@jue.may.khin4: 🇯🇵ဂျပန်ဆရာဝန်တစ်ယောက် မျှဝေထားတဲ့ အသက်ရှည်စေဖို့ အလေ့အကျင့်ငါးမျိုး💞 •••••••••• ✅ယနေ့ကမ္ဘာ့အသက်ရှည်ဆုံး နိုင်ငံသားတွေထဲမှာ ဂျပန်က ထိပ်ဆုံးက ဦးဆောင်နေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ✅ဂျပန်ဆေးပညာ ဖောင်ဒေးရှင်း တည်ထောင်သူ ဆရာဝန်တွေထဲက တစ်ယောက်ဖြစ်တဲ့ … ✅ဒေါက်တာ ရှိဂဲရခိဟီနိုးဟာရ (Dr.Shigeaki Hinohara )ဆိုရင် အသက် ၁ဝ၅ နှစ်အထိ အသက်ရှင် နေထိုင်သွားပါတယ်။ ✅အဲ့ဒီလောက်အထိ အသက်ရှည်ရှည် နေနိုင်စေတဲ့ အကြံပြုချက်တချို့ကိုလည်း ဒေါက်တာ ဟီနိုးဟာရက မျှဝေပေးထား ပါတယ်။ (၁) ပျော်ပျော်နေပါ✅ ကျန်းမာတဲ့ဘဝအတွက် နံပါတ်တစ် ဥပဒေသက ရိုးစင်းတဲ့ ပျော်ရွှင်မှုပါပဲ။ ✅ကလေးဘဝမှာ အားလုံးက အအိပ်နဲ့ အစားကို မေ့နေတဲ့အထိ ပျော်ခဲ့ဖူးကြ ပါတယ်။ ✅ဆေးပညာရှင်တွေကလည်း ပျော်ရွှင်မှုဟာ နာကျင်စရာတွေဆီကနေ ရုန်းထွက်နိုင် စေတယ်လို့ ညွှန်းဆိုထားကြပါတယ်။ ✅ဒေါက်တာ ဟီနိုးဟာရကတော့ “ဘဝအတွက် စွမ်းအင်တွေဆိုတာ ပြည့်နေတဲ့ ဗိုက်ထဲက လာတာမဟုတ်ပါဘူး" "ကောင်းတဲ့ ခံစားချက်တွေဆီက ရရှိလာတာပါ” တဲ့။ (၂) မြန်မြန် အငြိမ်းစားမယူဘဲ အလုပ်လုပ်နိုင်သေးတဲ့အရွယ်အထိ အလုပ်လုပ်ပါ✅ ✅ဒေါက်တာ ဟီနိုးဟာရကတော့ မဆုံးခင် လအနည်းငယ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ✅လူ့သက်တမ်းဟာ လွန်ခဲ့တဲ့ ရာစုနှစ် တွေကနဲ့ မတူညီနိုင်တော့တာကြောင့် ✅ဖြစ်နိုင်ရင် နောက်အကျဆုံးအရွယ်အထိ အလုပ်လုပ်ပြီး လူ့အဖွဲ့အစည်းကို တစ်ခုခု ပြန်ပေးတာက … ✅ဘဝအတွက် အများကြီး အဓိပ္ပာယ်ရှိစေတယ်လို့ ဒေါက်တာ ဟီနိုးဟာရက ခံယူထားပါတယ်။ (၃) ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ✅ ✅အစားအသောက်နဲ့ ပတ်သက်ပြီး ဒေါက်တာဟီနိုးဟာရက ✅မနက်စာကို ကော်ဖီသောက်တယ်။ နို့တစ်ဖန်ခွက် သောက်တယ်။ ✅သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ထားတဲ့ လိမ္မော်ရည်တချို့သောက်တယ်။ ✅သံလွင်ဆီက သွေးကြောတွေအတွက် ကောင်းပြီး အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းပေးတယ်။ ✅နေ့လယ်စာကိုတော့ နွားနို့နဲ့ ကွတ်ကီး အနည်းငယ် စားပါတယ်။ ✅တစ်ခါတလေလည်း အလုပ်များနေရင် နေ့လယ်စာ မစားတော့ပါဘူး။ ✅အလုပ်အပေါ် အာရုံစိုက်နေတဲ့ အတွက်ကြောင့် ကျွန်တော် ဘယ်တော့မှ မဆာဘူး။ ✅ညစာကိုတော့ ငါး ထမင်းနည်းနည်းနဲ့ အသီးအရွက်တွေ စားပေးပါတယ်။ ✅တစ်ပတ်မှာ နှစ်ကြိမ်တော့ အသား ၁ဝဝ ဂရမ် စားပေးတယ်လို့ ဆိုပါတယ်။ (၄) ရိုးရိုးလှေကားက တက်ပါ✅ ✅ဒေါက်တာ ဟီနိုးဟာရက အိမ်မှာ/ရုံးမှာ ရိုးရိုးလှေကားကို အသုံးပြုသလို ကိုယ့်ပစ္စည်းတွေကိုလည်း ကိုယ်တိုင်ပဲ သယ်ပါတယ်။ (၅) အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေကို စွဲလန်းစိတ် လျှော့ချပါ✅ ✅ရုပ်ဝတ္ထုပစ္စည်းတွေအတွက် စိတ်မပူပါနဲ့။ ကွယ်လွန်တဲ့အခါ အဲ့ဒီအရာတွေကို ဘယ်သူမှ သယ်ဆောင်မသွားနိုင်ပါဘူး။ ✅အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကိုယ်ပိုင်ပစ္စည်းအားလုံးကိုတောင် မှတ်မိတော့မှာ မဟုတ်ပါ ဘူး။ ✅ဒါကြောင့် စိုးရိမ်ပူပန်စိတ်တွေ လျှော့ဖို့ ဒေါက်တာဟီနိုးဟာရက အကြံပြုထား ပါတယ်။ 𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 #ကျန်းမာရေးဗဟုသုတရကြပါစေ #crd_to_owner_with_respect

