@a01.burma: ၁၉၆၁ ခုနှစ်ဝန်းကျင်က ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ဒညင်းကုန်း နိုင်ငံတော်အုတ်ကြွပ်စက်ရုံနဲ့ ဂေါက်ကွင်းဘူတာအကြား ပြေးဆွဲနေတဲ့ ရထားကို တွေ့ရမှာဖြစ်ပြီး၊ အနောက်ဂျာမနီနိုင်ငံထုတ် တတိယမြောက် Talbot DMU ဒီဇယ်ရထားတွဲဆိုင်း ဖြစ်ပါတယ်။ Talbot DMU တွေဟာ ၁၉၅၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ စုစုပေါင်း ၂၁ စီးအထိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ အသုံးပြုခဲ့ပါတယ်။ Motor–Trailer–Motor ပုံစံနဲ့ ပြေးဆွဲခဲ့ပေမယ့် ဒီရထားတွေမှာ အဲကွန်းမပါဝင်ခဲ့ပဲ ပြတင်းပေါက်တွေရဲ့ အောက်ပိုင်းကလည်း အသေဖြစ်တဲ့အတွက် ရန်ကုန်လို ပူပြင်းစိုထိုင်းတဲ့ ရာသီဥတုမှာ ခရီးသည်တွေအတွက် အဆင်ပြေမှုနည်းခဲ့ပြီး နောက်ပိုင်း ပြုပြင်ထိန်းသိမ်းရေးအခက်အခဲတွေကြောင့် DMU အဖြစ် မဆက်လက်အသုံးပြုတော့ဘဲ ရထားတွဲတွေကို ခရီးသည်တင်တွဲအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဒီလိုနဲ့ Talbot ရထားတွဲတွေဟာ နောက်ပိုင်း LBT/LBTX 900 အဖြစ် ဆက်လက်အသုံးပြုခဲ့ရပြီး ရန်ကုန်မြို့ပတ်ရထားသမိုင်းထဲမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ #မြန်မာ့မီးရထား #မြန်မာ #myanmar_tiktok #A01Burma

A01
A01
Open In TikTok:
Region: MM
Friday 18 September 2026 08:02:15 GMT
28968
1757
43
71

