@user720503000: သူတို့နှစ်ယောက်ရဲ့ Video လေးကို မြင်လိုက်ရတဲ့အချိန်မှာ မနာကျင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ရင်ထဲမှာ တစ်စုံတစ်ရာ ကျိုးပဲ့သွားသလို ခံစားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ အသိတရားတစ်ခု ဝင်လာခဲ့တယ်။ "၁၂ နှစ်နီးပါး လက်တွဲခဲ့တဲ့သူတောင် ချန်ထားခံခဲ့ရသေးတာပဲ… ငါလို ၉ နှစ်ကျော်လောက် ချစ်ခဲ့တဲ့သူက ဘာများ အရေးပါနေဦးမှာလဲ…" အဲ့ဒီအတွေးနဲ့ ကိုယ့်ကိုယ်ကို ပြုံးပြုံးလေး ပြန်ဖြေသိမ့်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီအပြုံးရဲ့ နောက်ကွယ်မှာတော့ မျက်ရည်တွေ ရှိနေခဲ့တာပေါ့။ တစ်ချိန်က ကိုယ်ထင်ခဲ့ဖူးတယ်… မင်းက အချစ်ကို မဖော်ပြတတ်တဲ့သူလို့။ ဂရုစိုက်တတ်ခြင်းတွေ မရှိတဲ့သူလို့။ ရိုမန်တစ်ဆန်ဖို့ မသိတဲ့သူလို့။ ဒါပေမယ့် နောက်ဆုံးတော့ သိလိုက်ရတယ်။ မင်း မချစ်တတ်တာ မဟုတ်ခဲ့ဘူး။ ကိုယ့်ကို မချစ်ခဲ့တာပဲ။ မင်း မရိုတတ်တာ မဟုတ်ခဲ့ဘူး။ ကိုယ့်အတွက် မရိုချင်ခဲ့တာပဲ။ မင်း မဂရုစိုက်တတ်တာ မဟုတ်ခဲ့ဘူး။ ကိုယ့်ကို ဂရုစိုက်ဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့တာပဲ။ လူတစ်ယောက်ဟာ သူတကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ အားလုံး ထွက်လာတတ်တယ်။ တန်ဖိုးထားတတ်တယ်… လက်မလွှတ်ချင်တတ်ဘူး… ဆုံးရှုံးရမှာကို ကြောက်တတ်တယ်… ကိုယ်တောင်းခဲ့ရတဲ့ အရာတွေကို တခြားတစ်ယောက်က အလိုလို ရနေတဲ့အချိန်မှာတော့ ကိုယ်ဘယ်နေရာမှာ ရပ်နေခဲ့သလဲဆိုတာ နားလည်သွားခဲ့တယ်။ နာကျင်ခဲ့တယ်… တကယ်ကို နာကျင်ခဲ့တယ်… ဒါပေမယ့် အဲ့ဒီနာကျင်မှုထက် ပိုဝမ်းနည်းရတာက ၉ နှစ်ကျော်လုံး ကိုယ်ဟာ မင်းရဲ့ နောက်ဆုံးရွေးချယ်မှု ဖြစ်မလာခဲ့တာကို သိလိုက်ရခြင်းပဲ။ တစ်ချိန်က ကိုယ်က မင်းကို ဘဝတစ်ခုလုံးလို့ သတ်မှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းအတွက်တော့ ကိုယ်ဟာ ဘဝတစ်ခုလုံး မဟုတ်ခဲ့ဘူး ထင်ပါတယ် ချစ်သောရေ… ဒါကြောင့် အခုတော့ မင်းကို မမုန်းတော့ဘူး။ မင်းဆီက အချစ်ကိုလည်း မတောင်းတော့ဘူး။ ကိုယ်ချစ်ခဲ့တဲ့ ၉ နှစ်ကျော်အချိန်တွေကိုပဲ တိတ်တိတ်လေး ပွေ့ဖက်ထားလိုက်တော့မယ်။ ဘာလို့လဲဆိုတော့… တစ်ချို့လူတွေဟာ ရင်ဘတ်တစ်ခုလုံး ပေးခဲ့ပေမယ့် တစ်ဖက်လူရဲ့ နှလုံးသားထဲမှာတော့ နေရာလေးတောင် မရခဲ့ကြဘူးလေ…#ရောက်ချင်တဲ့နေရာရောက် #fpyyyyyyyyyyyyyyyyyyyyyy #CapCut #မူရင်းစားသား

