@martinnecolus: ဆိုင်တစ်ဆိုင်မှာ နန်းကြီးသုပ်တစ်ပွဲ မှာစားတာ အသုပ်ပန်းကန်ထဲ ဆံပင်မွှေးတစ်ချောင်း  ပါလာတာတွေ့လို့ မစားဖြစ်တော့ပဲ ရေနွေးကြမ်းပဲ ထိုင်သောက်နေတော့ ဘေးက ဘော်ဒါတစ်ယောက်က မေးတယ်။  "မှာထားပြီး ဘာလို့မစားတာလဲ"တဲ့။   ကျွန်တော်လည်း ဆံပင်မွှေးတစ်ချောင်း တွေ့လို့လို့ ပြောလိုက်တော့ ပန်းကန်လာချပေးတဲ့အစ်မကြီးက ကြားသွားတယ်။ အဲ့ဒီ အစ်မကြီးက ဘာပြောလဲဆိုတော့ "အမယ်လေး...ယောက်ျားတွေများ သူတို့ ပြောတော့ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ကြိုက်တယ်တဲ့။ ဆံပင်လေးကို သပ်ပေးရတာနဲ့ ဖွပေးရတာနဲ့ ယုယပေးလိုက်ကြတာ။ တန်ဖိုးထားကြလိုက်တာ။ အခုကျတော့ လာပြီး ရွံပြနေတယ်" တဲ့။ အဲ့စကားကြားကြားချင်း ကျွန်တော်လည်း ပါးစပ်ကနေ လွှတ်ခနဲ ချက်ချင်း ပြန်ပြောလိုက်မိတယ်။ အဲ့လို ပြောလို့မရဘူးလေ အစ်မကြီးရဲ့.... ဆံပင်က ခေါင်းပေါ်ရှိတဲ့အချိန်မှာတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေတာပေါ့ ။ စားသောက်စရာ ပန်ကန်ထဲရောက်ရင်တော့ ရွံစရာဖြစ်သွားတာပဲလေ။ အရာရာတိုင်းမှာ သူ့နေရာနဲ့သူဆိုတာရှိတယ်ဗျ။ ခြေထောက်မှာ စီးတဲ့ဖိနပ်ကို ခေါင်းပေါ်တင်ထားပြီး လျှောက်သွားလို့ အဆင်မပြေသလိုမျိုးပဲ ဦးထုပ်ကိုလည်း ခြေထောက်မှာ စွပ်ပြီး သွားလို့အဆင်မပြေဘူး။ ခုလည်း ဆံပင်ကို ရွံစရာလို့ပြောတာ မဟုတ်ဘူး။ ဆံပင်မွှေးက စားစရာပန်းကန်ထဲရောက်နေလို့ စားမဲ့ဟာတောင် မသတီတော့ဘူး ရွံစရာဖြစ်သွားတာ။ အရာရာတိုင်းဟာ သူ့နေရာနဲ့သူ နေရာမှန်ဖြစ်နေဖို့လိုတယ်ဗျ.... "လို့ ပြောလိုက်တယ်။ ကျွန်တော် အဲ့လိုပြောလိုက်တော့ ဆိုင်ရှင်လို့ထင်ရတဲ့ အန်တီကြီးက မျက်နှာနည်းနည်း ပျက်သွားတာ တွေ့လိုက်ရတယ်။ ဟို အစ်မကြီးကလည်း ဘာမှ ပြန်မပြောတော့ဘူး။  ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့  ကျွန်တော်တို့ ဘ၀တွေမှာလည်း ကိုယ်ရှိသင့်တဲ့ ကိုယ်ရှိနေရမဲ့  နေရာမှန်မှာ ရှိမနေဘူးဆိုရင် အသုံးမ၀င် ဖြစ်သွားတတ်တယ် ဆိုတာလေး message တစ်ခုပေးချင်တာ။ အရာရာတိုင်းမှာတော့ သူ့ဟာနဲ့သူ တန်ဖိုးကိုယ်စီရှိနေကြတာပဲဗျ။ နေရာမှန်မှာ ရှိနေဖို့ပဲလိုတယ်။ ကိုယ်ရှိနေရမဲ့ နေရာမှန်မှာ ရှိမနေဘူးဆိုရင် ကိုယ်လည်း အဆင်မပြေသလို သူတစ်ပါးအတွက်လည်း အဆင်မပြေဘူး။ ၀န်ထုပ်၀န်ပိုးဖြစ်စေတယ်။  အဲ့ဒါကြောင့်မို့ တစ်ချို့နေရာတွေမှာ ကိုယ်ကကောင်းနေရဲ့သားနဲ့ အလေးထားမခံရဘူး၊ လျစ်လျူရှုခံနေရတယ်၊ ကိုယ်ရှိနေတာကပဲ သူတို့အတွက် အဆင်မပြေဖြစ်စေတယ်၊ ၀န်ထုပ်၀န်ပိုးဖြစ်စေတယ်ဆိုရင်..... မိတ်ဆွေ ...ခင်ဗျားသူတို့ကို အပြစ်သွားမတင်ပါနဲ့။ ခင်ဗျား ရှိမနေသင့်တော့တဲ့ နေရာလို့ သတ်မှတ်ပြီး ထွက်ခွာခဲ့ဖို့ အကြံပြုပါရစေ။ #martinnecolus #foryou

