@myatthunews: သင်္ဃန်းကျွန်းမြို့နယ်တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရုတ်တရက် ဆုံးမှုအတွက် ရုပ်အလော ကို မီးသင်္ဂြိုဟ်ခါနီးမှ သံသယဖြစ်စရာ တွေ့ရှိခဲ့သည့်အတွက် အမှုဖွင့်ကာ ဆေးရုံသို့ ပြန်လည်သယ်ဆောင်၍ ရင်ခွဲစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ မဘီဇော်လီ (၂၃ နှစ်) ရုတ်တရက် ဆုံးခဲ့ရာ ရုပ်---အား ခင်ပွန်းဖြစ်သူဘက်မှ ဆွေမျိုးများက ရေဝေးသုဿာန်ရှိ အအေးခန်းသို့ ပို့ဆောင်ထားရှိခဲ့သည်။ မီးသင်္ဂြိုဟ်မည့်နေ့တွင် သေဆုံးသူ၏ အစ်မဝမ်းကွဲဖြစ်သူက ရုပ်အလော ၏ မျက်နှာပေါ်ခြုံထားသော ပုဝါကို လှန်ကြည့်စဉ် လည်ပင်းညာဘက်၌ ထိုးသွင်းဒဏ်ရာများ တွေ့ရှိခဲ့ရာမှ သံသယဖြစ်ကာ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ "၈ ရက်နေ့ကထိ သူအလုပ်လုပ်နေတယ်ဆိုပြီး စကားပြောဖြစ်သေးတယ်။ ၉ ရက်နေ့မှာ သူ့ယောကျ်ားဘက်က တေပြီဆိုပြီး ဖုန်းဆက်လာတာ။ သင်္ဂြိုဟ်မယ့်နေ့မှာ သူ့အစ်မဝမ်းကွဲက သွားကြည့်တာ ရုပ်အလ မှာ ဒဏ်ရာတွေတွေ့လို့ ရဲခေါ်ပြီး ပြန်စစ်ရတာ" ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သေဆုံးသူ မဘီဇော်လီမှာ အိမ်ထောင်ကျသည်မှာ ၆ လခန့်သာ ရှိသေးပြီး လက်ရှိတွင် ရုပ်အား ရေဝေးအအေးခန်းမှတစ်ဆင့် စံပြဆေးရုံသို့ ပြန်လည်သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #သင်္ဃန်းကျွန်း #ရန်ကုန်
TK Khaing
Region: MM
Wednesday 16 September 2026 07:22:39 GMT
Music
Download
Comments
Ko Myo Stream :
သေဆုံးကြောင်း လက်မှတ်ရေးထိုးပေးတဲ့ ဆရာဝန်တော့ဘဝပျက်ပြီ
2026-09-16 09:14:14
1083
♊KoKoWin♊)ဒွါရာဝတီသား :
ဘယ့်နှယ် ရုတ်တရက်ဆုံးတာလဲ သေချာစစ်ပြီးမှ အတည်ပြုတာပါ အခုဟာက
2026-09-16 12:14:28
15
Wathan Moe :
သဃ်န်းကျွန်းဘယ်ရပ်ကွက်လဲရှင်
2026-09-16 07:52:23
70
dawchodawcho664 :
မိပြီလို့ပြောနေတယ်သတ်တဲ့သူကို
2026-09-16 12:32:07
92
U Mg Soe :
အသက် 20ကျော်ဘဲ ရှိသေတာ
မျက်မြင် စစ်ဆေးမှူ့မရှိဘဲ လက်
မှတ်ထိုးတာ ပေါ့ဆမှူ့ပါ သင်္ဂြုလ်
လက်မှတ်ထုပ်ပေးတဲ့ ဖွားသေ ဌာနက
ဆရာဝန်လက်မှတ် ရပ်ကွက်ထောက်ခံစာ ပါရင်ထုပ်ပေးပါတယ်
ဆရာဝန် ရာအိမ်မှူး အုပ်ကြီး တို့မှာ
တာဝန်ရှိပါတယ်
2026-09-16 12:45:58
72
thar nge :