San San Win🥰🐥🍇🎸💜🇲🇲
San San Win🥰🐥🍇🎸💜🇲🇲
Open In TikTok:
Region: SG
Friday 18 September 2026 08:01:38 GMT
346156
15755
155
2016

Music

Download

Comments

saw.sandar.myint7
Shan Shan တို့မေမေ (မဗိုက်လေး) :
ငါသာဆိုလဲနန်းစုကိုပဲရွေးမှာ အလှလဲကြိုက်တယ်အသန့်လဲကြိုက်တယ် အိမ်မူလဲလုပ်တက်တယ် ဘယ်ခေတ်ရောက်ရောက်အလိုက်သင့်နေတက်တယ် ငါသာယောကျာ်းဆို သူကိုပဲရွေးမှာ😁
2026-09-19 03:14:17
185
daw.nway.nway.hlai
7/. 𝓝𝔀𝓪𝔂. 🦂🦂 :
ငါသာယောက်ျားလေးဆိုရင်လဲနန်းစုပဲယူမှာ နာမည်ပျက်လဲမရှိဘူး သူနဲ့ကြိုက်တဲ့သူတွေအပေါ်သစ္စာရှိရှိနဲ့အစွမ်းကုန်ချစ်ပေးတာ ပြတ်သွားမှသာနောက်တစ်ယောက်ထားတာ ဘက်စုံတော်သောအမျိုးကောင်းသမီးလေးပါ❤️
2026-09-19 05:23:56
55
kzco007
khaingzarchioo :
လိုက်ဖက်တယ် နှခေါင်းလေးတွေကအစ😁
2026-09-19 03:44:35
52
oneonemaymay111
1️⃣1️⃣One One Mommy :
ငယ်ရွယ်စဉ်မှာ နှလုံးသားနဲ့ရွေးချယ်ကြသလို ကြီးလာတဲ့အခါ ကျ ဦး ေနှာက်နဲ့ပဲရွေးချယ်ကြတယ်
2026-09-19 04:52:04
29
user1187805345327
Wai Wai :
စိတ်မကောင်းဖြစ်မိတယ်သူတို့မြင်ပီးဘာလို့မပျော်တာလဲနော် အခြားတယောက်ကြောင့်များလား
2026-09-19 03:46:04
13
20252025bs
Lee Xing :
သူတို့ကိုကြည့်ပြီး နန်းဆုဘယ်လောက်တော်တဲ့မိန်းကလေးလည်းဆိုတာ ခန့်မှန်းမိတယ်
2026-09-19 05:48:05
14
phoenixshwehtar
Mudita53 :
Money is power အာ့လ်ုပဲ မြင်တယ်
2026-09-19 04:22:38
15
yoon419880
Yoon'mommy :
နန်းစုကို တယောက်တည်းအနေနဲ့ကြိုက်တယ် လွှမ်းပိုင်ကိုလဲ Bsoxနဲ့တုန်းက အရမ်းကြိုက်ခဲ့တာ အခု ကိုယ်ယူထားတဲ့ယောင်္ကျားချစ်သူသက်တမ်းနဲ့သူတို့ချစ်သူသက်တမ်းကတူတူမို့လို့ ပိုသတိထားမိတယ် သူတို့ပြတ်သွားကတည်းက လွှမ်းပိုင်ကို မြင်ရင်စိတ်နာသလိုကြီး ကောင်မလေးကိုသနားတယ် ကိုယ်သာ နန်းစုနေရာမှာဆို လွှမ်းပိုင်ကို မရွေးချယ်ဘူး ဘယ်လောက်ချစ်ပြ ချစ်ပြ
2026-09-19 06:39:10
15
miazin07
Mia :
