@sandakuu.ashinpyi: #နှိုးဆော်လွှာ 🌹🌹🌹🌹🌹🌹🌹 🍀ဒီလောကကြီးအတွင်း၌ ရုန်းကန်လှုပ်ရှား သွားလာနေကြရသော ရှင်လူအများ သတ္တဝါ အားလုံးတို့သည် လာဘ၊ အလာဘ ယသ၊ အယသ နိန္န၊ ပသံသ သုခ၊ ဒုက္ခ ဟူသော (လောကဓမ္မ) လောကဓံများကို မလွဲမသွေ တွေ့ကြုံခံစားရပေမည် 🍂ထိုလောကဓံများကို ဘုရားသော်မှ ရှောင်ကွင်း၍ မရနိုင်ရကား ပုထုဇဉ်သာမည ကျွန်ုပ်တို့သည်လည်း ခံနိုင်ရည်ရှိအောင် လေ့ကျင့်ဖို့ကလွဲ၍ အခြားမရှိတော့ပြီ 🌺လူတို့သည် ကိုယ်ကာယ ကြံ့ခိုင်အောင် လေ့ကျင့်စရာ နည်းလမ်းများ ရှာဖွေကာ လေ့ကျင့်ခန်း ပြုလုပ်ကြသော်လည်း 🌸စိတ်ဓာတ် ကြံ့ခိုင်အောင် လုပ်ဆောင်စရာ နည်းလမ်းများ ရှာဖွေ၍ စိတ်လေ့ကျင့်ခန်း အလုပ်ကိုကား လုပ်ဖြစ်သူ နည်းပါးကြလေသည် 🍁 ဒါကြောင့်လည်း လောကဓံမုန်တိုင်းနှင့် တွေ့ထိကြရတဲ့အခါ တရားလက်လွတ် ငှက်တောင်ကျွတ်ကဲ့သို့ အထိမ်းအကွပ်မဲ့စွာ ခံစားကြရပေသည် ဆိုတော့ 🌻စိတ်ကြံ့ခိုင်ရေး နည်းလမ်းများကို ဘုရားဟော စာပေများ ဖတ်ရှု့ခြင်း တရားနာယူခြင်းဖြင့် ရှာဖွေကာ မိမိစိတ်ထားကို ကြံ့ခိုင် သန်စွမ်းအောင် လေ့ကျင့်ယူရပေမည် 🪸ထို့ကြောင့် ဓမ္မစကား ၊ နေတိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏ ဆိုတဲ့အတိုင်း မအားမလပ်ကြသော်လည်း အမှားရဟတ် အလည်ရပ်စေဖို့ တရားနာကြပါလေကုန်လော့ဟု တိုက်တွန်း နှိုးဆော်ပါသတည်း။ 🌹မေတ္တာနှလုံးသားဖြင့် အမုန်းတရား ကင်းပါစေ ✍️စန္ဒကူး- အရှင်ပညာနန္ဒ ( အင်းစိန်)

အရှင်ပကတျာနန္ဒ (စန္ဒကူး)
အရှင်ပကတျာနန္ဒ (စန္ဒကူး)
Open In TikTok:
Region: US
Friday 18 September 2026 10:16:15 GMT
324
34
4
0

Music

Download

Comments

nkm882005
Nang Kham Man :
🙏🙏🙏
2026-09-18 13:54:19
0
khaing.lay56926
khaing Lay :
🙏🙏🙏
2026-09-18 10:22:06
0
pyae.phyo.aung7146
"ပြည့်ဖြိုးအောင် မြန်မာမှု" :
🙏🙏🙏
2026-09-18 10:19:27
0
user499840118
Kyu kyu :
🙏🙏🙏🙏🙏
2026-09-18 16:37:10
0
To see more videos from user @sandakuu.ashinpyi, please go to the Tikwm homepage.

Other Videos


About