုးပန်ထည့်ရအုံးမှာ
2026-10-09 15:33:08
0
TikTok901 :
thank you Myanmar 🇲🇲
2026-09-15 17:18:43
0
Gu Gu :
🥰
2026-09-15 15:20:20
0
U Toe 142094 :
🥰🥰🥰
2026-09-16 06:17:59
0
ဇေယျကျော်ထင် :
အဲ့ဒီစီမံကိန်းက နဂိုကတည်းကရှိတယ် အဖွားကြီးတက်လာတော့ နိုင်ငံခြားအကြံပေး၉၀ နဲ့ ရှောင်တာနယ်တို့ ရဲ့အကြံအတိုင်းရပ်လိုက်တယ် အကုန်ဝယ်သုံးတယ် အရံဆီဆန်ရွှေ အကုန်သုံးပစ်တယ် တိုင်းပြည်ပိုက်ဆံတွေကိုသူဌေးသားအမွေရသလို အကုန်သုံးတယ် ရေတို အတွက်ပဲကြည့်ပြီး ရေရှည်စီမံကိန်းဘာမှမချန်ခဲ့ဘူး ဒီတော့သူ့လက်ထက် မီးမှန်တယ် ဆီစျေး ငြိမ်တယ် အမှန်က ကုဋေရှစ်ရှယ်သူဌေးသားအကွက်မျိုးလုပ်တာ သူလဲ ပြုတ်ရော တိုင်းပြည်ကအကုန်ပြောင်သွားတယ်။ ဓါတ်ပေးစက်ရုံတွေထပ်မဆောက်ဘူး မီးဝယ်သုံးတယ် ဒီတော့ ခုလိုအရှေ့လယ်ပိုင်းပြဿနာဖြစ်ဆီစျေးတက်တော့ ဘယ်ဝယ်နိုင်တော့မလဲ။ အခုသုံးနေရတဲ့ ဓါတ်အားတွေဟာ ဦးသန်းရွှေဆောက်ခဲ့တဲ့ရေအားလျှပ်စစ်တွေ ကျောက်မီးသွေးစက်ရုံတွေကရတာ ဒီအဖွားကြီးဆောက်ခဲ့တာမရှိဘူး။ အစိုးရအဆက်ဆက် ပြည်ပ ကြွေးမြီးဆပ်ခဲ့တယ် အဖွားကြီး ၅နှစ် မှာ တကျပ်မှ မဆပ်ခဲ့ဘူး။ဒီအကြွေးတွေသူယူထားတာမဟုတ်ဘူးဆပ်စရာမလိုဘူး မပြောနဲ့ ဒီအကြွေးတွေဟာ ဦးနုခေတ်ကတည်းကရှိနေတာ အင်္ဂလိပ်က လွတ်လပ်ရေးနဲ့အတူအကြွေးတွေပါအမွေပေးခဲ့တာ။ ခေတ်အဆက်ဆက်အစိုးရတွေဟာ ဒီလိုပဲ ချေးလိုက်ဆပ်လိုက်နဲ့ လုပ်ခဲ့ရတာပဲ။ ဦးသိန်းစိန်ဆင်းတော့ အဖွားကြီးအစိုးရကို အရံဆီဆန်ရွှေအများကြီးထားပေးခဲ့တယ် အဖွားကြီးပြုတ်တော့ ဘာမှမကျန်ဘူး။ တော်တော် ကို မွှေခဲ့တာ ငပိန်းတွေကပဲ ပုဂ္ဂိုလ် ရေးကိုးကွယ်ပြီး ပိန်းနေတာ သေချာလေ့လာကြည့် ဒီအဖွားကြီးဟာ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားပြီး လဘ်ပေးလဘ်ယူတွေ OIC CIA တွေ နဲ့ ကလော်ကလက်လုပ် ပြီး သူ့အဖေ မျိုးချစ်သလောက်သူက တိုင်းပြည်ကိုအနာက်အုပ်စုပ်စိတ်ကြိုက်ဖျက်လို့ရအောင် အကုန်လမ်းဖွင့်ပေးခဲ့တာ။
