@.ar1222: ဒီဘဝမှာ လက်မထပ်ဖြစ်တော့ဘူးဆိုတာ သေချာသွားရင်ကော သင် ဝမ်းနည်းမိမှာလား...။ တကယ်တော့ ဘဝလက်တွဲဖော်ကို ရွေးချယ်တာ မှားသွားရင် ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးရဲ့ ခြေလှမ်းတိုင်းက အမှားတွေနဲ့ပဲ ပြည့်နှက်နေလိမ့်မယ်။ ဘယ်သူနဲ့မဆို လက်ထပ်လိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ရလဒ်တွေက လုံးဝကို ကွဲပြားခြားနားပါတယ်။ လူတချို့က သင့်ဘဝထဲကို ဝင်ရောက်လာပြီး နွေးထွေးတဲ့ မီးအိမ်လေးလို အလင်းရောင်တွေ ဆောင်ကြဉ်းပေးတတ်ကြပေမဲ့၊ လူတချို့ကျတော့လည်း သင့်ကို အလင်းပေးဖို့ နေနေသာသာ သင့်ဆီမှာ ရှိပြီးသား နဂိုအလင်းရောင်လေးကိုပါ မှေးမှိန်ကွယ်ပျောက်သွားအောင် လုပ်ပစ်တတ်ကြတယ်။ ဒါကြောင့်ပဲ ကိုယ့်ဘဝထဲကို အလင်းရောင်ပေးမယ့်သူမျိုးကို သေချာရွေးချယ်ဖို့ လိုအပ်တာပါ။ အိမ်ထောင်ဖက်တစ်ယောက်မှာ အရေးကြီးဆုံးက ကိုယ်ချင်းစာစိတ် ရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့၊ စိတ်ထားဖြူစင်ဖို့နဲ့ ကောင်းမွန်တဲ့ မိသားစုအသိုင်းအဝိုင်းက ဖြစ်ဖို့ပါပဲ။ ဘဝဆိုတာ ဘတ်စ်ကားမှတ်တိုင်တစ်ခုနဲ့ တူတယ်။ မှတ်တိုင်တိုင်းမှာ မတူညီတဲ့ ရှုခင်းတွေ၊ မတူညီတဲ့ အမှတ်တရတွေနဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိကြတာချည်းပါပဲ။ အသက်တစ်နှစ်ကြီးလာတိုင်းမှာလည်း မတူညီတဲ့ စိတ်ခံစားမှုတွေ ရှိလာတတ်စမြဲမို့.... ရွေးချယ်မှုတစ်ခု မှားသွားတာနဲ့ ဘဝဟာ အဆမတန် ပင်ပန်းသွားတတ်ပါတယ်။ ဒါကြောင့် မင်းကို တွေ့တာနဲ့ တန်းပြုံးတတ်တဲ့သူမျိုးနဲ့သာ ဘဝခရီးကို အတူတူ လျှောက်လှမ်းပါ။ အကယ်၍ အဲဒီလိုလူမျိုးကို မတွေ့သေးဘူးဆိုရင်တော့... မိမိကိုယ်ကိုသာ ပိုပြီး တန်ဖိုးထားစောင့်ရှောက်ရင်း ပိုချစ်ယူပါနော်။...crd
Thae
Region: MM
Friday 18 September 2026 01:30:24 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @.ar1222, please go to the Tikwm
homepage.