KPO
KPO
Open In TikTok:
Region: MM
Thursday 17 September 2026 13:26:06 GMT
286812
15850
271
1902

Music

Download

Comments

aung.naing.kyaw39
Aung Naing Kyaw :
အသက်၉၀ကျော်ပြီဆန်တအိတ်၁၀၈ပေါင်ထမ်းနိုင်တယ်
2026-09-18 05:00:12
21
utinthaung89
utinthaung89 :
ယခုအသက်75နစ်ရှိပြီအသက်100ကျော်နေရဘို့ကြိုးစားပါမယ်ကျေးဇူးပါ
2026-09-18 02:06:27
41
user61814522530791
နန်း ခင်လေး :
72နှစ်ရှိပါပြီဒူးမနာ ခါးမနာသွတ်လက်နေတုန်းပါ
2026-09-18 09:49:41
12
rupananthi
A.RUPA :
thanks
2026-09-20 15:55:39
0
user7818432520177
user7818432520177 :
68 -နှစ် ရှိပီ ၊ အလုပ လုပ်နေတုံးပါ။ ကျေးဇူးတင်ပါတယ်။
2026-09-18 04:43:40
12
ma.san.san.win320
Thapyay :
အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူတင်ပါတယ်
2026-09-18 02:57:42
6
milo49164
Milo :
Thankyiu
2026-09-20 02:05:31
0
thanthanmdy
thanthanmdy :
ဟုတ်ကဲ့ရှင့်ကျွန်မအသက်69နှစ်ရှိပါပြီဗဟုသုတရလို့ကျေးဇူးပါ
2026-09-18 03:18:57
6
user5232450797077
ဒေါ်ခင်မြင့် :
ခုအသက်70ပါအားလုံးေကာင်းေနစဲပါ😳😳😳
2026-09-21 06:59:13
1
oonyowin109
tun :
Strees. လျှော့ချပါ
2026-09-18 02:25:34
7
min.tun.tun68
Min Tun Tun :
အသက်ရှည်အောင်တော့လူတိုင်းကြိုးစားနေထိုင်သင့်ပါတယ်❤️❤️❤️
2026-09-20 07:29:39
3
myomintun8400
MYOMINTUN :
အသက်90,ရှိပါပြီ ခုထိအေးဆေးပါက 😂😂😂😂😂😂အသိအဘကိုပြောတာ
2026-09-20 23:12:24
1
user483199774
😊Aye Aye😊 :
ကောင်းလိုက်တာ
2026-09-21 00:39:46
1
myint.thein8753
Myint Thein :
ကျေးဇူးအထူးတင်ပါသည်ခင်ဗျ..
2026-09-20 04:04:14
2
yoon.myat.nadi4
Yoon Myat Nadi :
ကျေးဇူးပါဆရာ
2026-09-18 02:23:18
2
gyi961009kr
Htet Gyi :
အဲ့လို ပြောတာကတော့ လက်ခံပါတယ် အဲ့လိုနေထိုင်ဖို့ စားသောက်ဖို့ အချိန်ပေးရဖို့တွေက အောက်ခြေလူတန်းစားဘဝတွေအတွက် လက်တွေမဖြစ်နိုင်တဲ့ ဘဝတွေလဲရှိနေပါတယ်လေ
2026-09-20 14:18:31
2
user9387193861396
ko zaw Myo :
follow
2026-09-18 04:28:58
2
user9876525859729
🇯🇵ကိုဂျပန်🇯🇵 :
ကျေးဇူးတင်ပါတယ်
2026-09-17 22:06:41
2
user697153326
Tik Toker :
ကျေးဇူးပါ
2026-09-18 02:06:25
1
khin.sandar334
Khin Sandar :
ကျေးဇူးပါ
2026-09-18 05:02:04
2
user3560335718061
user3560335718061 :
👍ဖတ်ဗဟုတုတရလို့ကျေးဇူးပါ👍
2026-09-20 07:05:24
1
ko.sai9768
Ko Sai :
ကျွန်တော့်က 95 နှစ်ပြည့်ပီ အလေးအပင်ဆိုရင် ခုချိန်ထိ နှစ် ပေါင် ထမ်း နိုင် နေတုန်းပဲ
2026-09-21 00:27:33
1
utoe.hlaing
utoe hlaing :
မဂ်လာပါ ကျေးဇူးပါ ခြောက်ဆယ့်ရှစ်ပါ
2026-09-18 12:53:23
2
user3214487865381
ဓမ္မချစ်ခင် :
၇၈နှစ်ရှိပါပြီဂျင်းဆနွင်းပြားရည်မရှိလျှင်ထန်းညက်ပြော့ရောစားပါတယ်ဆရာ
2026-09-18 10:32:30
4
kothet.lwin7
Kothet Lwin :
ကေျိးဇူးတင်ပါခင်ဗျား
2026-09-18 05:02:00
4
To see more videos from user @jue.may.khin4, please go to the Tikwm homepage.

Other Videos


About