@mangowingstravel: 🚫👮ရန်ကုန်လေဆိပ်မှာ ဘာပြီးရင် ဘာလာမလဲမသိဘဲ ရမ်းသွားရမယ်ဆိုရင် အခုချက်ချင်း ရပ်လိုက်ပါ။  လေဆိပ်ထဲ ခြေချတာနဲ့ အဆင့်တိုင်းဟာ စစ်ဆေးမှုတွေချည်းပဲ။  ဒီ ၅ ဆင့်ကို ကြိုမမြင်နိုင်ရင် လေယာဥ်လွတ်၊ ပြန်လွှတ်ခံထိနိုင်ပါတယ်။ ✅ ၁။ Check-In ကောင်တာ။  Flight မထွက်ခင် ၄၅ မိနစ် ဒါမှမဟုတ် ၁ နာရီဆို  Check-in ကောင်တာပိတ်ပါတယ်။  ကောင်တာပိတ်ချိန်ကို ကပ်ပြီး မသွားပါနဲ့။ အဆင့်တိုင်းမှာ တန်းစီရမှာဖြစ်လို့ လေဆိပ်ကို အနည်းဆုံး  ၃ နာရီ ကြိုရောက်အောင် သွားပါ။ အလည်သွားမှာဆိုရင် Check-in Counter မှာကတည်းက အပြန်လက်မှတ်ပါမပါ စစ်ပါတယ်။ ___ ✅ ၂။ စစ်ဆေးရေး Immigration ကို မတက်ခင် စက်လှေကားအောက်မှာ  Passport နဲ့ Boarding Pass အပြင် အပြန်လက်မှတ်၊  ဟိုတယ်ဘိုကင် စာရွက်စာတမ်းတွေကို စစ်ပါတယ်။  ဘာလုပ်မလဲ၊ ဘယ်မှာနေမလဲ၊ ဘယ်တော့ပြန်မလဲ ဆိုတာကို  ရှင်းရှင်းလင်းလင်း မဖြေနိုင်တာ စာရွက်စာတမ်းမပြည့်စုံဘူးဆို အဲ့ဒီနေရာကနေ လှည့်ပြန်ရပါတယ်။ အဲ့ဒီနေရာရောက်မှ အိတ်ထဲနှိုက်ရှာမနေပါနဲ့။  Check-in ပြီးတာနဲ့ စာရွက်စာတမ်းတွေကို လက်ထဲမှာ  အဆင်သင့် ကိုင်ထားပါ။ ___ ✅ ၃။ Immigration လဝက။  Passport, Boarding Pass, အပြန်လက်မှတ်၊ Hotel Booking အကုန် ထပ်စစ်ပါတယ်။ ___ ✅ ၄။ Security Check လက်ဆွဲအိတ်စစ်ဆေးခြင်း။  လဝကကို ကျော်လာနိုင်ပြီ ဆိုပြီး သက်ပြင်းမချနဲ့ဦး။  ဒီဂိတ်က လူအများဆုံး အချိန်ကြန့်ကြာပြီး ပြာယာခတ်တတ်တဲ့ နေရာပါ။ လက်ဆွဲအိတ်စစ်ဆေးတယ်။ အရည် ၁၀၀ ml ကျော်တဲ့ ရေမွှေး၊ လိုးရှင်း၊ ရေဘူးတွေပါရင်  အကုန် ထားခဲ့ရပါတယ်။ ဒါတွေကို လေယာဥ်အောက်သယ်မယ့်အိတ်ထဲ ထည့်ရပါမယ်။ ဖိနပ်၊ ခါးပတ်၊ နာရီ ချွတ်ရတတ်လို့ အဆင်သင့်ပြင်ထားပါ။ အိတ်ကိုရှာရလွယ်အောင် ထုပ်ပိုးပါ။ Laptop နဲ့ Power Bank တွေကို  စစ်ဆေးရေးစက်ထဲ အလွယ်တကူ ထုတ်ထည့်လို့ရမယ့် နေရာမှာ အသင့်ထည့်ထားပါ။ ___ ✅ ၅။ Boarding Gate စောင့်ဆိုင်းခန်း။  ကိုယ်စီးရမယ့် Gate ကိုရှာပြီးစောင့်ပါ။  ဒါပေမယ့် လေယာဥ်မထွက်ခင်အထိ ဂိတ်နံပါတ်တွေပြောင်းတတ်တာမို့လို့  ကြေညာချက်တွေအမြဲနားစွင့်ပါ။ ___ 📌လေဆိပ်မှာ ခေါင်းမရှုပ်ရအောင် စာရွက်စာတမ်းကအစ  အကုန်လုံးကို သေချာကြိုတင် ပြင်ဆင်ပေးတဲ့ MangoWings ရှိပါတယ်။  💬အလကားနေရင်း အချိန်နဲ့ငွေ အရှုံးမခံပါနဲ့။  MangoWings ကို အခုပဲ Message ပို့လိုက်ပါ။ "MangoWings - အရှုပ်အရှင်းကင်းတဲ့ လေယာဥ်လက်မှတ်"  #mangowings #yangonAirport #ရန်ကုန်လေဆိပ် #လေဆိပ် #ဘန်ကောက်ခရီး

