@zayartbz7news: အမေရိကန်သမ္မတထရမ့်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူး သယ်ဆောင်နေသည့် အဓိက နိုင်ငံအဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို “ထင်ရှားစွာ ပျက်ကွက်”သည့် အမည်ပျက်နိုင်ငံများစာရင်းသို့ ထည့်သွင်း ရန်ကုန်၊ စက်တင်ဘာ ၁၇ အမေရိကန်သမ္မတထရမ့် အစိုးရက မြန်မာနိုင်ငံကို ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်သည့် သို့မဟုတ် ဖြတ်သန်းသယ်ဆောင်သည့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်လိုက်ပြီး ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အလေးအနက် ဆောင်ရွက်ရန် ထင်ရှားစွာ ပျက်ကွက်ခဲ့သည့် နိုင်ငံအဖြစ်လည်း သတ်မှတ်လိုက်ကြောင်း အမေရိကန်အစိုးရက စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အမေရိကန်သမ္မတက အဆိုပါဆုံးဖြတ်ချက်ကို စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန်ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်သည့် သို့မဟုတ် ဖြတ်သန်းသယ်ဆောင်သည့်နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ လာအို၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဗင်နီဇွဲလားနှင့် အခြားနိုင်ငံများ စုစုပေါင်း ၂၃ နိုင်ငံ ပါဝင်သည်။ ယင်းစာရင်းတွင် ပါဝင်ခြင်းသည် သက်ဆိုင်ရာအစိုးရ၏ လက်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်း မှုများကို တိုက်ရိုက်ရည်ညွှန်းခြင်းမဟုတ်ကြောင်း အမေရိကန်အစိုးရက ဖော်ပြထားသည်။ ပထဝီဝင်အနေအထား၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအခြေအနေများကြောင့် မူးယစ်ဆေးဝါး သို့မဟုတ် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ဖြတ်သန်းသယ်ယူခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း ဖြစ်ပေါ်နိုင်သည့်နိုင်ငံများကိုလည်း အဆိုပါစာရင်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။ သို့သော် မြန်မာနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနှင့် ကိုလံဘီယာတို့ကိုမူ ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်များကို လိုက်နာရန်နှင့် သတ်မှတ်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ပြုလုပ်ရန် “ထင်ရှားစွာ ပျက်ကွက်ခဲ့သည်” ဟု သီးခြားသတ်မှတ်ထားသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်တွင် စစ်အုပ်ချုပ်ရေးအဖွဲ့က မူးယစ်ဆေးဝါးစီးပွားရေးကို နှိမ်နင်းရန် သိသာထင်ရှားသည့် ကြိုးပမ်းမှု အနည်းငယ်သာ ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးရင်းမြစ်နိုင်ငံဖြစ်နေပြီး မက်သာဖက်တမင်း (Methamphetamine) ထုတ်လုပ်ဖြန့်ဖြူးသည့် အဓိကနိုင်ငံများထဲတွင်လည်း ပါဝင်နေသည်ဟု အမေရိကန်အစိုးရက ဆိုထားသည်။ ယင်းအချက်များကြောင့် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာတာဝန်များကို “ထင်ရှားစွာ ပျက်ကွက်ခဲ့သည့်” နိုင်ငံအဖြစ် ထပ်မံသတ်မှတ်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် အမေရိကန်၏ အကူအညီပေးမှုသည် လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားအတွက် အရေးပါနေဆဲဖြစ်ကြောင်းလည်း သတ်မှတ်ထားသည်။ အဆိုပါသတ်မှတ်ချက်သည် မြန်မာနိုင်ငံအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်များ ပျက်ကွက်နေသည့် နိုင်ငံအဖြစ် သတ်မှတ်ခြင်းနှင့် သီးခြားဖြစ်သည်။ အမေရိကန်အိမ်ဖြူတော်ကလည်း ၂၀၂၇ ဘဏ္ဍာနှစ် “Major’s List” တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၃ နိုင်ငံကို မူးယစ်ဆေးဝါးထုတ်လုပ်မှု သို့မဟုတ် အမေရိကန်သို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုနှင့် ဆက်စပ်သည့် အဓိကနိုင်ငံများအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #ပြည်တွင်းသတင်း #zayartbz #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်း
ZayarTBZ 7 News
Region: TH
Thursday 17 September 2026 11:11:47 GMT
Music
Download
Comments
✌Naing Win Aung🤍OfficiaI🍀 :
ရှက်စရာကောင်းတယ်
2026-09-17 13:25:54
3
nyanlynnoo2 :
👍👍👍👍
2026-09-17 11:54:01
2
mmk552 :
အဘဂုဏ်သတင်းကကြီးလို့
2026-09-17 12:33:17
2
kar zaw ko :
အမေရိကန်ပြောတာ
2026-09-17 13:19:34
2
Aung zaw myint :
အမှန်ပါနော်
2026-09-17 12:24:28
2
💎VlP ရေ့ခလေးလေး💎 :
ကောင်လိုက်တဲ့မြန်မာနိုင်ငံသီတင်းကြီး
2026-09-17 17:47:49
0
ရင်ခွင်မဲ့နှလုံးသားZzz Zzz :
2026-09-17 13:42:19
1
user91479787 :
❤️❤️❤️❤️❤️❤️❤️
2026-09-17 13:43:36
1
Myint Oo :
ထိရောက်တဲ့အရေးယူဖို့ဘဲလိုတယ်စာထုတ်လို့ဘာမှမဖြစ်ဘူး
2026-09-17 16:56:08
0
si aung :
ဘယ်လောက်ဘဲလှည့်စားလှည့်စားအချိန်တန်ရင်ပေါ်လာပါတယ်
2026-09-17 13:58:02
0
Than Than :
အမှန်ပါဘဲ
2026-09-17 14:57:02
0
Thura :
ဝယ်နေတာပဲ😁
2026-09-17 16:00:01
1
Nyahmwe :
မဖြစ်စေချင်ဘူး ဖြစ်နေတယ်[Flau][Flau][Flau]
2026-09-17 11:47:31
1
သုည :
2026-09-17 11:44:13
1
@🛩UHtWe🇲🇲Nyine🇲🇾🛩 :
vcg
2026-09-17 14:34:50
0
Bagyan :
အမေရိကန်က တကွက်ပြလိုက်ပြီ ပြီးရင်တော့ ရခိုင်ကဒီထက်ပိုငိုရပြီး အမေရိကန်နဲ့ လက်ရှိအစိုးရက ပိုပြီးထိတွေ့လာပါလိမ့်မယ် အိန္ဒီယကလည်း ကစားပြပါလိမ့်မယ်
2026-09-17 13:14:04
0
Chit Lay :
လေကန်ကလည်းလေနဲ့ဘဲပြီးလက်မပါယင်မကျောက်မှန်းသိသိနဲ့
2026-09-17 18:02:45
0
Myint Oo :
စစ်တပ်အဖွဲ့အစည်းကထုတ်လုပ်သုံးစွဲဖြန့်ဖြူးနေတာပါ
2026-09-17 16:58:13
0
ဝေးရောက်ချစ်သူ :
ရပ်ကွက်တေမှာတရားဝင်းရနေပိး
2026-09-17 15:07:43
0
dawnwesoe196 :
[Like][Like]
2026-09-17 11:57:31
1
Kyaw :
🥰🥰🥰
2026-09-17 11:25:45
1
U.Aye.Lwin :
🥰🥰🥰🥰🥰🥰
2026-09-17 15:56:25
0
sfgvdhj897453152 :
😳😳😳
2026-09-17 16:59:10
0
Baby panda :
🥰🥰🥰
2026-09-17 16:15:49
0
ခင်ခင်ေမ :
[Tears of joy][Tears of joy][Tears of joy]
2026-09-17 12:23:03
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.