သဂြိုလ်မယ့်ရုပ်အလောင်းမာ ဒဏ်ရာတွေ့လို့ဆွေမျိုးက အကူအညီတောင်းတာလေ ဘာတွေသံသယရှိလို့ လဲဟ ခေါင်းစဉ်က
2026-09-16 09:24:52
34
Evelyn🌹🇲🇲 :
သူ့ယောက်ျားက ဘယ်ရောက်
2026-09-16 10:17:23
44
sususan :
ဟင်သနားပါတယ်ဟာတော်သေးတာပေါ့အမတစ်ဝမ်းကွဲလာလိုက်လို့ပေါ့
2026-09-16 08:28:08
247
ဦးပေါက်စ🤫 :
သေဆုံးကြောင်းအသိမှပြုတဲ့ဆရာဝန်ရယ် သူ့ယောကျားရယ် ယောက်ကျားဘက်ကရွှေမျိူးတွေရယ် အဒီကတရားခံက သူ့ယောက်ကျားပဲ
2026-09-16 17:53:42
44
River King :
နောက်က တတားက ပုသိမ် တတားကြီးပါလာ
2026-09-16 09:16:20
9
chitwin yankha :
သေစာရင်းကိုဘယ်သူကထောက်ခံတာလဲးးရပ်ကွက်ကလားးးးသေစာရင်းထောက်ခံတဲ့သူပါတရားစွဲခံရမယ်
2026-09-16 09:15:34
18
Htet Htet(official)💗 :
ကျမတို့ရပ်ကွက်ထဲကပါ သတင်းစကြားထဲက
တော်တော်စိတ်မကောင်းဖစ်နေတာ
အမှုမှန်အမြန်ဆုံးပေါ်ပါစေ💚
2026-09-16 12:28:12
32
Aye Aye :
သဃ်န်းကွန်းဃရပ်ကွက်ပါရှင့်
2026-09-16 08:13:48
21
DawMarMarMyint :
အမှူ့မှန်ပေါ်ပါစေ
2026-09-16 08:10:04
177
မိုးမြေ44 :
ဆက်တင်ပေးအုန့းနော် ဘယ်သူသတ်လဲဆိုတာ စိတ်ဝင်စားတယ်
2026-09-16 14:46:53
6
user9368595502736 #️⃣#️⃣ :
သေချာဖေါ်ထုပ်ပါ
2026-09-16 08:00:17
63
dawseinaye49 :
အမူမှန်အမြန်ပေါ်ပေါက်ပါစေ
2026-09-16 08:26:37
75
Chit Lay :
သေတဲ့အကြောင်းထောက်ခံတဲ့လူကိုပါတရားစွဲရမှာ
2026-09-16 10:58:08
60
စောဂျဲလီမင်း :
အမှု့မှန်ပေါ်ရင် ပါဝင်ပတ်သက်သူအားလုံးကိုထိထိရောက်ရောက်အရေးယူပေးပါ
2026-09-16 10:10:29
16
Har nar :
အဲ့လိုဒဏ်ရာပါတာကိုရေခဲတိုက်ကဘာအထောက်ထားမှမရှိလက်ခံတာလား
2026-09-16 09:09:49
20
AungKyawSan :
အမှူမှန်အမြန်ပေါ်ပေါက်ပါစေ
2026-09-16 08:54:32
23
Eros :
လူသေ လူသတ်မှုပါဆိုမှ သေဆုံးသူနာမည်ကို မဘီဇော်လီကို
မဇာဘော်လီဆိုပြီး ခနခနမှားဖတ်နေတာ 😓
2026-09-16 17:47:02
6
Ko Than Htet :
သတင်းရရင်ပြန်တင်ပေးပါ
2026-09-16 08:57:12
21
ညိုမာတင် :
လူတွေလဲလင်မယားချင်းမောင်နှမချင်းတောင်ကြောက်လာပြီကိုလဲသက်န်းကျွန်းကပါသနားပါတယ်ရက်စက်လိုက်တာ
2026-09-16 09:00:59
19
Ksw :
တရားမျှတမှုရှိပါစေ အမှုမှန်ပေါ်ပါစေ
2026-09-16 08:58:01
10
To see more videos from user @myatthunews, please go to the Tikwm
homepage.