@empire_realestate2003: ယခင်က မြေနှင့်အိမ်တန်ဖိုးကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၊ ရာဖြတ်ဌာနမှ သတ်မှတ်ပေးပါသည်။ ထိုသတ်မှတ် တန်ဖိုးအတိုင်း (၇ %) တံဆိပ်ခေါင်းခွန် ကပ်နှိပ်ရပါသည်။ ( ငွေ ၁၀ဝိ တန်လျှင် အခွန်တံဆိပ်ခေါင်း(ရိ)ကပ်ပေးရပါသည်။)(မှတ်ချက်- ကာလပေါ်မှုတည်ပြီး အခွန်တန်ဖိုးပြောင်းနိုင်ပါသည်) ခုအချိန်တွင် မြေနှင့်အိမ်တည်နေရာရှိ ခရိုင်အခွန် ဦးစီးဌာနမှူး ပါဝင်သောအဖွဲ့မှ အဆိုပါမြေနှင့်အိမ်၊ မြေကွက်ကို တန်ဖိုး သတ်မှတ်ပေးပြီးစာချုပ်တွင် ကပ်နှိပ်ရန်အတွက် အခွန်တံဆိပ်ခေါင်း ရောင်းချပေးပါသည်။   စာချုပ်ကိုမှတ်ပုံတင်ခြင်းလိုအပ်ချက်များ    ၁. ပထမဦးစွာ လျှောက်လွှာတစ်ဆောင် ဝယ်ယူရမည်။ လျှောက်လွှာတွင် အခွန်တံဆိပ်ခေါင်းတစ်လုံး ကပ်နှိပ်ပါ ။ 
၂. ရောင်းသူ /ဝယ်သူ/သက်သေ(၂)ဦးတို့တွင် မူရင်းအမျိုးသား(သို့မဟုတ်)နိုင်ငံသားကဒ်ပါရမည်။ ရောင်းသူ/ဝယ်သူနှစ်ဦးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည်။ 
၃. တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်တွင် ရောင်းသူ/ဝယ်သူ သက်သေ(၂)ဦးတို့ လက်မှတ်ရေးထိုးရမည်။ အဆိုပါစာချုပ်အား မိတ္တူ(၁)စုံကူးပါ။ 
၄. မြေပုံမြေရာဇဝင်မူရင်းတင်ပြရမည်။ အဆိုပါမြေပုံနှင့် မြေရာဇဝင်ကိုလည်း မိတ္တူ (၁)စုံကူးပါ။ 
၅. မူရင်းမြေဂရန်ယူလာရမည်။ အဆိုပါ မြေဂရန်အား မိတ္တူ(၁)စုံကူးပါ။ 
၆. အဆင့်ဆင့်ရောင်းချခြင်းရှိလျှင် တရားဝင်ဆက်စပ်စာချုပ်များယူလာရမည်။ ၎င်းတို့ကိုလည်း မိတ္တူ(၁)ကူးပါ။ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးမှ စစ်ဆေးပြီးမှတ်ပုံတင်ပေးမည် ဖြစ်သည်။    ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနသို့သွားရောက်၍ ကျသင့်ငွေသွင်းခြင်း၊ ရောင်းသူ/ဝယ်သူ/သက်သေတို့လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ပြီးလျှင် ရောင်းဝယ်ခြင်း ကိစ္စ အထမြောက်ပါသည်။  ဌာနမှချိန်ဆိုထားသောရက်တွင် စာချုပ်အားသွားရောက်ထုတ်ယူနိုင်ပါသည်။ ထုတ်ယူရာတွင် စာချုပ်တွင်အမည်ပါဝင်သူများသာ ထုတ်ယူခွင့်ရှိပါသည်။    မှတ်ချက်  - အရောင်းအဝယ်စာချုပ်ချုပ်ဆိုသည့်နေ့မှ (၄)လ အတွင်းမှတ်ပုံတင်ရမည်။
- မြေပုံနှင့်မြေရာဇဝင်သက်တမ်းသည် ဌာနမှထုတ်ပေးသည့်နေ့မှစ၍ (၁)နှစ်သာ သက်တမ်းရှိပါသည်။
