@readwithjinko: လူတချို့ဆီမှာ ကိုယ့်အကြောင်းကို ဟုတ်တာရော မဟုတ်တာရော ဝေဖန်တိုက်ခိုက်တဲ့ စကားတွေ ပြန်ကြားရတဲ့အခါတွေ ရှိတယ်။ အရင်တုန်းကဆို အဲ့ဒီစကားတစ်ခွန်းချင်းစီကို ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုလို သဘောထားပြီး မျက်နှာချင်းဆိုင် ဖြေရှင်းတတ်တယ်။ ဒါပေမယ့် အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ ကိုယ့်စိတ်ကိုယ် သေချာပြုစုပျိုးထောင်ခဲ့တယ်။ လူတိုင်းကို ကိုယ့်အကြောင်း နားလည်အောင် လိုက်ရှင်းပြနေစရာ မလိုဘူး။ လူတိုင်းပြောတဲ့စကားတိုင်းကိုလည်း ကိုယ်က လိုက်ခံစားပေးနေစရာ မလိုဘူး။ ဘုရားရှင်တောင် ပေးဆပ်ရမယ့် ကံဝဋ်ကြွေးရှိခဲ့ရင် မလွဲမသွေ ပေးဆပ်ခဲ့ရသေးတာပဲ။ ကိုယ့်လို သာမန်ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ ဝေဖန်ခံရတာ၊ အထင်လွဲခံရတာ၊ တိုက်ခိုက်ခံရတာတွေက ကိုယ်ပေးဆပ်ရမယ့် ဝဋ်ကြွေးတစ်စိတ်တစ်ပိုင်းလို့ လက်ခံလိုက်တာက ပိုပြီးငြိမ်းချမ်းတယ်။ လမ်းမှာ သူတို့ကိုတွေ့ရင် ပြုံးလည်း မပြတော့သလို နှုတ်ဆက်ဖို့လည်း မလိုတော့ဘူး။ မုန်းလို့ မဟုတ်သလို ပြန်တိုက်ခိုက်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ကိုယ်တိုင်တန်ဖိုးထားတတ်လာလို့ပဲ။ သူတို့ပြောချင်တာ ပြောပါစေ။ သူတို့ထင်ချင်သလို ထင်ပါစေ။ ကိုယ်ကတော့ ကိုယ့်ဘဝကိုယ် ဆက်နေမယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်နေမယ်။ သူတို့ပြောနေသမျှကို ကိုယ်က ပြန်ကြားနေရသေးပေမယ့် အရင်လို ဒေါသထွက်မနေတော့တာ၊ ပြန်ရှင်းပြချင်စိတ် မရှိတော့တာ၊ ပြန်တိုက်ခိုက်ချင်စိတ် မရှိတော့တာက တကယ့်လွတ်မြောက်ခြင်းရဲ့ အနှစ်သာရဖြစ်မယ်ထင်တယ်။ #foryoupage #jinkoprose #tiktok #myanmartiktok🇲🇲🇲🇲 #japan
JinKo Prose
Region: JP
Wednesday 16 September 2026 15:28:43 GMT
Music
Download
Comments
Luca♍🍀 :
ကောင်းတာလုပ်လည်းအပြောမလွတ် မကောင်းတာလုပ်လည်းအပြောမလွတ် အဲ့တော့အရာရာတိုင်းလိုက်ခံစားဖို့မတန်တဲ့သူတွေကိုဥပ္ခကာပြုလိုက်တာအကောင်းဆုံးပဲလေနော်
2026-09-16 15:53:53
5
Su Khaing :
စာသားလေး ကြိုက်လို့ပြန်တင်ပါရစေရှင့်🥰🥰🥰
2026-09-17 05:09:22
1
Hein :
💐💐💐🌹🌹🌹🌷🌷🌷🌻🌻🌻
2026-09-18 07:34:36
1
𝓐𝔂𝓮 𝓛𝓪𝔂 :
စာသာလေးလေးပြန်တင်ခွင့်ပြုပါရှင်
2026-09-17 10:19:16
1
`Thar Thar *** :
စာသားလေးလိုချင်လို့ပါခင်ဗျာ🥰
2026-10-11 07:13:28
1
🫶10:10🍁 :
နေ့တိုင်းတင်ပေးပါ စာသားတွေဖတ်လို့ကောင်းလို့ပါ🍀🍀🍀
2026-09-17 00:10:47
1
SMT :
အေးချမ်းမှု အနှစ်သာရတစ်ခု...
