@kachinnewsgroup: ရွှေကူအထက် စစ်တပ်ရေယာဉ် ၂ စီး ဒီမနက် ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ် ရွှေကူမြို့ကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ် ၃ စီးထဲက ၂ စီး ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီလောက်မှာ ဇင်းဘုံနဲ့ စင်းခန်းတံတားအောက်ဘက်၊ နတ်မျက်နှာတောင်အထက်ဘက်လောက်မှာ တိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတယ်လို့ ရွှေကူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ KNG ကရရှိထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ နစ်မြုပ်သွားတဲ့ ရေယာဉ်တစ်စီးကို တွဲတွန်းသင်္ဘောအမျိုးအစားအဖြစ် တွေ့ရပါတယ်။ ရုပ်သံမှတ်တမ်းအရ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာထက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရေယာဉ် ၃ စီးထဲက ကျန်တစ်စီးကတော့ ပြန်ပြီး စုန်ဆင်းသွားတယ်လို့ သိရပါတယ်။ အခု ရရှိထားတဲ့ ရုပ်သံမှာတော့ နစ်မြုပ်သွား တဲ့ ရေယာဉ်တစ်စီးကိုသာ တွေ့ရသေးပြီး နောက်ထပ်နစ်မြုပ်သွားတဲ့ ရေယာဉ်ရဲ့ အမျိုးအစားနဲ့ အသေးစိတ် အခြေအနေကိုတော့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။ ဒီရုပ်သံဟာ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNG က ရရှိထားတဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ နောက်ထပ်ရရှိလာတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားပါမယ်။
Kachin News Group
Region: TH
Wednesday 16 September 2026 04:59:35 GMT
Music
Download
Comments
孤独 :
ထင်ထင်ရှားရှားမြင်ရနေတာAI တဲ့လား😳😳😳
2026-09-16 05:35:42
208
U Tun Tun Aung :
စိတ်ထဲတော့မကောင်ဘူစစ်တပ်ကအရမ်ရုပ်မာနေတာမြို့ထဲမှာလဲပေါ်တာမတရာဆွဲနေတာ
2026-09-16 06:49:10
48
★Ÿê pĥøñë Ÿê pĥøñë★ :
aww မြန်မာနိုင်ငံကြီး ပျက်စီးနေပပေါ့ တိုင်းတစ်ပါးက ကျူးကျော်လာရင် အမိနိုင်ငံကို အသက်ပေးကာကွယ်သူတွေ အလွန်နည်းပါးမာ အမှန်ပါ
2026-09-16 07:25:32
62
U Win Than :
ခုလိုလုပ်တော့ရော်နိုင်ငံကောင်းသွားမှာလားမင်းတို့လုပ်နေတာလဲမင်းတို့အနေအစားရှောင်ဖို့ပဲလုပ်နေတာပြည်သူတွေအတွက်မပါဘူးပြည်သူအတွက်ဆိုရင်ဒီလုပ်ရပ်မျိုးမလုပ်ဘူး
2026-09-16 06:12:33
20
Ko Naing Win :
စစ်သဘ်ောမှမဟုတ်တာ
2026-09-16 07:43:14
13
MarMar•°• :
လူမျိုးချင်းချင်း
ပျော်နေလိုက်ကြတာရင်နာစရာ
စစ်မူ့ထမ်းအခေါ်ခံနေရတာပြည်သူတွေဟေ့
2026-09-16 07:26:41
23
Ai Men ♥ :
ဘယ်လိုဘဲဖြစ်ဖြစ် ဒါတွေအားလုံးက နိုင်ငံပိုင်တွေ ဆုံးရှုံးတာမိုလို့ ဝမ်းနည်းစရာပါ
2026-09-16 07:10:05
9
婻婻 :
စစ်တိုက်ပွဲ ဘယ်ဘက်မှ အလိုမရှိ
2026-09-16 06:33:20
5
user82816692Mr. M. T :