𝕄𝕒𝕣𝕥𝕚𝕟 ℕ𝕖𝕔𝕠𝕝𝕦𝕤
𝕄𝕒𝕣𝕥𝕚𝕟 ℕ𝕖𝕔𝕠𝕝𝕦𝕤
Open In TikTok:
Region: MM
Thursday 17 September 2026 13:39:22 GMT
264793
3181
91
102

Music

Download

Comments

linnfamily52
Linnမိသားစု :
ဆိုင်နာမည်တင်လိုက်ပါ။
2026-09-20 12:25:55
1
soe9t09
Ko Soe :
အမှန်ဘဲကျနော်ကဝပ်ရှော့ဆရာလုပ်နေရတာကကြုံရာစစ်ရှောင်ရင်းနဲ့အဆင်မပြေပါဘူးဗျာ
2026-09-18 04:42:44
1
ukyaw217f
Ko Kyaw :
မှန်လိုက်လေ
2026-10-12 12:19:33
1
maygemini053
TeTeGuGu :
ကိုယ်ဆိုလဲ မစားဘူး ပြန်စဉ်းစားလိုက်တိုင်း ရွံတတ်တဲ့ အကျင့်ရှိတယ်
2026-10-07 04:00:27
2
lwannaytl11
Account not found. :
အမှန်
2026-09-17 22:37:28
1
koaing32
koNaing :
ခဏတိုင်းကြုံဖူးပါတယ်ဗျာ
2026-09-18 05:46:03
2
thida.khin5
Khin :
Yes.ရရှိပြီ။
2026-09-18 14:47:47
1
ko.than.soe730
Ko Than Soe :
နေရာမှန်မှာရှိမှ တန်ဘိုးဆိုတာရှိမှာပါ
2026-09-18 11:57:13
2
cat91423
catt :
ကောင်းလိုက်တဲ့ စကား တွေ😁😁😁😁
2026-09-18 12:55:26
3
hide.heart4
Hide heart :
အမှန်ပေါ့ဗျာ
2026-09-18 03:52:55
1
hninnwesoe932
. :
အမလေ၊ငါဆိုဆံပင်ပါလာရင်ချက်ချင်းထအန်တာ၊အရမ်းရွံတာပဲ။ဘယ်လောက်ကောင်းနေပစေ၊မစားတော့ဘူး
2026-09-18 16:47:14
2
shine.shine6148
Shine Shine :
ဘယ်ဆိုင်လဲသဘောကောင်းလွန်းလို့ရှောင်ရအောင်🥰🥰🥰🥰🥰🥰
2026-09-18 06:37:35
1
wathon.oo60
Wathon Oo :
2026-09-18 05:36:37
2
saw.do.moo1
Saw Do Moo :
👍👍👍 Right....
2026-09-18 15:26:39
1
myint.oo4802
Myint Oo :
Ok🥰🥰🥰
2026-09-18 05:19:23
1
thiri89035
Ko Naing(Golden Group) :
RIGHT...
2026-09-18 05:29:12
1
orchid6617
Orchid 🦞 :
right ✅️
2026-09-18 13:01:20
1
user17822801910205
user17822801910205 :
Right
2026-09-18 05:57:28
1
user1130253607936
ဆရာသန်း :
good
2026-09-18 13:17:46
1
sansadhvtag
San San Oo :
မှန်လိုက်တာ
2026-09-18 02:36:35
1
kyaw.myo6549
Kyaw Myo :
ကောင်းပါတယ်ညီပေး 🥰🥰🥰🥰🥰
2026-09-18 13:49:21
1
win.myint5353
Win Myint :
သူ့နေရာနဲ့သူတန်ဘိုးရှိပါတယ်
2026-09-18 03:49:06
1
naychi5269
💗nay chi lin💖 :
အမှန်ပဲ😥😥😥
2026-10-03 12:42:41
1
pth20387
SawPThăř (Chef) :
right
2026-09-20 02:06:06
1
user570088345049
U Tun Shwe :
မမြင်ရင်တော့စားမိကြမှာဘဲမြင်ရင်တော့ဘယ်သူမဆိုစားဘို့ခက်ကြပါတယ် ဒါဟာလည်းမတော်တဆဖြစ်တတ်ပါတယ်ဗျာ
2026-09-18 09:44:13
1
To see more videos from user @martinnecolus, please go to the Tikwm homepage.

Other Videos


About