@khanttt81: ကမ္ဘာကြီးပေါ်မှာ လူတွေအများကြီးပါ ဒီတစ်ယောက်နဲ့ ဝေးခဲ့ရင်လည်း နောက်တယောက်နဲ့ ထပ်ဆုံ နိုင်ပြီး ထပ်ချစ်ဖြစ်ဦးမှာပဲ ။ ဒါပေမယ့် ဘာလို့ ဒီလူနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေလဲဆို ရင် အသက်တွေကြီးလာမယ့် အနာဂတ်အထိကို ကြိုတွေးထားမိလို့ပါ ။ နေပူပူ မိုးရွာရွာ ခါးလေးဖက် လက်လေးတွဲပြီး သွားရမယ့် မြင်ကွင်းကို ပုံဖော်မိတိုင်း သူ့ ဘေးကလူဟာ ကိုယ်ပဲဖြစ်ချင်တယ် ။ ဘာလေးဝတ် ဘယ်လိုလေးသွားဆိုပြီး သူ့ရဲ့အင်္ကျီ အသုံးအဆောင် ဖိနပ်လေး နာရီလေးကအစ သူ့အကြိုက်အတိုင်း စီစဉ်ဝယ်ခြမ်းပြီး ဆင်မြန်းပေးရတဲ့သူက ကိုယ်ပဲဖြစ် ချင်တယ် ။ လက်တွဲဖော်တစ်ယောက်ရဖို့များ အားစိုက်ထုတ်စရာမလိုဘဲ ပိုလွယ်တဲ့သူကိုပဲ ရွေးချယ်လို့မရဘူးလား မဟုတ်ဘူး ရပါတယ် ။ ဘဝခရီးရဲ့ အဓိပ္ပါယ်တွေကတော့ အများကြီး ခြား နားသွားတယ် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ ညှိယူရတဲ့ အခြေအနေတွေ ခက်ခဲလိုက်တာလို့ထင်တဲ့ အခိုက်အတန့်တွေ စောင့်ဆိုင်းရတဲ့ကာလတွေ ကွာဟနေတဲ့မတူညီမှုတွေက များပါလိမ့်မယ် ။ ဘယ်လောက်ပဲများများ အတူတူအိုမင်းသွားခွင့်ရမယ့် အနာဂတ်ခရီးရှည်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတာဟာ မပြောပလောက်တဲ့ အချိန်အပိုင်းအခြား လေးပါပဲ ။ ပင်ပန်းရတာတွေရှိလည်း ဘာလို့လွှတ်မချတမ်း ဆုပ်ကိုင်ထားနေလဲလို့ မေးရင် "အန်တီကြီး ဦးလေးကြီး"အရွယ်တွေ ရောက်တဲ့အချိန်ထိ ကိုယ့်ဘေးနားမှာ ရှိစေချင်တဲ့သူက မင်းဖြစ်နေလို့ပဲလေ အချစ်ရယ် ။ @Cozy life with k&s ☕️ #စာရှည် #စာသား #crd #fyp #foryou
Cozy life with k&s ☕️
Region: MM
Thursday 17 September 2026 02:43:42 GMT
Music
Download
Comments
Cozy life with k&s ☕️ :
ကမ္ဘာကြီးပေါ်မှာ လူတွေအများကြီးပါ
ဒီတစ်ယောက်နဲ့ ဝေးခဲ့ရင်လည်း နောက်တယောက်နဲ့
ထပ်ဆုံ နိုင်ပြီး ထပ်ချစ်ဖြစ်ဦးမှာပဲ ။
ဒါပေမယ့်
ဘာလို့ ဒီလူနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေလဲဆို ရင်
အသက်တွေကြီးလာမယ့် အနာဂတ်အထိကို ကြိုတွေးထားမိလို့ပါ ။
နေပူပူ မိုးရွာရွာ ခါးလေးဖက် လက်လေးတွဲပြီး
သွားရမယ့် မြင်ကွင်းကို ပုံဖော်မိတိုင်း သူ့ ဘေးကလူဟာ
ကိုယ်ပဲဖြစ်ချင်တယ် ။
ဘာလေးဝတ် ဘယ်လိုလေးသွားဆိုပြီး
သူ့ရဲ့အင်္ကျီ အသုံးအဆောင် ဖိနပ်လေး နာရီလေးကအစ
သူ့အကြိုက်အတိုင်း စီစဉ်ဝယ်ခြမ်းပြီး ဆင်မြန်းပေးရတဲ့သူက
ကိုယ်ပဲဖြစ် ချင်တယ် ။
လက်တွဲဖော်တစ်ယောက်ရဖို့များ အားစိုက်ထုတ်စရာမလိုဘဲ
ပိုလွယ်တဲ့သူကိုပဲ ရွေးချယ်လို့မရဘူးလား
မဟုတ်ဘူး ရပါတယ် ။
ဘဝခရီးရဲ့ အဓိပ္ပါယ်တွေကတော့ အများကြီး ခြား နားသွားတယ်
ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ ညှိယူရတဲ့ အခြေအနေတွေ