MangoWings | ကိုမင်း
MangoWings | ကိုမင်း
Open In TikTok:
Region: KR
Thursday 17 September 2026 11:17:37 GMT
604946
65572
89
4354

Music

Download

Comments

nyein_thu2001
Nyein🐛 :
သိချင်လို့ပါ ထားခဲ့ရတဲ့ ပစ္စည်းတွေက ပြန်မရနိုင်ဘူးလား ဥပမာလိုက်ပို့တဲ့သူတွေကိုပြန်ပေးတာမျိုး အဲ့လို ပြန်မပေးဘဲ သူတို့ကပဲ သိမ်းထားတာလား
2026-09-18 01:36:54
181
minkolatt71s
Minkolatt’ :
၃ နာရီလောက်စောပီးကြိုသွားထိုင်စောင့်ရတာပေါ့🤢
2026-09-21 03:22:05
0
marilyn15557
Sarah :
အမြဲဘောပင်ယူဖို့မမေ့နဲ့
2026-09-20 13:26:57
5
maymyatnoekhine56
May 🐨 :
need a tuto for this editing hahaha
2026-09-17 17:53:00
11
thuyaaung2964
myat thu :
နာရီက handcarry ထဲ ထည့်ရတာလား
2026-09-20 13:29:57
0
zwe.htet.hlaing20
ကိုလှရွှေ :
ကျောင်းတက်သွားမှာဆိုရင် အပြန်လက်မှတ်တွေ Hotel ဘိုကင်တွေကဘယ်လိုလို့ရှိမှာလည်း
2026-09-18 03:17:32
29
thuyein816
Majestic :
မှတ်ပုံတင်ရောပြရလားဗျ
2026-09-20 06:18:18
1
littleflower377
Camellia :
Eလိုမေးတာလား မြန်မာလိုမေးတာ လား
2026-09-17 18:05:53
4
yethu4444
khun thara✓ :
ပထမဆုံးသွားတဲ့လူဆိုဂရုတစိုက်သွားပါ။ကိုယ့်နိုင်ငံကအကြောင်းမဟုတ်ပေမဲ့သူများနိုင်ငံရောက်ရင်လဲimmigrationဖြတ်ရပါတယ်ကိုယ်သွားတဲ့နိုင်ငံရဲ့ဘာသာကိုမထစ်မငေါ့ပဲဖြေနိုင်အောင်လုပ်ပါနော်မဟုတ်ရင်သူတို့နိုင်ငံကိုအဝင်မခံပါဘူးမြန်မာပြည်ကိုပြန်လွှတ်ပါတယ်အဲ့လိုဖြစ်သွားရင်ဘယ်သူမှကယ်လို့မရပါဘူးနော်။
2026-09-19 00:47:51
2
jasonfelix575
S 🍀 :
ရန်ကုန်ကနေထိုင်းကိုတစ်ယောက်ထဲတစ်ပတ် ေလာက်အလည်သွားဖို့ passportကpjဖြစ်နေလို့ အဆင်ပြေလောက်လား
2026-09-17 17:49:12
3
johnwick901lk
John Wick :
ငါ့တုန်းက လေယာဉ် မထွက်ခင် 10မိနစ်လောက်မှ သွားတော့ပြာယာခတ်နေတာပဲ။ တော်သေး။ လေယာဉ်မှီလို့
2026-09-18 14:21:24
3
kiraken_369
YesRuewho :
