@kzt7836: အချစ်ကဗျာ __________________ KZT လွမ်းသမျှတော့ ပန်းပွင့်မှာမဟုတ်မှန်း သိပေမယ့် ပန်းတွေပွင့်ရင်တော့ လွမ်းမိပါရဲ့..။ အချစ်ရဲ့အဓိပ္ပာယ်လို့တော့ ရေရေရာရာ မသိခဲ့ပေမယ့် အဓိပ္ပါယ်မရှိတာကိုက အချစ်ပဲထင်ပါရဲ့..။ တစ်ခါတရံ စဥ်းစားမိတယ် မင်းကလည်း မင်းမဟုတ်တဲ့ မင်းနဲ့ ငါကလည်း ငါမဟုတ်တဲ့ ငါနဲ့ ငါတို့ မဟုတ်တဲ့ ငါတို့နှစ်ယောက် အစကပြန်တွေ့ကြမယ်......။ ငါကလည်း ချစ်တဲ့အကြောင်းကို အစကနေပြန်ပြောမယ်.... မင်းကလည်း ခေါင်းကလေးငုံ့ပြီး အစကနေပြန်ရှက်မယ်..... ဆောင်းဦးရွက်ကြွေတွေပေါ်ကို အစကနေပြန်လျှောက်ကြမယ်..။ အဲ့တာပြီးရင် အဓိပ္ပါယ်ရှိသွားအောင် တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေးလမ်းခွဲသွားကြမယ် နှုတ်မဆက်ပဲနဲ့ပေါ့....။ ။ #poem #penart #KZT
KZT
Region: MM
Wednesday 16 September 2026 04:06:40 GMT
Music
Download
Comments
win koko :
အဓိပ္ပာယ်မရှိတာကိုက အချစ်ပဲထင်ပါရဲ့
ပြန်တွေးမိတိုင်း အဲလိုဖြစ်နေရော🤣
2026-09-24 18:05:14
1
Wai Zin Phyo Aung :
မင်းကလည်း မင်းမဟုတ်တဲ့ မင်းနဲ့ ငါကလည်း ငါ မဟုတ်တဲ့ ငါနဲ့😌
2026-09-16 12:20:28
2
တစ်နေ့နေ့•••• :
စားသာတေကြိုက်လိုပေပါလား
2026-09-16 08:21:44
1
Zaw Lin Htite :
စာသားကြိုက်လို့ပါ သုံးပါရစေ🥰
2026-09-16 09:06:17
1
Khin Lay :
ပြန်တင်မယ်ရှင့် Crdပေးပါ့မယ်
2026-09-18 01:46:24
1
ဂျလုံးပလုံး :
ပြန်တင်ချင်ပါတယ် crdအပြည့်အဝပေးပါတယ်ရှင့်
2026-09-28 15:05:34
0
ပိယဖုန် (ปิยะพร)🫶😘🫶 :
လွမ်းနေတာပေါ့
2026-09-16 06:56:12
1
Win Khaing :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-16 10:00:13
1
Late Lord :
🦋🦋🦋🕊
2026-09-16 16:24:07
1
ko Yin :
[Heartwarming][Heartwarming][Heartwarming]
2026-09-20 12:08:04
1
Phopho Gyi :
❤️❤️❤️
2026-09-20 15:28:41
1
Thin Thin Ei Naing :
[Heartwarming]
2026-09-16 06:53:50
1
ရောင်ပေစူး (Cancer)🦀🦀🦀🦀🦀 :
🥰♥️💜
2026-09-16 06:40:35
1
𝐊𝐎 𝐀𝐔𝐍𝐆 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 :
🥰🥰🥰
2026-09-16 04:10:10
1
Tin Tin Aye :
❌
2026-09-23 07:18:39
1
To see more videos from user @kzt7836, please go to the Tikwm
homepage.