ခက်ခဲလိုက်တာလို့ထင်တဲ့ အခိုက်အတန့်တွေ စောင့်ဆိုင်းရတဲ့ကာလတွေ ကွာဟနေတဲ့မတူညီမှုတွေက များပါလိမ့်မယ် ။
ဘယ်လောက်ပဲများများ အတူတူအိုမင်းသွားခွင့်ရမယ့်
အနာဂတ်ခရီးရှည်ကြီးနဲ့ ယှဉ်လိုက်ရင်တော့
ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတာဟာ မပြောပလောက်တဲ့
အချိန်အပိုင်းအခြား လေးပါပဲ ။
ပင်ပန်းရတာတွေရှိလည်း ဘာလို့လွှတ်မချတမ်း
ဆုပ်ကိုင်ထားနေလဲလို့ မေးရင်
"အန်တီကြီး ဦးလေးကြီး"အရွယ်တွေ ရောက်တဲ့အချိန်ထိ
ကိုယ့်ဘေးနားမှာ ရှိစေချင်တဲ့သူက မင်းဖြစ်နေလို့ပဲလေ အချစ်ရယ် ။
2026-09-17 13:11:28
36
🐬 :
အာဘွား ကိုကို😚
2026-09-18 14:11:43
0
La Pyae 15.5.2000 :
ပြန်တင်မယ်နော်ညီအကို
2026-09-18 13:33:13
2
🎀Auri🎀💐 :
အိပ်ကြတာ့လေ မနက်အစောကြီးထရမာနော် ☺
2026-09-18 15:16:01
5
PaiNowhere ♓ :
စာသားလေး ပေးပါလား
2026-09-17 06:41:18
6
꧁࿇♥𝓜𝓰 𝓢𝓪𝔂☠︎︎シ︎꧂ :
စာသားလေးပြန်ယူတင်ချင်လို့ရမလားbro
2026-09-18 03:49:38
3
🕷️peter🕷️-數|•𐙚『ပီတာ』ᥫ᭡🖤 :
ယူသုံးမယ်နော် bro 😁
2026-09-18 11:23:00
2
Tangbau San Awng :
ပြန်တင်မယ် bro
2026-09-18 15:20:26
2
Hein✓ :
ဒါပေါ့ဗျာ......။
2026-09-18 09:51:58
2
❤️🩹🫶ကလေးမ ရဲ့ ကိုကို🫶❤️🩹 :
ကြိုက်တယ်ဗျာ
ပြန်တင်မယ့်နော် 🙏🏻
2026-09-17 15:01:56
3
Daw April 🎸🧋💛🇲🇫 :
လမ်းခွဲမယ်လိုပြောတိုင်းသဘောပါတဲ့ကောင်းပါပြီတဲ့ဆွဲထားဖို့နေနေသာသာအါ့တာကတစ်ကယ်ချစ်တာလား🥺🥺🥺
2026-09-18 15:09:56
0
🦋Řüɓî🦋🤍 :
စာသား လေးပြန်ယူတင်ချင်လို့ရမလားအကို
2026-09-18 18:23:52
1
𝚂𝙰𝙸 𝙺𝙰𝚄𝙽𝙶 𝙺𝙷𝙰𝙼🦇 :
စာသားလေ🙁
2026-09-17 11:29:42
1
Min@11223 :
စာသားယူသုံးပါရစေဗျာ
2026-09-18 02:05:35
1
Bo win :
စာသားလေး ယူသုံးပါရစေဗျာ brother
2026-09-18 00:30:38
1
Hein Min Bo :
ယူသုံးမယ်နော်🥰
2026-09-18 02:51:58
1
Min Khant :
card ပါရစေ အကို🍀🍀
2026-09-17 15:39:22
1
Shine Htet Aung :
Card ပါရစေ bro 🫶❤️
2026-09-17 14:56:08
1
Cozy life with k&s ☕️ :
2026-09-17 06:32:16
1
𝕯𝖚𝖙𝖎𝖞𝖆 𝕷𝖚💔 :
ဒီစာလေးဖတ်ပီးငါမျက်ရည်ဘာလို့ဝဲမိပါလိမ့်🥺
နှစ်ယောက်အတူပျော်ရွင်မှုတွေကနေဝမ်းနည်းစရာလမ်းခွဲမှုတွေမဖြစ်ပါရစေနဲ့🥺
2026-09-19 02:53:12
0
Yadanar :
စာသားလေး copy ယူချင်လို့ပါ
2026-09-19 03:50:31
0
🦋🦋🦋 ပါးချစ်မဝလေး🦋🦋🦋 :
@မားရဲ့ချစ်မဝလေး😘
2026-09-19 03:27:06
0
Thaw Dar Zin :
ပြန်တင်မယ်နော်
2026-09-19 03:46:31
0
same... :
မဖတ်ချင်ဘူးးးးပျင်းတယ်😔 အသံနဲ့ ဟာလုပ်ပေး
2026-09-19 02:55:56
0
☃️ Nang Soung Cherry Oo (樱花)🍒 :
စာသားလေးပေးပါရှင့်
2026-09-19 02:57:10
0
To see more videos from user @khanttt81, please go to the Tikwm
homepage.