အခုမှ ပြည်ပသွားမဲ့သူဆို immigration ဖြတ်ရင် အဆင်ပြေလောက်လားဗျ solo trip ပုံစံမျိုးပါ age 26
2026-09-18 08:12:24
1
miramaymon
M. 🧩 :
အကယ်လို့ အလုပ်သွားလုပ်တာဆိုရင်ကော အပြန်လက်မှတ်ပြရသေးတာလားဟင်
2026-09-18 05:28:55
0
kaungahk
ɢɪɴɴ :
100ml perfumeကသယ်မရဘူးလား။ ရရင်ကော ဘယ်အိတ်ထဲထည့်သယ်ရမလဲ
2026-09-17 12:46:08
3
bo.bo58330
Hades :
ငွေမတောင်းဖူးလား😁
2026-09-17 22:44:23
2
jjk...999
♈Honey.🇲🇲🇨🇭✈️🇻🇳 :
ရွှေဝတ်ထားလို့ရလား
2026-09-18 09:30:18
0
deardarr.d
White :
ပိုက်ဆံသာ များများ ထည့်သွားကြပါ 😁
2026-09-18 12:37:43
0
ngkyaw7
á´´2á´ź :
ပြည်ပ မဟုတ်ပဲနဲ့ ပြည်တွင်း ခရီးစဥ်ပဲစီးရင်ရောဗျ ဘာတွေလု ပ်ရလဲ မသိလို့မေးတာနော်
2026-09-18 01:43:09
0
thurazaw.wisewish
သင်းဘော Engine Department :
ok....sir
2026-09-17 11:56:55
1
jjk...999
♈Honey.🇲🇲🇨🇭✈️🇻🇳 :
စာရွက်စာတန်းစစ်ဆေးတာတွေ ဝန်ဆောင်မှုပေးတာလား လေဆိပ်မှာ လေယာဉ်လက်မှတ်နဲ့ကျန်တာအားလုံး အဆင်သင့်ရှိတယ် အခုမှစသွားရမှာမို့ မသိလို့😁 ဗီယက်နမ်ကိုအလည်သွားမှာပါ။
2026-09-18 09:35:03
1
eiwathan_17
イ🎏 :
mini hand fan ယူလို့ရလားဟင် 😭
2026-09-17 17:49:10
1
hsupyae203
🦩Hsu :
ရန်ကုန်ကနေစင်္ကာပူကို မိန်းကလေးတစ်ယောက်ထဲ အလည်အပတ်သွားမယ်ဆိုသွားရလား အသွားအပြန်လက်မှတ်ဝယ်ပြီး
2026-09-17 15:47:56
1
mysteriousg21
mysteriousG :
Mandalay ကနေ BKK သွားမှာဆိုရင်ကော အကုန်တူတူဘဲလားဗျ
2026-09-18 14:48:15
1
taylornywinn1
Mai Nyan Win :
editing မိုက်သော[Red heart][Red heart]
2026-09-17 15:54:15
1
saishann.x
ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ ďż´ :
ရန်ကုန်ကနေ ကျိုင်းတုံ သွားလည်ဖို့ဘာတွေလိုအပ်လဲ လေယဉ်ခကော ပြောပြပေးပါ
2026-09-18 14:41:51
1
To see more videos from user @mangowingstravel, please go to the Tikwm homepage.

Other Videos


About