@thel.nu.cho.wai: ကိုယ့်ဆီကို လာရကောင်းမှန်းမသိတဲ့ ယောကျ်ား တစ်ယောက်ဆိုရင် လက်လွှတ်လိုက်တဲ့ ။ ဒီစကားကို တစ်နေရာရာမှာ ကြားဖူးတယ်။ ကိုယ်ကချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် မိန်းကလေးသာ ဖြစ်တာ အလျော့ပေးချင်တယ်၊ညှိနှိုင်းချင်တယ်၊ဘာမှမဟုတ်တဲ့ပြဿနာတွေနဲ့ အငြင်းမပွါးချင်ဘူး ၊ကတောက်ကဆ တွေမဖြစ်ချင်ဘူး ။ ဒါကြောင့် ချစ်ခင်ရတဲ့ သူအပေါ်လည်း ဘယ်သူကစပြီး ခေါ်ရတယ်၊ဘယ်သူကစပြီး ညှိနှိုင်းရတယ်၊ ဘယ်သူကအရင် ကျေအေးပေးရတယ်ဆိုတာတွေကို သိပ်မတွေးနေဘူး ။ ပြေလည်ကြဖို့က အဓိကပဲဆိုတဲ့စိတ်နဲ့ အမြဲဖြေရှင်းတတ်တဲ့လူပေါ့။ ဒါပေမဲ့ ကြာလာတော့မှ သိလာတာဟာ ယောကျ်ားတစ်ယောက်က ကိုယ်နဲ့ ပြဿနာဖြစ်လို့၊ကတောက်ကဆ ဖြစ်လို့ ၊ ဝေးကွာနေကြလို့ ၊ အဆင်မပြေကြတော့တဲ့အခါ ကိုယ့်ဘက်က ထွေထွေထူးထူး ပြစ်မှုကျူးလွန်ထားတာမဟုတ်ရင် အဲ့ယောကျ်ားကိုသာ ကိုယ်နဲ့နီးစပ်ဖို့ ကြိုးစားခွင့် ကိုယ့်ဆီကို လာဖို့ရွေးချယ်ခွင့် သူ့ကိုသာပေးလိုက်ဆိုတာပဲ ။ အချစ်ရေးမှာ မိန်းကလေးတွေဘက်က ကြိုးစားအားထုတ်မှုဆိုတာ အရာမရောက်တဲ့ကြိုးစားအားထုတ်မှုတွေပါပဲ ။ တကယ်လည်း ဘဝအတွက်ရွေးမဲ့လက်တွဲဖော် ယောကျ်ားတစ်ယောက်ဆိုတာ တာဝန်ယူတတ်တဲ့၊ရင့်ကျက်တဲ့ ၊ ကိုယ့်ကို သူ့ဘဝရဲ့အဓိက နေရာတစ်ခုမှာထားပေးနိုင်ပြီး အလေးပေးတတ်တဲ့ သူမျိုးမှာ ကိုယ့်ဘဝအတွက်ရွေးချယ်ဖို့ အဆင်ပြေတာ။ အဲ့လိုမဟုတ်ဘဲ တစ်ခုခုဆို အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်ထက်အရေးကြီးတာတွေပဲ သူ့ဘဝမှာ စီတန်းနေပြီး ကိုယ့်အတွက်တော့ဆင်ခြေတွေ ပဲ ရှိနေတဲ့ ယောကျ်ားတစ်ယောက်ဆိုရင်တော့ လက်လွှတ်ခံလိုက်ပါ။ တစ်ခါတလေ မိန်းမတွေက တွေးတတ်တယ်လေ ။ သူက ဒီလိုဖြစ်နေပေမဲ့ ငါ့ဆီကို မလာပေမဲ့ မပြောပေမဲ့ ငါ့ကိုချစ်မှာပါ ငါ့ကို သတိရနေမှာပါဆိုတာမျိုး နိုးနော် … သူတို့ရဲ့သဘာဝကိုက သူတို့လိုချင် လာလိမ့်မယ်၊သူတို့ပြောချင် ပြောလိမ့်မယ်၊ အဲ့လိုမဟုတ်ခဲ့ဘူးဆိုကတည်းက ကိုယ့်က နေရာမှန်လူမှန်မှာရောက်မနေလို့ပဲ ကိုယ့်ဆီလာရကောင်းမှန်းမသိတဲ့သူ ကိုယ်နဲ့နီးစပ်ဖို့ ကြိုးစားရကောင်းမှန်းမသိတဲ့ သူ ပြေလည်ဖို့ ညှိနှိုင်းချင်စိတ်မရှိတဲ့လူမျိုးဆိုရင် လက်လွှတ်လိုက်တာက အကောင်းဆုံးပဲ #fyp #foryou #crd #500kviews #တန်ဖိုးထားတတ်ကျပါစေ💓
Thel Nu Cho Wai
Region: MM
Thursday 17 September 2026 08:57:37 GMT
Music
Download
Comments
Sa Kyaw Zin Htun :
ကြွေတယ်
2026-09-17 09:46:17
0
U Tun Lin :
2026-09-17 09:06:21
0
Ko Aung Lay :
2026-09-17 09:04:31
0
Ko Aye :
❤️❤️❤️
2026-09-21 08:01:06
0
🍐🍐မောင်ဘူးသီး🍐🍐 :
❤️❤️❤️
2026-09-18 03:30:20
0
Soe moe :
🥰🥰🥰
2026-09-17 09:19:10
0
kyawtunOo :
🥰🥰🥰
2026-09-17 09:05:02
0
Shin Min :
🥰🥰🥰
2026-09-17 09:04:28
0
မေ့မေ့သားဖိုးဝကြီး🏁🏁🏁 :
🥰🥰🥰
2026-09-21 17:41:13
0
To see more videos from user @thel.nu.cho.wai, please go to the Tikwm
homepage.