@kozawhtun50: စစ်မှုထမ်းဖို့ ငြင်းဆန်သည့် လူငယ်တစ်ဦးကို ရိုက်သတ်ကာ အလောင်းကို တိတ်တဆိတ် စွန့်ပစ်ခဲ့သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး Democratic Press/ ၂၀၂၆ စက်တင်ဘာ ၁၆ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက စက်တင်ဘာလဆန်းပိုင်းက ညဘက်တွင် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရုံးအတွင်း၌ ထိုလူငယ်အား စစ်မှုထမ်းရန် ဖိအားပေးရာတွင် ငြင်းဆန်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမိုက်များက သံတုတ်များဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ ရိုက်နှက်ဒဏ်ရာများကြောင့် အဆိုပါ လူငယ်မှာ ရပ်ကွက်ရုံးအတွင်း၌ပင် သေဆုံးသွားခဲ့သည်။ ကျူးလွန်သူများသည် သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ရပ်ကွက်ရုံးအတွင်း၌ပင် တစ်နေကုန် ထားရှိခဲ့ကြသည်။ ထို့နောက် ညသန်းခေါင်ကျော် နံနက် ၂ နာရီခန့်အရောက်တွင် သက်သေအထောက်အထားများ ဖျောက်ဖျက်ရန်အတွက် ရုံး၏ CCTV ကင်မရာများကို ပိတ်၊ မီးများကို အမှောင်ချခဲ့ကြသည်။ အလောင်းကို ကားနောက်ဖုံးထဲသို့ ထည့်သွင်းကာ FMI နှင့် ရှမ်းကျောင်း ကျေးရွာနှစ်ခုဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်အတွင်း၌ မှောက်လျက်အနေအထားဖြင့် သွားရောက် စွန့်ပစ်ခဲ့ကြသည်။ လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့နယ်အသီးသီး၌ စစ်မှုထမ်း အပတ်စဉ်များအတွက် လူငယ်များကို အဓမ္မ ဖမ်းဆီးစုဆောင်းခြင်း၊ ရိုက်နှက် ငွေညှစ်ခြင်းနှင့် လူစားထိုး ရောင်းစားခြင်းများ ဖြစ်ပွားလျက် ရှိသည်။ အမှတ် (၁) ရပ်ကွက်အတွင်း ည ၁၀ နာရီကျော်ပါက လူငယ်များ ဖမ်းဆီးခံရမှု မကြာခဏ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက လူငယ်များကို စစ်မှုထမ်းအတွင်းသို့ ရောင်းစားမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ဆိုသည်။ လွန်ခဲ့သည့် စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း အလုပ်မှပြန်လာသူ ကိုနိုင်နိုင်ကျော် ဆိုသူ ဖမ်းဆီးခံခဲ့ရပြီး အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ငွေကြေးပေးကာ ၄ ရက်အကြာတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ရပ်ကွက်နေပြည်သူများ၏ ဆူညံပေါက်ကွဲမှု၊ ဖိအားပေးမှုများနှင့် သေဆုံးသူ မိသားစုဝင်များ၏ တိုင်ကြားချက် ကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဓိက ကျူးလွန်သူ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ပါဝင်သော ၇ ဦးလုံးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း၌ အမှုအမှတ် (ပ) ၁၀၇၉/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၅ (ဖမ်းဆီးနှိပ်စက်မှု)၊ ပုဒ်မ ၃၀၄/၃၀၂ (လူသေမှု/လူသတ်မှု)၊ ပုဒ်မ ၂၀၂/၂၀၁ (အလောင်းဖျောက်မှု)၊ ပုဒ်မ ၁၁၄ (အကူအညီပေးမှု) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။ စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ အောက်ခြေ အာဏာပိုင်များကပင် သာမန် ပြည်သူလူငယ်များ၏ အသက်ကို အညှာအတာကင်းမဲ့စွာ ရိုက်သတ်၍ အလောင်းဖျောက်သည့်အထိ သောင်းကျန်းလာကြခြင်းသည် စစ်အာဏာရှင်စနစ်အောက်တွင် တရားဥပဒေ လုံးဝ ကင်းမဲ့သွားပြီး လူငယ်များ၏ အသက်အန္တရာယ် မည်မျှအထိ အကာအကွယ်မဲ့နေသည်ကို အထင်းသား မြင်တွေ့ရသည်။ #Myanmar #whatishappeninginmyanmar #Rejectthemilitarycoup #democraticpress
ဘာဘာ ဘာမှ မသိပါ
Region: MM
Wednesday 16 September 2026 04:33:15 GMT
Music
Download
Comments
anonymous :
တိုင်တဲ့လူကို
ပြန်မဖမ်းပါဘူးလို့
ဘယ်သူကအာမခံမှာလဲ😏
အဲ့လိုဖမ်းရင် ဘယ်ကိုဆက်တိုင်ရမလဲ?