မနာလိုဝန်တိုစိတ်ဟာကြောက်ဖို့ကောင်းတယ်မခွဲခြားနိုင်အောင်ပိတ်တယ်
2026-09-16 06:11:51
33
Mg Thaw :
အရပ်ဘက်လှေ အသုံးပြုတာက်ု စစ်သင် ္ဘောတဲ့
2026-09-16 05:58:33
42
Ye Cho :
လူလူချင်းသတ်နေတာမြင်တော့
စိတ်မကောင်းဘူး
2026-09-16 06:29:42
26
y :
မြန်မာနိုင်ငံ လဲ လူသတ်ပီး အပြန်လှန်ပျော်နေကျတယ် ဦးနှောက်မရှိ အထက်က သူတွေ ခိုင်းသမျှကိုနှစ်ဖက်လုံး ဦးနှောက်မရှိ အသိတရားမရှိကျဘူး တရားတွေများများ နာသင့်တဲ့ နိုင်ငံ
2026-09-16 06:12:01
28
Salai Ko Saw :
ဇင်းဘုံရွာ မရောက်ခင် ဝဲမရွာ နားမှာဟုတ်တယ်
Y-12 တစ်စင်းလဲ ကင်ခံရတယ်ကြားတယ် သတင်းတော့အတည်မပြုနိုင်သေး
လက်ရှိ ရွှေကူမှာ ဂျက်ဖိုက်တာ Y-12 တောက်လျှောက် ဗုံးကျဲနေ လက်နက်ကြီး ငယ်သံများလဲကြားနေရ
2026-09-16 06:51:23
30
စွာတေလန် :
သူတို့မိသာစု ေမျှာ်နေရှာမာ🥺
2026-09-16 06:27:30
9
u.kyaw :
ဖျက်ဆီးနေကြတာ
တန်းဖိုးလည်မသိကြဘူ
2026-09-16 06:52:20
6
Nan Kalayar :
စစ်တပ်ကပိာင်သက်ကျော်မဟုပ်ဘူး
2026-09-16 06:07:01
10
Gun :
အဲ့ဒါစစ်သဘော်မှမဟုတ်တည
2026-09-16 07:07:59
7
💞K & Y💞 :
အမြင်ကြယ်ကြယ် တွေးကြည့်ပီးပြောရရင်တော့ မကောင်းဘူးပေါ့ဗျာ ။
ခများတို့ကတော့ပျော်ကြပေါ့ နောက် တစ်ပတ် တစ်လလောက်နေရင် ပြည်သူတေ အရပ်သားတေ ဘယ်လိုနေပြီးဘယ်ကိုပြေးကြရပါ့မလဲ။
နယ်ဘက်မှာစစ်ဖြစ်လို့ မြို့ပေါ်ကလူတေ အငြိမ်နေရမယ်မထင်ကြနဲ့နော် သူ့တို့လူလိုတိုင်း နည်းအမျိုးမျိုးနဲ့ကို ဒုက္ခပေးနေတာမို့ မြို့ပေါ်နေကြသူတိုင်းကိုလည်း တစ်ဖတ်ပိတ်အမြင်နဲ့ မုန်းမနေကြပါနဲ့ လူတိုင်းက ဝမ်းရေးအတွက်အလုပ် လုပ်နေကြတာမို့ တော်ကြပါတော့ဗျာ တော်ကြပါတော့
2026-09-16 07:03:11
7
A moe :
စစ်တပ်လဲမထောက်ခံပါဘူး အခုလိုလုပ်လိုက်တော့ နှစ်နာသွားတာက မော်တော်ပိုင်တွေပါ လိုက်ချင်လို့လိုက်ခဲ့ကြတဲ့မော်တော်တွေမဟုတ်ပါဘူး
2026-09-16 07:02:55
10
🌹Shwe Daung Thu lay🌹ထော်လေး :
သံသရာလည်အော်ဘဝဘဝ ဘယ်သူ့ဘက်မှအားမရပါဘူး 🙏🙏🙏 မကောင်းတဲစိတ်အရင်ထားရင်ကိုပူလောင်ရလို့လေ အကုန်အေးချမ်းနဲ့ပဲ ပီးချင်ပါတယ်
2026-09-16 06:57:02
5
zoom :
ဟုတ်တယ် ai
2026-09-16 05:55:50
7
🦋🕸❄🅛🅞🅞🅝 🅔🅐🅘🅝❄🕸🦋 :
ကြည့်လို့မဝ..လှမှလှ❤❤❤💕💞
2026-09-16 06:09:35
6
Ba Ba Gyi Myo :
မင်းအောင်လှိုင် မင်းအာဏာရဖို့အရေးပြည်သူတွေဒုက္ခရောက်ကျရပီ
2026-09-16 07:19:16
8
zaw :
ပိုင်ရှငိကတောရင်ကျိူးမှာပေါတာမိလိုလိုက်လာရတာဘယ်သူမှမလာချင်ကြဘူးနစ်ဖက်စလုံးကိုယ်ချင်းစာတက်ကြပါစေ
2026-09-16 05:51:02
10
Thet 🤍 :
မလုပ်သင့်ပါဘူးဗျ။ ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းတွေ နှမြောဖို့ကောင်းပါတယ်
2026-09-16 07:33:26
0
To see more videos from user @kachinnewsgroup, please go to the Tikwm
homepage.