@koko84831: ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင် အကုသိုလ်ကံတွေ ကြီးမားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။ မကယ်နိုင်ဘူး။ ကုသိုလ်မပါရင်လည်း မြတ်စွာဘုရားက မ,မစနိုင်ဘူး။ လောကမှာ ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။ တကယ်ကတော့ ဘုရားသခင်က မ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။ ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ။ တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင်… ဒါလည်း မှားယွင်းတဲ့အမြင် တစ်ခုပဲနော်။ ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။ ကြည့်လေ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊ တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို “ဧဟိ ဘိက္ခု - ချစ်သား ရဟန်း လာခဲ့” လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး လှူ ပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။ လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။ အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။ ပုံဝတ္ထုလေးတစ်ခု ရှိတယ်။ သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်။ မ,ချင်တော့ ဘယ်လိုလုပ်တုန်းဆိုရင် အဲဒီလူက ဒီလမ်းကနေ အမြဲတမ်းသွားတယ်။ သွားတိုင်းသွားတိုင်း သူက အပေါ်မော့ပြီး သွားလေ့ရှိတယ်။ ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး ပစ္စည်းလေးတစ်ခုကို အပေါ်မှာ ချိတ်ထားတယ်။ အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ? ငုံ့သွားတယ်။ ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး နောက်ရက်ကျတော့ အောက်ချထားပေးတယ်။ အဲဒီကျတော့ မော့သွားပြန်ရော။ ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။ ကူညီချင်လို့ မရဘူး။ ကံက မပေးရင် ဘာမှ မရဘူး။ ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။ “မာဃလုလင်” ရဲ့ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။ မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။ သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်းအလှပြင်ပြီး နေတာ။ ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။ မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။ သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။ ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်။ ဗျိုင်းဆိုတာမျိုးကလည်း ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။ ပါဏာတိပါတကံ ကျူးးလွန်တဲ့ အကောင်မျိုး။ “ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။ သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။ ဒီအတိုင်း ခေါ်လို့မရဘူး။ ဘာလုပ်ရလဲ? သီလကျင့်ရတယ်။ သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက လွတ်ပြီး လူ့ဘဝရောက်လာတယ်။ လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။ နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတယ်။ သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက်သွားတာလေ။ အဲဒီတော့… ဘာလုပ်ရမတုန်းဆို “ကုသိုလ်”ပဲ လုပ်ရတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏 #ကုသိုလ်တစ်ခုနေ့စဥ်ပြု။

🙏🏻သံသရာခရီးသည်🙏🏻
🙏🏻သံသရာခရီးသည်🙏🏻
Open In TikTok:
Region: MM
Wednesday 16 September 2026 13:08:03 GMT
37597
6314
138
196

Music

Download

Comments

m2teddy
EiM Mon :
ငယ်ငယ်တုန်းကငါးပါးသီလကိုဘုရားကန်တော့ပြီးရွတ်ဆိုလိုက်ရုံနဲ့ကုသိုလ်တွေရပြီထင်ခဲ့တာ အသက်ကြီးလာတော့တရားတော်တွေကြောင့်ငါးပါးသီလကိုနှုတ်ကရွတ်ဆိုရုံမရပဲကိုယ်တိုင်ကျင့်သုံးရမယ်ဆိုတာသဘောပေါက်လာခဲ့ပါတယ်🙏🙏🙏
2026-09-17 16:54:36
10
sipo2006
Mg Sr Si :
ပရိက္ခရာရှစ်ပါးမသိလို့ပြောပြပါလား🥺
2026-09-17 15:43:38
1
dawsai615
KHUN.CHAN.LIN :
သာဓုသာဓုသာဓုပါအရုင်ဘုရား🙏🙏🙏 တပည့်တော်စဆုံးထိဖတ်ပါတယ်ဘုရား🙏🙏🙏
2026-09-17 16:38:08
4
shwe.hlaing.moe2
Rose🌹 :
မှန်လှပါဘုရား🙏🙏🙏
2026-09-17 09:08:42
2
nayzaw.jr
Nay Zaw .JR🇧🇷 :
သာဓု သာဓု သာဓုပါအရှင်ဘုရား
2026-09-18 12:23:32
2
kyaw269549
kyaw :
ဦးချကန်တော့ပါ၏ အရှင်ဘုရား
2026-09-17 13:08:51
1
gju2020
khin Soe yee :
တင်ပါဘုရား 🙏🙏🙏
2026-09-17 13:01:25
1
dee287891
♈K♈ :
ကုသိုလ်တွေရအောင်ကြိုးစားအားထုတ်ပါ့မယ်ဘုရား🙏🙏🙏
2026-10-01 00:06:48
1
daw.san.myint7773
Daw San Myint :
ဆရာတော်ဘုရား သက်တော် ရာကျော်ရှည်ပါစေ
2026-09-17 13:32:00
1
soung8243
သံသရာခရီးသည်🌅 :
မှန်လှပါ ဘုရား 🙏🙏🙏🙏🙏
2026-09-17 11:16:48
1
ma.thin1706
ma thin :
သာဓုသာဓုသာဓုပါဘုရား
2026-09-18 11:30:02
1
komg85507
Ko Mg :
🙏🙏
2026-09-17 15:11:31
1
sounglwinoo4
SanDa :
မှန်လှပါဘုရားဆရာတော်ဘုရားကြိးသက်တော်ရာကျော်ရှည်ပါစေဘုရား🙏🙏🙏🙏🙏
2026-09-17 15:01:26
2
user071656461
Myo Myo :
မှန်လှပါဘုရား
2026-09-17 13:44:53
1
h.jk7085
H Jk :
2026-09-17 09:58:36
2
wai.yan.kyaw1032
Wai Yan Kyaw :
🙏
2026-09-17 12:12:16
2
swan.swan1870
😈Sai Lin☠😈 :
မှန်လှပါဘုရား🙏🙏🙏
2026-09-17 12:29:14
1
zayyar9554
zayyar :
2026-10-04 02:54:08
1
ma.thin1706
ma thin :
ဆရာတော်ကြီးသက်တော်ရာကျော်ရှည်ပါစေ
2026-09-18 11:30:36
1
maymaytnoe2
May Myat Noe :
🙏🙏🙏🥰
2026-10-08 10:20:19
1
user5693555500615
🥀S P🌻 :
🙏🙏🙏သာဓုသာဓုသာဓုပါအရှင်မြတ်ဘုရား🙏🙏🙏🙏🙏🙏🙏🙏
2026-10-08 14:07:09
0
user2800836188790
အောင်🥰 :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါ
2026-10-06 03:48:31
1
khin.zin3825
khing zin ..official ✅ :
မှန်တယ် 😘
2026-09-30 07:17:34
1
user7475220454209
ဒေါ် သန်း :
🙏🙏🙏
2026-10-06 03:34:53
1
ei.thae.phyu.77
"Ei` Thae Phyu`` 77" :
🥰🙏🌺🙏🌺🙏🌺
2026-09-17 14:38:43
0
To see more videos from user @koko84831, please go to the Tikwm homepage.

Other Videos


About