2026-09-16 07:34:41
49
ko lay :
၁လ၃သောင်းပေးနေရတယ်
ညောင်ရွေအင်းလေးဒေသရွာအစုံပဲ
2026-09-16 10:23:35
4
💔💔ဒီနေကစပီး feel မယ်💔💔 :
ငါတို့ဆို 40000 ပေးရတယ်အဆင်မပြေလည်းပေးနေရတာ
2026-09-16 13:33:56
0
ကောင်းကင် :
စစ်မှုထမ်းကြေးကောက်ခံခွင့်ကိုနိုင်ငံတော်ကဘယ်လိုနှုန်းထာမျိုးသက်မှတ်ထားလဲသိချင်ပါတယ်
2026-09-16 09:09:14
8
Myanmar :
ရပ်ကွက်မြို့နယ်အလိုက် မိသားစုတစ်ကွဲတစ်ပြားဖြစ်အောင် လုပ်ဆောင်နေတဲ့
လူငယ်တွေကို မဲနှိုက်ခိုင်းနေပြီး မဲပေါက်ရင် စစ်မှူ ထမ်းခိုင်းမည့်အချက် ဖျတ်သိမ်းပေး
2026-09-16 12:15:09
6
🍣 :
ရပ်ကွက် ထဲမှာ ကောက့်နေတာလစဥ်
2026-09-16 09:58:51
3
Nay Zin Latt :
စစ်မှု့ထမ်းကြေး ဘာကြေးညာကြေးမကောက်ရဘူးလို့ ရပ်ကွက်ရုံး အများထင်သာမြင်သာရှိတ့ဲနေရာတွေ မှာ စာထုတ်တဆိပ့်ရိုက် ပလက်စတစ်ကဒ်လောင်းပြီးအမိန့်စာတွေသက်ဆိုင်ရာဌာနတွေက ချိတ်ဆွဲကပ်ထားလိုက်ပါ ဒီတိုင်ပါဟိုတိုင်ပါ အကြောင်းကြားပါတွေလုပ်စရာတွေမလိုတော့ဘူးပေါ့ အများအတွက်ရုံးစာတောင်မထုပ်ရဲလို့လား
2026-09-16 10:47:21
6
Khin Nyein :
လတိုင်ပေးရတယ်တစ်လ200
2026-09-16 08:19:10
5
Kay Thi🐋🐋 :
တိုင်တဲ့သူနာမည် ဖော်ပြမှာလား
2026-09-16 08:44:32
4
panei :
ရန်ကုန်တိုင်း ေရွ ေပါက်ကံမှာဒီနေ16.9.26.အလုပ်သမားတွေထမင်းစားချိန်12.00နာရီမှာစစ်မှုးထမ်းဖိုဖမ်းသွားပါတယ်
2026-09-16 13:46:39
2
ခလေးတို့ရဲ့မေမေ :
ပေးရတယ်15ရက်တကြိမ်ကင်းကြေး
3လတခါ30000
3လကမပြည့်ခင်ကောက်
2026-09-16 11:13:48
1
Aye Min Tun :
ဒလ မီတာရုံးတွေကမီတာခ3ဆ4ဆပိုပိုပီး
ကောက်တာတွေကိုကူညီလို့ရရင်ကူညီကြပါအုံး
2026-09-16 11:31:37
1
10849နိင်နိင် :
ကျမတို့လည်းစစ်မှူတမ်းကျွေးထည့်နေရတုန်းပါကျမသားအတွက်ပါအမျိုးသားကလက်ရှိစစ်မှူထမ်းပါရှင့်
2026-09-16 10:19:57
2
chitchitchit535 :
တို့စီမှာဖြင့်အမြဲကောက်နေတာ
2026-09-16 13:23:24
2
Shwe Ou :
လုပ်ပေးတာလည်မဟုတ်ပဲနဲ့တိုင်တဲ့သူပြန်ဖမ်းခံနေရအုန်းမာ
2026-09-16 10:40:57
3
Ko Naing :
