@iprd.mawlamyine: 18.9.2026(3:57)pm မင်းကွတ်သီး စားပြီးရင် အခွံတွေကို မလွှင့်ပစ်လိုက်ပါနဲ့။ မင်းကွတ်သီးခွံမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သဘာဝဓာတ်ပေါင်းတွေ အများအပြား ပါဝင်နေလို အခြောက်လှန်းပြီး သိမ်းဆည်းထားသင့်ပါတယ်ရှင်။ ၁။ အရေပြားရောဂါအမျိုးမျိုးအတွက် မင်းကွတ်သီးခွံဟာ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊ ရေယုန်၊ ပြည်တည်နာ၊ ရေကျောက်နဲ့ အဖုအပိမ့်တွေကို ကုသရာမှာ အလွန်ထိရောက်ပါတယ်။ • အသုံးပြုနည်း (က): မင်းကွတ်ခွံခြောက်ကို ထုံးရေကြည်နဲ့ ပျစ်လာအောင် သွေးပါ။ ရရှိလာတဲ့ ဆေးနှစ်ကို ပြည်တည်နာ၊ အရည်ကြည်ဖု ဒါမှမဟုတ် ပွေးရှိတဲ့နေရာတွေမှာ တစ်နေ့ (၂-၃) ကြိမ် လိမ်းပေးနိုင်ပါတယ်။ • အသုံးပြုနည်း (ခ): မင်းကွတ်ခွံခြောက် (၁-၂) ခုကို ရေ ၁ လီတာနဲ့ ဆူအောင်ပြုတ်ပြီး အနာတွေကို တစ်နေ့ (၃-၄) ကြိမ် ဆေးကြောပေးပါ။ ၂။ ခြေထောက် ရေဝင်အနာများအတွက် ခြေထောက် ရေစားတာ ဒါမှမဟုတ် ရေဝင်လိုဖြစ်တဲ့ အနာတွေအတွက် မင်းကွတ်ခွံခြောက်ကို ရေနဲ့ပျစ်ပျစ်သွေးပြီး တစ်နေ့ (၃-၄) ကြိမ် လိမ်းပေးပါ။ အနာတွေကို မြန်မြန်ခြောက်သွေ့စေဖို ကူညီပေးပါလိမ့်မယ်။ ၃။ ခံတွင်းကျန်းမာရေးအတွက် မင်းကွတ်ခွံမှာ ဘက်တီးရီးယားနဲ့ မှိတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိလို ခံတွင်းနာတာတွေအတွက် အထူးကောင်းမွန်ပါတယ်။ • အသုံးပြုနည်း: မင်းကွတ်ခွံပြုတ်ရည်နဲ့ ပါးစပ်ကို ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းအတွင်းရှိ ပိုးမွှားများကို သေစေနိုင်ပါတယ်။ ၄။ ဝမ်းပျက်၊ ဝမ်းလျှောနှင့် သွေးဝမ်းအတွက် နာတာရှည် ဝမ်းလျှောခြင်းနဲ့ သွေးဝမ်းသွားတာတွေကို သက်သာစေဖို အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်- • နည်းလမ်း (၁): မင်းကွတ်ခွံခြောက် (၁) ခုကို ရေနဲ့ (၅-၁၀) မိနစ်ခန့် ပြုတ်ပါ။ အဆိုပါ ပြုတ်ရည်ကို တစ်ခါသောက်ရင် ထမင်းစားဇွန်း (၁) ဇွန်းနှုန်းနဲ့ (၄) နာရီခြား တစ်ခါ သောက်ပေးပါ။ • နည်းလမ်း (၂): မင်းကွတ်ခွံခြောက် တစ်ခြမ်းကို မီးအနည်းငယ်နဲ့ ကင်ပြီး အမှုန့်ပြုလုပ်ပါ။ ၎င်းအမှုန့်ကို ရေဖန်ခွက်တစ်ဝက်နဲ့ ဖျော်ပြီး (၂) နာရီခြားတစ်ခါ သောက်ပေးခြင်းဖြင့် ဝမ်းရောဂါလက္ခဏာတွေကို သက်သာစေမှာ ဖြစ်ပါတယ်ရှင်။ မှတ်ချက်။ ။ သဘာဝဆေးနည်းများ ဖြစ်သော်လည်း ရောဂါအခြေအနေ ပြင်းထန်ပါက သက်ဆိုင်ရာ ဆရာဝန်နှင့် တင်ပင်ဆွေးနွေးရန်လိုအပ်ပါတယ်ရှင်။ #healthtalk #ကျန်းမာရေး #သဘာဝဆေးနည်း #healthcare #မင်းကွတ်သီး

IPRD Mawlamyine
IPRD Mawlamyine
Open In TikTok:
Region: MM
Friday 18 September 2026 09:27:37 GMT
5608
69
0
18

Music

Download

Comments

There are no more comments for this video.
To see more videos from user @iprd.mawlamyine, please go to the Tikwm homepage.

Other Videos


About