@acharya.devendra:

Acharya Devendra Sharma
Acharya Devendra Sharma
Open In TikTok:
Region: MU
Wednesday 16 September 2026 08:24:07 GMT
315
26
1
0

Music

Download

Comments

To see more videos from user @acharya.devendra, please go to the Tikwm homepage.

Other Videos

🚨 Gmail အကောင့်နာမည်ပြောင်းချင်သူများအတွက် သတင်းထူး - အကောင့်သစ်ဖွင့်စရာမလိုဘဲ Email Address ပြောင်းလို့ရပြီ 🚨  ​
🚨 Gmail အကောင့်နာမည်ပြောင်းချင်သူများအတွက် သတင်းထူး - အကောင့်သစ်ဖွင့်စရာမလိုဘဲ Email Address ပြောင်းလို့ရပြီ 🚨 ​"ငယ်ငယ်က စိတ်ကူးပေါက်ရာ ပေးခဲ့တဲ့ Gmail နာမည်ကြီးကို လူကြီးဖြစ်လာမှ ပြန်ကြည့်ပြီး ရှက်နေရပြီလား?" 😅 ​ဒါမှမဟုတ် လုပ်ငန်းခွင်ဝင်တော့မယ်ဆိုမှ ကိုယ့်အီးမေးလ်ကြီးက ကြောင်တောင်တောင်ဖြစ်နေလို့ အကောင့်အသစ်ဖွင့်ရမလို ဖြစ်နေပြီလား? ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းလာပါပြီ။ Google က နှစ်ပေါင်းများစွာ မရခဲ့တဲ့ "Gmail Address အဟောင်းကို အသစ်ပြောင်းခွင့်" feature ကို စတင်ခွင့်ပြုပေးလိုက်ပါပြီ။ 🎉 ​✅ ဘာတွေထူးခြားသွားမလဲ? အရင်ကဆို နာမည်မကြိုက်ရင် အကောင့်အသစ်ဖွင့်၊ Data တွေအကုန်ပြောင်းရနဲ့ အလုပ်ရှုပ်ပါတယ်။ အခု feature အသစ်အရ - ​လက်ရှိသုံးနေတဲ့ Google Photos, Drive, Emails အချက်အလက်တွေ ဘာတစ်ခုမှ မပျောက်ပါဘူး။ ​Login ဝင်တဲ့အခါ အီးမေးလ်အဟောင်းရော၊ အသစ်ရော နှစ်ခုလုံး ကြိုက်တာနဲ့ ဝင်လို့ရနေဦးမှာပါ။ ​🛠️ ဘယ်လိုပြောင်းရမလဲ? ဒီ Feature ကို Google က လူတိုင်းဆီ တဖြည်းဖြည်းချင်း (Roll out) ပေးနေတာမို့ ကိုယ့်အလှည့်ရောက်မရောက် အရင်စစ်ဆေးကြည့်ပါ။ ​1️⃣ myaccount.google.com ကို သွားပါ။ 2️⃣ Personal Info ကို နှိပ်ပါ။ 3️⃣ Contact Info အောက်က Email ဆိုတဲ့နေရာကို ဝင်ပါ။ 4️⃣ Google Account email ကို ထပ်နှိပ်ပါ။ 5️⃣ အဲဒီမှာ ✏️ (Edit Icon) လေးပေါ်နေရင် ဒါမှမဟုတ် "Change your Google Account email address" လို့ တွေ့ရင် သင် နာမည်ပြောင်းလို့ ရပါပြီ။ ​⚠️ သတိထားရမည့် အချက်များ နာမည်ပြောင်းလို့ရပြီဆိုပေမဲ့ စည်းကမ်းချက်လေးတွေတော့ ရှိပါတယ်နော်။ ​၁၂ လ (တစ်နှစ်) အတွင်း ပြောင်းထားတဲ့နာမည်ကို ပြန်ပြောင်းတာ၊ ဖျက်တာ လုပ်လို့မရပါဘူး။ (သေချာ စဉ်းစားပြီးမှ နာမည်ပေးပါ)။ ​အကောင့်တစ်ခုကို စုစုပေါင်း (၃) ကြိမ်အထိ (မူလလိပ်စာပါပေါင်းရင် ၄ ခုအထိ) ပဲ ပြောင်းခွင့်ရှိပါတယ်။ #fypシ #ZMM #gmail #fyp

About