@dee.ppw1257: နန်းတော်ကြီး၏ အနောက်ဘက်ခြမ်း ကြာပန်းကန်စပ်ရှိ ရွှေရောင်စံအိမ်တော်တွင်မူ အခြားသော အိမ်ရှေ့စံမင်းသမီး သုံးပါးနှင့် ၎င်းတို့၏ ကိုယ်ရံတော် သိုင်းပညာရှင် သုံးဦးတို့ရဲ့ နေရာပင် ။ ဆောင်းဦးည၏ လရောင်က ရေပြင်ပေါ်တွင် ထင်ဟပ်နေတယ်။ 1.Joongdunk ကျောက်စိမ်းပြတင်းပေါက်နားမှာ ရပ်နေတဲ့ မင်းသမီးDunkက လမင်းကြီးကို ငေးကြည့်ရင်း သက်ပြင်းချနေရှာတယ်။ သူမဟာ အလှအပဘက်မှာ နာမည်ကြီးသလို စိတ်ထားနူးညံ့သိမ်မွေ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ အမှောင်ရိပ်ထဲကနေ တိတ်တဆိတ် ထွက်လာတဲ့ သိုင်းပညာရှင် Joong က Dunkရဲ့ ပခုံးစွန်းလေးကို တိုက်မိမတတ် အနားကို တိုးလာပြီး... "လမင်းကို ဒီလောက်တောင် ငေးနေရအောင် မင်းသမီးရဲ့ စိတ်ထဲမှာ ဘယ်လို အပူအပင်တွေ ရှိနေလို့လဲ..." လို့ အသံတိုးတိုးနဲ့ မေးလိုက်တယ်။ Dunkက လှည့်ကြည့်လိုက်ပြီး မျက်တောင်ကော့ကော့လေးတွေ ပုတ်ခတ်ကာ... "ငါ့မှာ အပူအပင်မှ မရှိတာ Joongရာ... ဒါပေမဲ့ ဒီနန်းတွင်းကြီးထဲမှာ တစ်ခါတလေ အထီးကျန်သလို ခံစားရလို့ပါ" လို့ ရိုးသားစွာ ဖွင့်ဟလိုက်တယ်။ Joongရဲ့ ရင်ထဲမှာ အဆမတန် နာကျင်သွားရသလို တစ်ဖက်မှာလည်း ဒီလို ခံစားချက်မျိုးကို သူ့ဆီမှာ လာပြောပြတာကြောင့် ဝမ်းသာသွားတယ်။ သူက သူ့ရဲ့ ဓားမြှောင်ကို ခါးထဲ သေချာထိုးထည့်လိုက်ပြီး ဒန့်ရဲ့ လက်ဖဝါးအေးစက်စက်လေးကို သူ့ရဲ့ လက်နဲ့ အုပ်ကိုင်လိုက်တယ်။ "အထီးကျန်စရာ မလိုပါဘူး မင်းသမီး... ကျုပ် ဒီမှာ ရှိနေတယ်။ကျုပ်ရဲ့ အသက်ကို အရင်းပြုပြီး မင်းသမီးရဲ့ အထီးကျန်မှုမှန်သမျှကို ဖယ်ရှားပေးမယ်လို့ ကတိပေးပါတယ် Dunk..." Joongရဲ့ နှုတ်ဖျားက သူမရဲ့ နာမည်ကို တိုးညှင်းစွာ ခေါ်လိုက်တဲ့အခါ Dunkရဲ့ ဖြူစင်တဲ့ မျက်နှာပြင်လေးတစ်ခုလုံး နီမြန်းသွားပြီး နှလုံးခုန်သံတွေ အရှိန်မြန်လာရတယ်။ 2.Pondphuwin အဲ့ဒီနောက်မှာတော့ နန်းတော်ရဲ့ စာပေဆောင်ဘက်မှာ စာအုပ်တွေ ဖတ်ရှုနေတဲ့ ထက်မြက်လှတဲ့ မင်းသမီးPhuwin နဲ့ အင်အားကြီးမားပြီး ရဲစွမ်းသတ္တိနဲ့ နာမည်ကြီးတဲ့ သိုင်းပညာရှင် ပွန် Pond တို့ရှိနေကြတယ်။ Phuwinက စာအုပ်တွေ များလွန်းလို့ မျက်မှောင်ကြုတ်ကာ ခေါင်းကို နှိပ်နေတယ်။ အဲ့ဒီအချိန်မှာ Pondက လက်ဖက်ရည်ပူပူတစ်ခွက်နဲ့ ဆေးစက်တွေကို ယူလာပေးတယ်။ "အလုပ်တွေ ဒီလောက်များတာကို တစ်ယောက်တည်း ထိုင်လုပ်နေပြန်ပြီလား