Music

Download

Comments

strongtiger231
Enceladus :
အရပ်သားအစိုးရ လက်ထက်ပေါ့ဗျာ ၁၉၄၈-၆၁
2026-09-18 17:04:16
11
kothantsin007
Ko Thant Sin :
DRC
2026-09-19 07:59:54
1
aungkokohlaine
Namifumi_濤史_🌊 :
What is mean DMU?
2026-09-18 17:51:09
1
naung.naung1664
naung naung :
ဘာကြောင့် ရထားတွေ စုတ်ပြတ်သွားတာလဲ၊1961 နှစ်တုန်းကကောင်းပြီး ခုထိ ဘာလို့ ရထားတွေ စုတ်ပြတ်နေရတာလဲ ???? ဘာကြောင့်လဲ
2026-09-19 06:19:44
3
mithrandir_9
Mithrañdir :
မြန်မာ့မီးရထားပြတိုက် တခုရှိသင့်ပြီ နိုင်ငံတဝှန်း လုံးဝမပြေးဆွဲတော့တဲ့ တွဲဟောင်း ခေါင်းဟောင်းတွေကို တစုတစည်းတည်းပြန်သယ်ပြီး ပြတိုက်ပြုလုပ်သင့် may be in Nay Pyi Taw or somewhere else....
2026-09-18 10:28:42
12
kobagyi10
kobagyi :
ဒို့ငယ်စဥ်ကဒီဇယ်ရထားလို့ခေါ်ခဲ့ကြတယ် သူ့အရင်ကရထားတွေကမီးသွေးရေနွေးငွေ့ခေါင်းတွဲတွေမို့
2026-09-19 12:00:20
1
michael.rail.edit
Michael Edits :
ယူသုံးခွင့်ပြုပါဗျာ🥰
2026-09-18 09:02:06
3
a01.burma
A01 :
၁၉၆၀ မှ ၁၉၆၂ ခုနှစ်အတွင်း ကုလသမဂ္ဂ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်အောက်တွင် ဓာတ်ပုံဆရာ Francois Arseneault က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ 1960年から1962年にかけて、国連の農村開発計画の一環として、写真家のフランソワ・アルセノー(Francois Arseneault)氏によって撮影されました。
2026-09-18 08:44:17
10
moezaw6854
Moe Zaw :
၇၄မှာမီးရိူ့ခံရတယ်လို့တော့ကြားဖူးတယ်
2026-09-18 22:55:52
0
h_tvlogs99
•|𝗛𝗻𝗶𝗻𝗲 𝗛𝘁𝗲𝘁|•🇲🇲☸︎ :
ကျွန်တော့်အဘွားပြောတာက အခုရထားတွေက အဲ့ရထားကိုမမှီဘူးတဲ့🥰🥰🥰
2026-09-18 09:56:45
8
fulcrum_ft
Fulcrum Ft :
That’s a really rare footage
2026-09-18 08:37:13
2
no747202
椹•|RONALDO.ヅ :
ဂျပန်က စစ်လျှော်ကြေးပေးတဲ့ရထားလို့သိခဲ့ရတယ်။ ဟီးနိုးကားတွေပါ ပါပါတယ်။
2026-09-19 00:41:21
2
aung.win.myint43
Aung Win Myint :
၁၉၆၅ခုနှစ်ကအဖေမောင်းတုံးကလိုက်စိးဘူးတယ်
2026-09-18 10:22:17
4
myothant1495
MYO THAN :
၁၉၇၅မြို့ပတ် ခေါင်းလှည့် စီးဘူးခဲ့တယ်
2026-09-19 13:58:20
1
linthantaung818
Lin Thant Aung818 :
အဲ့တုန်းကရထားကမှသန့်သေးတယ်
2026-09-18 13:55:39
2
metwe66
Me Twe :
ဂျကန်စစ်လျှော်ကျေးပေးတဲ့ရထားတေလို့ကြားဘူးတယ်ငယ်ငယ်က
2026-09-18 14:12:39
1
heinz.field
Heinz field :
၁၉၇၄ မှာဝမ်းနည်းစရာမီးရှို့ခံလိုက်ရသော!!
2026-09-18 10:58:30
1
okoissl0
နာမည်ဆိုးနဲ့လူ :
လှတာ
2026-09-18 14:06:23
1
khinmg.htwe661
Khinmg Htwe :
ဒီရထားစီးဘူးပါတယ်။
2026-09-18 16:03:24
1
ye.win0420
Ye Win :
အဲ့ရထားလှတယ်နော်[Heartwarming]
2026-09-18 13:47:00
1
kyaw.hlaing382
Kyaw Hlaing :
ရောက်ခါစက ကြည့်မှန်တာင်ပါတယ်
2026-09-18 15:06:39
1
lonely191983a
ၵူၼ်းၵေႃႉလဵဝ် :
1999-2000 ပြည့်လွန်နှစ်တွေမှာတော့ ဂျပိုးအလွန်ကိုက်တဲ့မြို့ပါတ်ရထားကို စီးခဲ့ဖူးပါတယ်ဗျ😁
2026-09-19 04:49:24
1
soloduckventures.yt
Solo Duckventures 🦆 :
Thanks for uploading this! It's usually really hard to find clear footage of Talbot DMUs, especially the newer models from around 1960 like this one.
2026-09-18 09:06:41
2
yethuaung100
Ye Thu Aung :
video ကအတော်ကြာခဲ့ပြီပဲ
2026-09-18 16:27:04
1
htun.naing.oo601
Htun Naing Oo :
တိုးတက်မှုရှေ့ဆုံးကပြေးခဲ့ပြီးမှ နောက်ဆုံးမှာကျန်ခဲ့တာပါ၊ MTU Maybach underfloor engine နဲ့ automatic door opening system တွေပါဝင်တဲ့ မြို့ပတ်တွဲဆိုင်းတွေပါ၊ ပြည်တော်သာစီမံကိန်းအချိန်ကပါ၊
2026-09-22 02:22:05
0
To see more videos from user @a01.burma, please go to the Tikwm homepage.

Other Videos


About