@iqman154: နမ့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ စက်တင်ဘာလ ၁၇ မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ကုန်းယောင်း ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများကိုအွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု သည့် လုပ်ငန်းပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့သည်။ လုံခြုံရေးပူးပေါင်းအဖွဲ့များက နမ့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ နံနက်ပိုင်း ၀၉၀၀ နာရီခန့်တွင် နမ့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့် ခမ(LD-၅၈၃ ၀၃၀)သို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမ ဝင်တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၂၆ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ကျား ၃၅ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၅၀ ဦး အားလည်ကောင်း၊ အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ(သက်ကယ်မိုး/အုတ်ကာ) ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား(ပျဉ်ကာ) ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်(သွပ်မိုး/အုတ်ကာ) ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ စားချက်ဆောင် ၁ လုံး၊ Star Link (စီစစ်ဆဲ) ၂၀ စုံ၊ Laptop (စီစစ်ဆဲ) ၂၅ လုံး၊ ALL In One Computer (စီစစ်ဆဲ) ၂၀ လုံး၊ ဖုန်းမျိုးစုံ(စီစစ်ဆဲ) ၂၁၇ လုံး၊ PC ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့ သည့် တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီး ချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
IQman
Region: MM
Thursday 17 September 2026 15:26:30 GMT
Music
Download
Comments
ၸၢႆးၸၢမ်ၶိူဝ်း ( ၵျွၵ်ႉမႄး) :
ဆီဆိုင် ဟိုပုံးကြားမှာလဲရှိ
2026-09-18 01:48:51
9
爱做梦 :
这是哪里?
2026-09-17 17:18:37
2
Ko Myo :
မြန်မာအစိုးရအနေနဲ့ သတင်းပေသူကို ဆုငွေပေးသင့်တယ် …..
2026-09-18 01:55:05
2
MR. MOE ART :
မသိလိုက်ဘူတသင်းအမှန်ဘယ်လာ။
2026-09-18 02:33:02
2
Tiger :
တာချီလိတ်မှာကြမဖမ်း
2026-09-17 23:09:52
3
🇰🇭旺宝🇲🇲 :
好怕😰
2026-09-17 17:12:20
3
JAO JOR.🇧🇷 :
what is this?
2026-09-18 01:35:25
1
ၽၢၼ်ႁၵ်ႉ :
ဘယ်ရွာလဲကို
2026-09-18 05:23:19
1
Yex(ယေ့) :
အာ့ကြောင့် vb ကစာပို့သမားကစာမပြန်တော့တာကိုး
2026-09-18 02:35:25
1
🇲🇲蝎子🦂 :
什么平台被端了😅
2026-09-18 03:57:53
1
ရော့မြန်မာမန့် :
ကျွဲဂိမ်းကိုလည်းဖမ်းဟ
2026-09-18 05:12:51
1
ᴰᵃʳᵏ ˢᵖᵃᵈᵉ :
ဒီသေးသေးလေးဖမ်းလို့ဘာရမာလဲ နယ်စပ်တေမှာ တရားဝင်လိုလုပ်စားနေတာကျတော့ရော
2026-09-17 21:36:09
2
🇲🇲缅甸小妞🇨🇳 :
抓到家门口了
2026-09-18 02:18:22
1
𝒲𝒶𝒾 𝒴𝒶𝓃 𝐻𝓉𝑒𝓉 :
2026-09-17 17:02:44
3
baebae :
နမ့်စန်က ရှမ်းမြောက်လား ရှမ်းတောငိလား
2026-09-17 20:55:07
1
may :
2026-09-18 04:28:19
1
👑 ကာလာ Queen OnlineShop 👑 :
😳😳😳😳
2026-09-18 02:58:48
1
_kyxxxqt hav3 6ig d1ck :
2026-09-17 17:20:41
1
!星期六✝️🩻 :
2026-09-17 16:51:32
1
Nan Cherry :
ထိထိမိမိအရေးယူပါ
2026-09-18 05:25:57
0
အောင်ဆုမဂ်လာအထည်ဆိုင် :
အဲလိုလူတွေအကုန်ဖမ်းပစ်လိုက်မထွက်စေနဲ့
2026-09-18 04:06:51
0
Lin Lin :
များများဖမ်းပေးပါ
2026-09-18 06:12:38
0
စိုင်းမိန်းဆိုင်🍻 :
ဘယ်လိုလိမ်ကြတာလဲပြေညပြပေးအူး
2026-09-18 10:11:51
0
DawSanSanAye(ဂျပန်ကလေးပစ္စည်း) :
Online အဟောင်းရောင်းတဲ့ gp တွေစျေးအရမ်းတန် ပစ္စည်းရှယ်လှ ဖုန်းဆက်ကြည့်ရင် ရှမ်းအသံတွေနဲ့လူကများတယ် ပြီးရင်မကြာဘူး အလိမ်ဆိုပြီးပိုစ်တင်ကြပြီ မရှိလိပ်စာတွေ ရောက်ရင်ဖုန်းဆက်မရတော့ဘူး
2026-09-18 04:02:44
0
(ကြော်ငြာ)阿富传媒工作室🔥 :
ဘဘကတော့လုပ်ပြီ😁
2026-09-17 19:02:43
0
To see more videos from user @iqman154, please go to the Tikwm
homepage.