@htetaaronbeadscollection: KTV၊ Bar နှင့် တည်းခိုခန်းများတွင် မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းချမှု မရှိစေရေး စစ်ဆေးဖမ်းဆီးရန် ပြည်ထဲရေးဝန်ကြီး လမ်းညွှန် နေပြည်တော်၊ စက်တင်ဘာ ၁၇ KTV၊ Bar၊ Club၊ ဖျော်ဖြေရေးနေရာများနှင့် Hotel၊ Motel၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းချမှုများ မရှိစေရေးအတွက် စစ်ဆေးကြပ်မတ်၍ စုံစမ်းဖော်ထုတ် ဖမ်းဆီးသွားရန် လိုအပ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားလိုက်သည်။ စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 42 ၏ အောင်မြင်မှုများကို အခြေခံ၍ စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြသည်။ ထို့အပြင် မူးယစ်ဆေးဝါးများသာမက ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ဓာတုပညာရှင်များ ဝင်ရောက်မှုကိုလည်း ထိရောက်စွာ တားမြစ်ရန်နှင့် ပင်လယ်ရေကြောင်း ထွက်ပေါက်များ၌ တပ်မတော် (ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့၊ ဆိပ်ကမ်းအာဏာပိုင်တို့နှင့် ပူးပေါင်းကာ ပိတ်ဆို့ဖမ်းဆီးမှုများ တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ KTV၊ Bar၊ Club၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် Hotel၊ Motel၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းချမှုများ မရှိစေရေးအတွက် အထူးစစ်ဆေးကြပ်မတ် ဖမ်းဆီးသွားရမည်ဖြစ်ကြောင်း ၎င်းက အသိပေးပြောကြားသည်။ ဖမ်းဆီးရမိမှု အခြေအနေများနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မူးယစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် မူးယစ်တရားခံပြေး ၅၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အမှုများမှ ၂၀၂၅ ခုနှစ်အတွင်း အမှုပေါင်း ၆၈၅ မှုမှ ငွေကျပ် ၄၂၈၅ သန်းကျော်နှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၃၅၆ မှုမှ ငွေကျပ် ၃၅၈၅ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ အစည်းအဝေးသို့ ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်၊ မူးယစ်တားဆီးရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး၊ ဗဟိုအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။
Htet Aaron
Region: MM
Thursday 17 September 2026 14:21:00 GMT
Music
Download
Comments
ukyawwin :
များများဖမ်းပေးပါ၊ခိုး၊ဆိုး၊လုယက်မှုတွေကျဆင်းလာပါလိမ့်မယ်၊လောင်းကစားတွေပါဖမ်းပေးပါ
2026-09-19 02:22:31
1
ထာဝရ အောင် :
မှန်တယ် လုပ်သင်တာ ကြာပီ ဗျာ
2026-09-17 16:03:28
1
Bawa Thamar :
အမှန်လုပ် အလုပ်မှန်ပါစေ
2026-09-18 14:50:19
1
Winner Man :
ထောက်ခံပါတယ်။ အလွန်အကျွံဖြစ်နေကြတာ
2026-09-19 06:10:58
0
chit ma ma :
လူကြီးသားသမီးတွေအရင်မိမှာ
သူတို့ဘဲသွားကြစားကြဆေးချတာလုပ်နိုင်တာ
သာမန်ပြည်သူလူထုကနပ်မှန်အောင်ကြိုးစားနေရတာ
2026-09-18 05:01:38
2
Ei Ei Phyo :
မုံရွာမှာ ktvတွေပေါသလို ktv တိုင်းမှာ မူးယစ်ဆေးရှိပါတယ်
2026-09-19 04:07:11
1
thazinkhine118 :
😁😁😁😁😁😁😁
2026-09-18 14:56:23
1
Bayin :
👍👍👍
2026-09-18 11:53:19
1
Tin Wai Lwin :
🥰
2026-09-18 21:41:21
0
To see more videos from user @htetaaronbeadscollection, please go to the Tikwm
homepage.