မင်းသမီး... ကျုပ်ကို အကူအညီတောင်းဖို့ ပြောထားသားပဲ" လို့ Pondက အပြုံးနုနုလေးနဲ့ ပြောလိုက်တယ်။ Phuwinက နှုတ်ခမ်းလေး စူလိုက်ပြီး "ရှင်က ကိုယ့်တာဝန်ကိုယ်လုပ်နေတာပဲလေ ဘယ်လိုလုပ်ပြီး အလုပ်တွေ လာရှုပ်ရမှာလဲ Pond..." လို့ ငြင်းတယ်။ Pondက မနေနိုင်ဘဲPhuwinရဲ့ နောက်ကျောဘက်မှာ ရပ်လိုက်ပြီး သူမရဲ့ ပခုံးသားလေးတွေကို ညင်သာစွာ နှိပ်နယ်ပေးလိုက်တယ်။Phuwinက ရုတ်တရက် တောင့်သွားပေမယ့် Pondရဲ့နှိပ်နယ်ပေးမှုက အင်မတန် သက်သာစေတာကြောင့် ငြိမ်ကျသွားတယ်။ Pond ကPhuwinရဲ့ နားနားကို ကပ်ပြီး "ကျုပ်အတွက်တော့ မင်းသမီးရဲ့ အလုပ်တွေက တာဝန်မဟုတ်ဘဲ...ကျုပ်လုပ်ပေးချင်လွန်းလို့ ဆန္ဒရှိနေတဲ့ ပျော်စရာတစ်ခုပါပဲ Phuwin နည်းနည်းတော့ အနားယူလိုက်ပါတော့လား" လို့ ပြောလိုက်တဲ့ စကားကြောင့် Phuwinဟာ စာအုပ်ထဲက အာရုံတွေ အကုန်လွင့်ပျယ်သွားပြီး Pondရဲ့ ရင်ခွင်ထဲမှာ လုံးဝ နစ်မျောသွားချင်စိတ်တွေ ပေါ်လာရပါတော့တယ်။ 3.Geminifouth နောက်ဆုံးမှာတော့ အတူတူ ဆော့ကစားတတ်ကြပြီး အမြဲတမ်း စကားများ ရန်ဖြစ်နေတတ်တဲ့ အငယ်ဆုံးစုံတွဲ ဖြစ်တဲ့ သိုင်းပညာရှင်Gemini နဲ့ မင်းသမီးFourthတို့ရဲ့ နေရာလေး...။ Fourthက ဥယျာဉ်ထဲက ပန်းပင်လေးတွေကို ဓားနဲ့ လိုက်ခုတ်နေတဲ့Geminiကို လက်ပိုက်ပြီး မျက်စောင်းထိုးနေတယ်။ "ရှင်ကလေ ဘယ်တော့မှ ငြိမ်ငြိမ်ထိုင်မနေဘူး Gem!ငါစိုက်ထားတဲ့ ပန်းပင်လေးတွေကိုပါ လိုက်ဖျက်ဆီးနေတယ်" လို့Fourthက အော်ပြောတယ်။ Geminiက ဓားကို သိမ်းလိုက်ပြီး ရယ်ကျဲကျဲနဲ့ Fourthဆီကို ပြေးလာပြီး"ဟေ့ မင်းသမီးလေး ကျုပ်က ဓားရေးလေ့ကျင့်နေတာပါ။ ပန်းပင်လေးတွေက ကျုပ်ရဲ့ သိုင်းကွက်ထဲ ဝင်လာတာကိုး" လို့ ဆင်ခြေပေးတယ်။ Fourthက ဒေါသထွက်ပြီး လက်သီးဆုပ်လေးနဲ့ Geminiရဲ့ ပခုံးကို ထုလိုက်တယ်။ "လာခဲ့ ခင်ဗျားကို ဒီနေ့တော့ အလွတ်မပေးဘူး" လို့ ဆိုကာ လိုက်ဖမ်းတော့ Geminiက ဟာသလုပ်ပြီး ပြေးပြတယ်။ ခဏနေတော့ Geminiက ရုတ်တရက် ရပ်လိုက်ပြီးFourth သူ့ဆီ ပြေးဝင်လာတာကို ဖမ်းဆွဲကာ ရင်ခွင်ထဲ တန်းထည့်လိုက်တယ်။Fourthရဲ့ မျက်နှာလေးဟာ Geminiရဲ့ ရင်ဘတ်နဲ့ တိုက်မိသွားပြီး ရုတ်တရက် အသက်ရှူရပ်သွားသလို ဖြစ်သွားတယ်။ GeminiကFourth ရဲ့ ဆံပင်လေးတွေကို ထိတွေ့ရင်း ပြုံးစိစိနဲ့ ပြောလိုက်တယ်။ "မင်းသမီးက ကျုပ်ကို လိုက်ဖမ်းတာလား ဒါမှမဟုတ် ကျုပ်ရင်ခွင်ထဲကို တမင်တကာ ပြေးဝင်လာတာလား... ဘယ်လိုပဲဖြစ်ဖြစ်လေ ကျုပ်ရင်ထဲမှာတော့ မင်းသမီးလေး တစ်ယောက်တည်းပဲ ရှိတော့တာ သေချာတယ်" Fourthရဲ့ မျက်နှာတွေ ရဲတက်လာပြီး Geminiရဲ့ ရင်ဘတ်ကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့်Geminiက ပိုပြီး တင်းတင်းဆုပ်ကိုင်ထားလိုက်တာကြောင့် နောက်ဆုံးမှာတော့ ရှက်ပြုံးလေးနဲ့ ငြိမ်ကျသွားပါတော့တယ်။ #fanfiction #blfanfic #blfan #gmmtv #fypシ゚
🐻🐼♡𝐃𝐞𝐞_𝐩𝐩𝐰♡🐼🐻
Region: MM
Friday 18 September 2026 05:55:19 GMT
Music
Download
Comments
준 :
Wow..phuwin..💕soo pretty
2026-09-18 15:16:54
43
dramalove000 :
🥰🥰🥰
2026-09-18 23:49:31
38
ARMYBTS.97 :
ภูวินสวยมาก
2026-09-19 06:12:27
14
elhiz :
Joong so handsome😍
2026-09-19 01:22:06
2
lisadiah216 :
phuwin paling cantik🥰
2026-09-19 04:40:12
16
anjang anjang :
phuwin his so beautiful 🥰🥰🥰🥰
2026-09-19 07:27:54
5
🌸 ミント 🍡 :
ว้านภูวินสวยมากกกก
2026-09-19 08:14:18
8
🪷Red Lotus🪷 :
🥰🥰🥰🥰 so they wedding now 😘😘
2026-09-19 14:11:19
8
Gmft Ftgf :
Fourth soo pretty and ge so beautiful ❤️🥰
2026-09-18 22:06:09
9
Joong Dunk :
ပုံလေးယူခွင့်ပြုပါနော်Xအကောင့်မှာတင်ချင်လို့ပါ🥰🥰🥰
2026-09-19 11:23:40
1
ปลายฟ้า คนขี้เหงา :
พุพุสวยมาก🥰🥰🥰🥰
2026-09-18 23:54:13
4
🍀KHAM🐻❄️ :
ဖူဖူ လေးက လှရက်လိုက်တာ ကွယ်🥰
2026-09-19 06:56:53
1
leena :
ภูวินหวานมากลูก
2026-09-18 11:55:46
18
✨️ :
power rangers gangs
2026-09-18 14:38:19
8
Mila🦅🪶 :
ဘယ်သူလေတွေးလဲလိုသေချာကြည်ယူရတယ်🤭🤭
2026-09-19 06:35:45
1
Lianys Arboleda :
Que hermosa se ve Phuwina ,😂😂🥰🥰🥰🥰
2026-09-18 15:26:58
6
caramel 🌻 :
แม่นางน้อยน่ารักมากทั้งสามคนเลย 🥰
2026-09-18 19:15:30
9
BL🩷CK PI🩶K :
dunk cantik banget
2026-09-18 16:11:08
11
Edlynne🍀🌸 :
aaa syantikkkk banget😳
2026-09-19 03:18:27
3
Ra Fashion Gallery :
Phuwin ao pretty n pond so manly n charming
2026-09-19 05:27:30
4
Thá Zin :
2026-09-19 04:35:40
2
hninwuttyee018 :
2026-09-19 02:22:04
1
sea :
🥰🥰
2026-09-19 04:14:59
1
vv :
Amé
2026-09-19 03:31:40
1
To see more videos from user @dee.ppw1257, please go to the Tikwm
homepage.