2026-10-11 13:28:32
7
ဇေယျကျော်ထင် :
အဲ့ဒီစီမံကိန်းက နဂိုကတည်းကရှိတယ် အဖွားကြီးတက်လာတော့ နိုင်ငံခြားအကြံပေး၉၀ နဲ့ ရှောင်တာနယ်တို့ ရဲ့အကြံအတိုင်းရပ်လိုက်တယ် အကုန်ဝယ်သုံးတယ် အရံဆီဆန်ရွှေ အကုန်သုံးပစ်တယ် တိုင်းပြည်ပိုက်ဆံတွေကိုသူဌေးသားအမွေရသလို အကုန်သုံးတယ် ရေတို အတွက်ပဲကြည့်ပြီး ရေရှည်စီမံကိန်းဘာမှမချန်ခဲ့ဘူး ဒီတော့သူ့လက်ထက် မီးမှန်တယ် ဆီစျေး ငြိမ်တယ် အမှန်က ကုဋေရှစ်ရှယ်သူဌေးသားအကွက်မျိုးလုပ်တာ သူလဲ ပြုတ်ရော တိုင်းပြည်ကအကုန်ပြောင်သွားတယ်။ အစိုးရအဆက်ဆက် ပြည်ပ ကြွေးမြီးဆပ်ခဲ့တယ် အဖွား၅နှစ် မှာ တကျပ်မှ မဆပ်ခဲ့ဘူး။ဒီအကြွေးတွေသူယူထားတာမဟုတ်ဘူးဆပ်စရာမလိုဘူး မပြောနဲ့ ဒီအကြွေးတွေဟာ ဦးနုခေတ်ကတည်းကရှိနေတာ အင်္ဂလိပ်က လွတ်လပ်ရေးနဲ့အတူအကြွေးတွေပါအမွေပေးခဲ့တာ။ ခေတ်အဆက်ဆက်အစိုးရတွေဟာ ဒီလိုပဲ ချေးလိုက်ဆပ်လိုက်နဲ့ လုပ်ခဲ့ရတာပဲ။ ဦးသိန်းစိန်ဆင်းတော့ အဖွားကြီးအစိုးရကို အရံဆီဆန်ရွှေအများကြီးထားပေးခဲ့တယ် အဖွားကြီးပြုတ်တော့ ဘာမှမကျန်ဘူး။ တော်တော် ကို မွှေခဲ့တာ ငပိန်းတွေကပဲ ပုဂ္ဂိုလ် ရေးကိုးကွယ်ပြီး ပိန်းနေတာ သေချာလေ့လာကြည့် ဒီအဖွားကြီးဟာ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားပြီး လဘ်ပေးလဘ်ယူတွေ OIC CIA တွေ နဲ့ ကလော်ကလက်လုပ် ပြီး သူ့အဖေ မျိုးချစ်သလောက်သူက တိုင်းပြည်ကိုအနာက်အုပ်စုပ်စိတ်ကြိုက်ဖျက်လို့ရအောင် အကုန်လမ်းဖွင့်ပေးခဲ့တာ။
2026-10-11 13:25:36
2
Tun Tun :
🥰🥰🥰
2026-10-09 01:59:41
0
ko toe gyi :
🥰🥰🥰
2026-10-11 05:05:58
0
Nay Thurein Lynn (Sunshine) :
[Like][Like][Like]
2026-09-15 14:35:51
0
Ko Moe (မန္တလေး <> မိုးညှင်း ) :
🥰🥰🥰
2026-09-15 15:18:18
0
Min :
😁😁😁😁😁😁😁😁😁
2026-10-11 13:07:12
0
စိုးမိုး :
💚💚💚
2026-10-12 00:15:16
0
To see more videos from user @betv.business.new, please go to the Tikwm
homepage.