အချိန်တန်တော့လည်း ယောက်ကျာ်းတွေက သင်္ချာပညာရှင်တွေချည်းပဲ ၊ အတွက်အချက်တွေကထိပ်ဆုံးက ၊ချစ်သူထားပီးရင် တကိုယ်တည်းရုန်းကန်ပီးတင့်တင့်တယ်တယ်ထားဖို့မပြောနဲ့ နှစ်ကိုယ်တူ ကိုပဲကြိုးစားဖို့စိတ်ကူးမရှိဘူး ၊ အဆင်သင့် ငွေရှာနိုင်တဲ့မိန်းမကိုကောက်ကောက်ပါအောင်ရွေးချယ်သွားတာ။ နောက်တစ်ယောက်ကျ တမင်လုပ်ပြနေသားတောင်အောင်းမေ့ရတယ် ချစ်ပြကြင်နာပြနေတာမြင်တောင်မကောင်းဘူး ။ ယူပီးတာတောင်ဖောက်ပြန်နေတဲ့ခေါတ်မှာ လူတိုင်းကလက်မထပ်ခင်ရွေးချယ်နိုင်တယ် Choice ဆိုတာလက်ခံပါတယ် ၊ သို့သော် ထားခဲ့တဲ့တစ်ဖက်မိန်းခလေးကိုလည်း ငဲ့ညှာ စာနာထောက်ထားသင့်ပါတယ် ၊ အတူပျော်ခဲ့ကြတယ်ဆိုပေမည့် ပျိုမြစ်နုနယ်မှုတွေ ၊ တန်ဖိုးရှိတဲ့အချိန်တွေ ၁၀ စုနှစ်တစ်ခုစာ နေ့ရက်တွေက ပြန်တွေးတိုင်း ရင်နာနာနဲ့စိတ်ဒဏ်ရာတွေအဖစ်ပဲကျန်ခဲ့မှာပါ။ မိန်ကလေးတစ်ယောက်ဘဝမှာ ကြောက်စရာအကောင်းဆုံးက ကိုယ့်ဖက်ကချစ်လို့အရာအားလုံးအချိန်ကြာမြင့်စွာနဲ့ မရေမရာနဲ့ သူကိုယ့်အပေါ်ဘယ်တော့ ကြိုးစားပေးမလဲ ဘယ်တော့ပိုကောင်းပေးမလဲ ဘယ်တော့ ၂ ကိုယ်တူဘဝထူထောင်ဖို့တွေးမလဲ စောင့်နေရတာရင်အနာရဆုံးပါပဲ ။ ဒါကြောင့် သူတို့ဇာတ်လမ်းကိုကြည့်ပီးသိလာရတာက ယောက်ကျားတစ်ယောက်က ကိုယ့်အတွက် မကြိုးစားဘူး ဘာ Plan မှမရှိရင် ကိုယ်ဘယ်လောက်ချစ်ချစ်လက်တွဲဖြုတ်ခဲ့တာအမှန်ကန်ဆုံးပါပဲ ။ တစ်ချို့တစ်လေ ကြိုးစားတယ် သို့သော် သူ့ရဲ့ကြိုးစားမှုအောင်မြင်မှုတွေက ကိုယ့်အတွက်မဟုပ်ပြန်ရင်လည်း လှည့်ထွက်ရဲတဲ့သတ္တိရှိရပါမယ် ၊ မိန်ကလေးတစ်ယောက်ရဲ့ ပျိုမြစ်နုနယ်ချိန်တွေက Limit ရှိတာမို့ တစ်ဘဝစာတန်ဖိုးရှိတာမို့ ။
2026-09-19 09:02:37
5
mayzonwin5luckygirl
mayzonwin5luckygirl :
Bsox တော်တော်ခံစားရမာနော်
2026-09-19 02:51:36
7
daw.thae.su.mon26
💫 :
သူစိမ်းတေပြန်ဖြစ်ဖို့ ၆နှစ် ရင်းနှီးခဲ့ကြရတယ်😰
2026-09-19 05:55:19
3
nan.than.oo
Nan Than Oo :
Gfat နဲ့ပိုလိုက်တယ်ကွယ်နန်းစု ရေ🥰
2026-09-19 06:36:43
0
khin.lay97663
khin lay :
အမှန်ပါဘဲ
2026-09-19 05:59:21