2026-09-17 03:12:43
2
ℂ𝕙𝕣𝕪𝕤𝕒𝕟𝕥𝕙𝕖𝕞𝕦𝕞 :
🥺
2026-09-16 23:35:04
1
Soi Soi Kham :
😔
2026-09-16 15:38:07
1
Sapal Phyu :
ကျေအောင်ဆပ်နေပါတယ်
2026-09-17 13:12:03
1
🇳🇱🌷𝓷𝓪𝔀𝓭𝓮𝓮𝓷𝓪𝓻🌷🇳🇱 :
နားလည်းမထောင်သလို မကြားချင်ယောင်ဆောင်လိုက်တယ် ကိုယ့်အလုပ်ကိုလုပ်တယ် ကိုယ့်လမ်းကိုလျှောက်တယ် လစ်လူရှုတက်လာတယ်
2026-09-16 15:51:46
3
Naw Wah Paw :
🥺
2026-09-16 17:39:18
1
Lawoonshwesinmyint (offical)✅ :
ယူမယ်နော်
2026-09-17 02:37:41
1
kkk🍊 :
ဟုတ်
2026-09-16 15:57:12
1
❤️🇨🇳💚🤫🤫🤫 :
ကိုမှန်ပါတယ်လို့ရှင်းပြမနေတော့ပါဘူး
ကိုမှန်နေလည်းသူတို့ကိုအမှန်ပဲပေးလိုက်ပါတယ်စိတ်ချမ်းသာသွားအောင်
2026-09-17 00:37:24
1
ꪑ᭄❥張淑玉ᥫ᭡シ︎ :
ဟုတ်တယ်၊ မှန်တယ်.. နားလည်အောင် ရှင်းပြမနေဘူး၊ မောတယ်။ သူတို့ပြောတဲ့စကား ပြန်ကြားရင်လည်း ခံစားမနေဘူး၊ ပူလောင်တယ်။ သူတို့ပြောတာတွေအတွက် ကိုယ့်ဘက်က အချိန်ကုန်ခံပြီး ရှင်းပြနေတာက အလကားပဲ၊ ကိုယ့်စိတ်ကို အေးချမ်းအောင် ထားလိုက်တာကမှ အကောင်းဆုံး အဖြေပဲ...🥰👍
2026-09-16 17:59:14
1
Win Pa Pa Kyaw :
အဲ့လိုတွေအကြိမ်ပေါင်းများစွာဖြစ်ခဲ့ရလို့
အဆင်ပြေအောင်ပဲနေတတ်နေပါပြီ🙂
2026-09-16 15:33:31
1
🫶10:10🍁 :
ကိုယ်ရိုသေရတဲ့ လူအထင်မှားရင်တော့ အကျိုးအကြောင်းရှင်းပြချင်တယ် 🍀
စိတ်ထဲမရှိရင်တော့ မရှင်းနေတော့ဘူး🍀
2026-09-17 00:13:44
4
Su Lay May :
ဘဝကိုရှေ့ဆက်လျှောက်နေရမှာမို့ ဘဝမှာအထိရှကင်းနိုင်သမျှကင်းအောင်နေမယ်😊
2026-09-16 15:40:59
1
🍀Mo & Naw😘🍀S Y M Fan girl🍀 :
စာသားလေးလိုချင်ပါတယ်ရှင့်😘
2026-09-16 22:30:23
1
Nyinge :
ပြန်တငခ်ွင့်ပြုပါဗျ crdပေးပါ့မယ်
2026-10-21 02:25:02
2
user85132632793205 :
အရင်ကဆိုပြောသမျှလိုက်ခံစားနေရ ခုဆို Don't Care နေတတ်သွားပြီ 😁😁🥰
2026-09-18 16:29:29
1
¿ :
ဘာမှဂရုမစိုက်တဲ့ကျွန်မခါလေကျတော့ပတ်ဝန်းကျင်ကစိတ်ပင်ပမ်းမှုပေးတယ်ရှင်သန်ရတဲ့ခါ
2026-09-23 15:00:03
1
@your-princess 🤭🥰🥰🥰 :
စာသားလေးပြန်တင်ပါရစေနော်
2026-10-26 10:43:34
0
MOE☘️ :
စာသားလေး ပြန်တင်မယ်နော်သဘောကျလို့🥰
2026-09-16 17:12:57
0
To see more videos from user @readwithjinko, please go to the Tikwm
homepage.