ယုံကြည်ရဖို့ကဘယ်လိုလဲဗျခုခေတ်ကကျားဖြန့်တွေကပေါပေါချေ
2026-09-16 13:23:32
0
ချစ်ရပါသော မိန်းမိန်းရှိသည် :
သမီးဒို့ဆီမှာဆို စစ်မူ့ထမ်းကြေးအရင်လတွေကဆို 70000ကောက်တယ် အခုနောက်ပိုင်းတစ်လ90000ကောက်နေပြီ အဲလောက်ကြတော့အဆင်မပြေဘူး
2026-09-16 11:19:23
0
MYINT💵 :
စစ်တပ်နဲ့ဘာဆိုင်ဟိုကဥပဒအတိုင်းခုကအုပ်ကြီးတွေလောတက်တဲ့ပြသနာ😏😏😏
2026-09-16 09:12:20
2
U Aye Than :
ဒီဖြစ်စဉ်က နိုင်ငံတော်အစိုးရ ပုံရိပ်ကို အိုးမဲသုတ်တာထက်ဆိုးရွားစေတဲ့ဖြစ်ရပ်ပါ တာဝန်ရှိသူတွေ တာဝန်ဆိုတဲ့အသိ ကိုယ်ခြင်းစာစိတ်နဲ့လုပ်ကြပါ အုပ်ကြီး ေတွ/နယ်ထိန်းတွေ/၁၀၉&၁၁၀တွေကိုလွှတ်မထားကြပါနဲ့
2026-09-16 06:43:06
9
Oli Ver :
ယခုလိုသတင်းတွေအပြင်မှာကျယ်ပြန့်နေတာ လက်ရှိအနိုင်ရအာဏာရကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတာဝန်ရှိသူများဘယ်လိုဆောင်ရွက်အရေးယူပြုလုပ်မလဲဆိုတာကိုမဲဆန္ဒရှင်ပြည်သူများအနေဖြင့်မေးခွန်းထုပ်သင့်ပါပြီ
2026-09-16 07:42:12
8
Ma Htet :
မယုံဘူး ဟေ့
2026-09-16 10:37:29
2
U Maung Aye :
တင်ပြထားတဲ့စာတွေ ဆုံဖြတ်ချက်မပြီးသေးခင် တင်ပြခံထားရတဲ့ အုပ်ကြီးတွေရဲ့ ချိန်
ခြောက်မူတွေ တချို့ခံစားနေရပါတယ်
2026-09-16 07:52:13
2
Nyo Nyo :
အဲလိုစစ်မူထမ်းဆင့်ေခါ်ေတရပ်႐ွာတိုင်းလူကုန်ကူးသလိုေစျးကွက်လုပ်စားေနတာအမန်ေတဘဲးအခုဖြစ်ရပ်ကိုေပါ့ေရာ့စွာကိုင်တွယ်ပါကတပ်ပံုရိပ်ေတအ႐ုပ်ဆိုးအကြည်းတန်ပါလိမ့်မည်မစာမနာအသက်ဆံုးတဲ့အထိေတာင်လုပ်တယ်စာနာစိတ်ကင်းမဲ့လွန်းသွားဘီ
2026-09-16 13:29:52
1
ပန်းခရေ :
ကျွန်မတို့ဘက်မှာတစ်လကိုနှစ်ခါခွဲကောက်တယ်15ရက်ပြည့်တာနဲ့10000လာကောက်တယ်နောက်15ရက်ပြည့်ရင်10000လာကောက်တယ်တစ်လကို2သောင်းပေးရပါတယ်ရှင်ခုကဘယ်သူကိုအဖေခေါ်ရမှန်းမသိဖြစ်နေရတယ်😏😏😏😏😏😏😏😏
2026-09-16 12:15:11
1
သူရိန် :
လဆင်ကျေစစ်မူထန်ကျေကပေရကင်ကျေပေနေရတာအုပ်ကြီတွေရာအိမ်မူတွေသူဌေတွေဖြစ်ကုန်ပြီ
2026-09-16 08:29:53
1
To see more videos from user @kozawhtun50, please go to the Tikwm
homepage.