@ubt_bky01: လူတစ်ယောက်ကို လေးလေးနက်နက် ချစ်မိသွားတဲ့အခါ အချစ်ဆိုတာ ပိုင်ဆိုင်ရမှမဟုတ်ဘူး ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ပိုပြီး နားလည်လာရပါတယ်။ တကယ်တော့ အချစ်ဆိုတာ မျှော်လင့်ချက်တွေ အများကြီးနဲ့ အပြန်အလှန်တောင်းဆိုမှုတွေ ပြုလုပ်နေဖို့ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူပေးတဲ့ သံယောဇဉ် ပမာဏဟာ ဘယ်လောက်ပဲ နည်းပါးပါစေ၊ အဲဒီနည်းပါးလှတဲ့ ဂရုစိုက်မှုလေးနဲ့တင် ကိုယ့်ကမ္ဘာလေးက ပြည့်စုံနေတတ်ပါတယ်။ "ပိုလိုချင်လို့ အထွန့်တက်လိုက်မိရင် ဝေးရမှာကို ကြောက်တယ်" ဆိုတဲ့ စိုးရိမ်စိတ်ဟာ အတ္တကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ချင်စိတ်ထက် ပျောက်ကွယ်သွားမှာကို ပိုကြောက်တဲ့ ချစ်ခြင်းမေတ္တာရဲ့ အနက်ရှိုင်းဆုံး ခံစားချက် ဖြစ်ပါတယ်။ ပိုပြီး တောင်းဆိုမိလို့၊ ပိုပြီး မျှော်လင့်မိလို့ ရှိနေတဲ့ ဆက်ဆံရေးလေးပါ ပျက်စီးသွားမှာ၊ အဝေးကို ထွက်ခွာသွားမှာကို ရင်တမမနဲ့ ကြောက်လန့်နေရတဲ့အခါ ကိုယ့်ဘက်ကပဲ လျှော့ပေးဖို့၊ စိတ္တဇတွေကို မြိုသိပ်ထားဖို့ ရွေးချယ်လိုက်ရတာပါ။ မင်းပေးသလောက် မေတ္တာအနည်းငယ်လေးနဲ့ပဲ ကျေနပ်ပါရစေ။ မင်းနားမှာ ဒီအတိုင်းလေး ရှိနေခွင့်ရတာဟာ ငါ့အတွက်တော့ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါပဲ။ ပိုမိုတဲ့ ချစ်ခြင်းတွေကို မတောင်းဆိုတော့သလို၊ မင်းရဲ့ လွတ်လပ်မှုကိုလည်း စိန်ခေါ်မှာ မဟုတ်ပါဘူး။ ဝေးကွာသွားရမှာထက်စာရင် ဒီအတိုင်းလေး အနားမှာ ရှိနေခွင့်ရဖို့ဟာ ငါ့အတွက်တော့ အရာရာထက် ပိုမိုအရေးကြီးလို့ပါ။ အတ္တတွေကို ဘေးဖယ်ထားပြီး မင်းပေးတဲ့ အတိုင်းအတာအတွင်းမှာပဲ အေးချမ်းစွာနဲ့ ဆက်ပြီး ချစ်နေပါရစေ။ 🖤 #ubt_bky01 #foryoupage #fypシ #viral #fyppppppppppppppppppppppp

Oishi
Oishi
Open In TikTok:
Region: MM
Thursday 17 September 2026 14:03:03 GMT
20168
1286
5
207

Music

Download

Comments

zin66590
🤡Z🤡 :
copyပေးပါလား
2026-09-18 12:24:22
0
mithet669
🪐 𝓜𝓾 𝓛𝓸𝓸𝓷 𝓶𝓪𝔂𝓪💤👻 :
copy လေးပေးပါလား🥰
2026-09-18 10:48:13
0
myogyi745
MMT :
😳😳
2026-09-18 12:25:57
0
n.lynn478
Naing Lin Tun :
@..🍓..ղíԵαɾթαղ..🍓.. 💛💛💛
2026-09-18 05:14:06
1
To see more videos from user @ubt_bky01, please go to the Tikwm homepage.

Other Videos


About