- မှတ်ပုံတင်ကိုယ်စားလှယ်စာ SP , GP ရသူသည် လွှဲအပ်သူကိုယ်စား လက်မှတ်ရေးထိုးနိုင်သည်။ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်း  ဂရန်အမည်ပေါက်သူကွယ်လွန်လျှင်  - ဇနီးသို့မဟုတ်ခင်ပွန်း (သားသမီး) - ကျန်ရစ်သူဆွေမျိုးသားချင်းများက လျှောက်ထားခြင်း ပထမဦးစွာ လျှောက်လွှာ (၂)စုံဝယ်ယူ၍ (၁)စုံစီတွင် အခွန်တံဆိပ်ခေါင်းကပ်ရပါမည်။    စာချုပ်ကိုမှတ်ပုံတင်ခြင်း   ၁. ကျန်ရစ်သူ (သို.မဟုတ်)ပိုင်ဆိုင်ကြောင်း ကြေညာမည့်သူ၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။ 
၂. မြေဂရန်မူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။ 
၃. မြေပုံနှင့်မြေရာဇဝင်မူရင်း ပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။ 
၄. သေစာရင်းမူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ 
၅. ကြေငြာစာချုပ်ကို မိတ္တူတစ်စုံကူးပါ။ 
၆. ကျန်ရစ်သူသည် ကွယ်လွန်သူနှင့် မည်ကဲ့သို့တော်စပ်ကြောင်း၊ အမွေဆက်ခံခွင့်ရှိကြောင်း ကိုယ်တိုင် ကတိသစ္စာ ပြုလွှာသို့မဟုတ် ကျမ်းကျိန်လွှာမူရင်း ( ထိုကျမ်းကျိန်လွှာသည် ကျိန်ဆိုသည့်နေ့မှ (၄)လ အတွင်းဖြစ်ရမည်။ ၎င်းကိုမိတ္တူကူးပါ။ 
၇. စာရွက်စာတမ်းများပြည့်စုံလျှင် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးက မှတ်ပုံတင်းပေးပါမည်။ ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနများသို့သွား၍ ငွေသွင်းခြင်း ၊ လက်ဗွေနှိပ်ခြင်းများ ဆောင်ရွက်ရပါမည်။ 
၈. စာချုပ်စာတမ်းကိုစာချုပ်တွင် ပါဝင်သူတစ်ဦးဦးက ချိန်းဆိုသောရက်တွင် သွားရောက်ထုတ်ယူနိုင်ပါသည်။   Credit: ဦးသန်းညွန့်အောင် ( တရားလွှတ်တော် ရှေ့နေ) #အိမ်ခြံမြေဗဟုသုတ #မှတ်ပုံတင်စာချုပ် #အင်ပါယာအိမ်ခြံမြေ #realestate

အင်ပါယာ • မန္တလေးအိမ်ခြံမြေ
အင်ပါယာ • မန္တလေးအိမ်ခြံမြေ
Open In TikTok:
Region: MM
Thursday 17 September 2026 12:13:16 GMT
17823
350
2
99

Music

Download

Comments

moe.thida96
သုန္ဒရီ :
စလစ်ထွက်ပြီးသားမြေရော မှတ်ပုံတင်စာချုပ်ထပ်လုပ်ရအုံးမှာလားရှင့်
2026-09-17 16:05:17
0
maythu8587
May Thu :
👍👍👍
2026-09-18 01:10:09
1
zaw.tun.naing92
Zaw :
🥰🥰🥰
2026-09-18 05:34:18
0
To see more videos from user @empire_realestate2003, please go to the Tikwm homepage.

Other Videos


About