2
waiwai877
Wai Wai Aung🖤 :
၁၃နှစ်တာအချိန်က မိန်းခလေး၁ယောက်ကိုလက်ထပ်ဖို့မလုံလောက်ခဲ့ဘူးလား💔
2026-09-19 06:37:17
2
hanlay1663
🌹han lay☘️166💐 :
အရမ်းမှန်တာပေါ့ မမရယ် 🙂🙂
2026-09-19 05:48:36
2
sumyathtwe892
🇲🇲Ma Su💚🇯🇵🇯🇵 :
ဟုတ်တယ်
2026-09-19 06:09:42
2
khamhtaewah
Khamhtaewah :
တစ်ဘက်မိန်းကလေးကနစ်နာမှူ့တွေချည်ပါပဲ
2026-09-19 05:29:59
2
2345aeio
🇨🇳🇨🇳 :
စာဖတ်ပြီးး မျက်ရည်ကျမိ ကိုယ့်ကိုလဲ ဆယ်နှစ်ကျော်တွဲပြီး လွန်ခဲ့တဲ့လပိုင်းလောက်ကနောက်တယောက်တွဲသွား ကို့ကိုကျ သူအိမ်ထောင်ပြုချင်စိတ်မရှိလို့ဆိုပြီး ပြောသွားတာ
2026-09-19 07:57:29
2
shwesinhtet48
Vê :
အခုချိန်မို့သာ လွမ်းပိုင် ပျော်နေနိုင်တာ တစ်ချိန်ချ သူဖွင့်ချမပြရင်တောင် b ကို တမ်းတမှာ အသေချာပဲ ဘာလို့ဆို သူ့ကို ချစ်ခဲ့တဲ့လူဆို ဆုံးရှုံးရတာ ဘယ်လောက်ဆိုးတဲ့ လုပ်ရပ်လဲဆိုတာ အခု သူမသိန်ုင်သေးဘူး
2026-09-19 04:40:41
6
.79755
Nan nan :
ဖူးစာပါလို့ညားတာ ရွှေထူး ရွှေမုံရတီ စံပြပဲ😅
2026-09-19 07:28:04
2
khinthiri.kyaw5
🤍🤍Thiri🥑🥑 :
မမြင်ရက်ဘူး ၂ ယောက်လုံးကိုတစ်ယောက်ချင်းစီကြိုက်တယ် ၂ယောက်ကိုလဲကြိုက်တယ် ထက်ထက်လေးကို ပိုချစ်ပြီးသနားတာ ခုထိမြင်ရတိုင်း ကိုယ်ခံ၀ားရသလို နာကျင်ရတယ်
2026-09-19 05:43:46
2
smile86226
py :
ရေစက်ကလဲကျောက်စရာဘဲ😔
2026-09-19 05:34:24
1
an.moe051
🕊️ Moe🕊️ :
👍👍👍👍👍👍👍👍မှန်နေရော👍👍👍
2026-09-19 05:56:32
1
van89785
Pyae :
ကျွန်မအထင်တော့မယူပဲတွဲတာကြာလာတော့လက်ထပ်ဖို့စိတ်ကိုမကူးတော့တာယောက်ျားသဘာဝကတော့မရသေးတာကိုတန်ဖိုးထားပြီးပိုလိုချင်တက်ကြတယ်အမျိုးသမီးများကကိုယ့်တန်ဖိုးကိုယ်ထိမ်းထားသင့်တယ်တွဲတာကြာလို့ယူမဲ့စိတ်ကူးမရှိရင်ဆက်မတွဲသင့်ပါ
2026-09-19 08:21:54
1
mamawaiwai37
ma ma wai :
ညီမပြောတာအရမ်းမှန်တယ်
2026-09-19 03:00:45
2
To see more videos from user @user720503000, please go to the Tikwm homepage.

Other Videos


About