@ngoc.matcha: Má hồng mini rất đẹp #ngocmatcha #ngocmatchareview

Ngọc Matcha ☘️
Ngọc Matcha ☘️
Open In TikTok:
Region: VN
Friday 18 September 2026 10:58:39 GMT
725
25
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @ngoc.matcha, please go to the Tikwm homepage.

Other Videos

အားလုံးပဲ မင်္ဂလာပါ 🙏 ဒီနေ့တော့ ယာဉ်မောင်း 特定技能 (ဂီနိုး) ဗီဇာလျှောက်တဲ့အခါ ဘယ်လောက်ကြာနိုင်လဲ၊ ကြားထဲမှာ ဘာတွေဖြတ်သန်းရလဲ ဆိုတာကို အကြမ်းဖျင်းရှင်းပြပေးချင်ပါတယ်။ အခုနောက်ပိုင်း ဗီဇာလျှောက်ရင် စောင့်ရတယ်ဆိုတာ သိကြပေမယ့် ကြားထဲမှာ ဘာလုပ်ရလဲ၊ ဘယ်လောက်ကြာနိုင်လဲ မသိထားရင် ဗီဇာစောင့်နေတဲ့ကာလအတွင်း အလုပ်လုပ်ခွင့်မရှိတာကြောင့် ငွေကြေးပိုင်းမှာ အခက်အခဲဖြစ်နိုင်ပါတာမို့ပါ။ အထူးသဖြင့် ယာဉ်မောင်းတိုခုတေးဂီနိုးက 🚚 Truck 🚕 Taxi 🚌 Bus ဆိုပြီး ၃ မျိုးရှိပြီး လုပ်ငန်းစဉ်အနည်းငယ်ကွာပါတယ်။ ※ အောက်မှာရေးထားတာတွေက အမတို့ရဲ့ လုပ်ငန်းအတွေ့အကြုံအပေါ် အခြေခံထားတာဖြစ်လို့ 登録支援 အဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ တစ်ဦးချင်းအခြေအနေအပေါ်မူတည်ပြီး အနည်းငယ်ကွာနိုင်ပါတယ်။ 🚚 Truck တိုခုတေးဂီနိုး အဓိကလိုအပ်တာတွေက ・JLPT N4 သို့ JFT A2 ・အနည်းဆုံး ဂျပန်ဖူဆူးယာဥ်မောင်းလိုင်စင် ・တိုခုတေးဂီနိုးထရပ်အောင်လက်မှတ် လိုအပ်တဲ့စာရွက်စာတမ်းတွေပြည့်စုံရင် 登録支援၊ 行政書士 ရှေ့နေရုံး၊ အလုပ်ဝင်မယ့်သူနဲ့ ကုမ္ပဏီတို့ ပူးပေါင်းပြီး အချက်အလက်ပြင်ဆင်ပြီးနောက် 入管 (လဝက)ကို ဗီဇာတင်ရပါတယ်။ စာရွက်စာတမ်းပြင်ဆင်တဲ့အချိန်ကတော့ တစ်ဦးချင်းနဲ့ ကုမ္ပဏီအခြေအနေအပေါ်မူတည်ပြီး အနည်းဆုံး ၁ လနဲ့အထက် ကြာနိုင်ပါတယ်။ လဝကတင်ပြီးနောက်လည်း ဗီဇာကျဖို့စောင့်ရမှာဖြစ်ပြီး အမတို့ရဲ့ အတွေ့အကြုံအရ အနည်းဆုံး ၁ လခွဲနဲ့အထက် ကြာတတ်ပါတယ်။  စာရွက်စာတမ်းထပ်တောင်းတာ၊ အချက်အလက်ဖြည့်စွက်ရတာရှိရင် ပိုကြာနိုင်ပါတယ်။ 👉 ဒါကြောင့် Interview အောင်ပြီးကနေ အလုပ်စဝင်နိုင်တဲ့အထိ စုစုပေါင်း ၃ လနဲ့အထက်လောက်ကို မျှော်မှန်းပြီး ငွေကြေးပြင်ဆင်ထားတာကောင်းပါတယ်။ 🚕🚌 Taxi / Bus တိုခုတေးဂီနိုး Taxi နဲ့ Bus ကတော့ Truck ထက် လုပ်ငန်းစဉ်ပိုရှည်ပါတယ်။ အဓိကလိုအပ်တာတွေက ・JLPT N3 ・ဂျပန်တက္ကစီယာဥ်မောင်းလိုင်စင်/ ဘတ်စ်ယာဥ်မောင်းလိုင်စင် ・တိုခုတေးဂီနိုးတက္ကစီ/ ဘတ်စ်အောင်လက်မှတ် ဒါပေမယ့် Taxi / Bus လျှောက်ထားသူအများစုက ဂျပန် 二種免許 မရှိသေးတဲ့အတွက် တိုခုတေးဂီနိုးကို တန်းလျှောက်လို့မရဘဲ ကြားထဲမှာ 準備特定活動 ဗီဇာကို အရင်ပြောင်းရပါတယ်။ အကြမ်းဖျင်းအားဖြင့်👇 Interview အောင် ⬇️ 準備特定活動 ⬇️ အလုပ်စဝင် + သက်ဆိုင်ရာ သင်တန်းတက် / ယာဥ်မောင်းလိုင်စင်ရယူ ⬇️ 特定技能 ဗီဇာပြောင်း ⬇️ 特定技能 ယာဉ်မောင်းအဖြစ် တရားဝင်ခရီးသည်တင်မောင်း ဂျပန် 二種免許 ရှိပြီးသားသူဆိုရင်တော့ ဒီအဆင့်တချို့မလိုဘဲ 特定技能 ကို တန်းပြောင်းနိုင်တဲ့အခြေအနေပါ။ ⚠️ အရေးကြီးတာတစ်ခု 準備特定活動 ဗီဇာကျပြီး အလုပ်စဝင်နေပြီဆိုတာနဲ့ ခရီးသည်တင်မောင်းလို့ရပြီလို့ မဆိုလိုပါဘူး။ ယာဥ်‌မောင်းလိုင်စင်ရပြီးနောက် တိုခုတေးဂီနိုးဗီဇာကို ပြောင်းပြီး အဲ့ဒီဗီဇာကျလာမှသာ တရားဝင် တက္ကစီ/ဘတ်စ် ယာဉ်မောင်းအဖြစ် ခရီးသည်တင်မောင်းနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကာလအတွင်း လစာကလည်း သင်တန်း/研修 ကာလအလိုက် ဖြစ်နိုင်တာကြောင့် ဝင်ငွေနည်းနိုင်ပါတယ်။ အမတို့ရဲ့ အတွေ့အကြုံအရ Interview အောင်တဲ့အချိန်ကနေ တရားဝင် တက္ကစီ / ဘတ်စ်ယာဉ်မောင်းအဖြစ် ခရီးသည်တင်မောင်းနိုင်တဲ့အထိ အနည်းဆုံး ၆ လလောက် ကြာတတ်ပါတယ်။ တချို့သူတွေက အခြေအနေအမျိုးမျိုးကြောင့် 準備特定活動 နဲ့ ၁ နှစ်လောက် နေရတာမျိုးလည်း ရှိပါတယ်။ ⚠️ 準備特定活動 နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက် “ခစုဒိုးဗီဇာ” လို့ အလွယ်ပြောကြပေမယ့် ခစုဒိုးဗီဇာမှာ အမျိုးအစားခွဲတွေအများကြီးရှိတာမို့ သတိပြုစေချင်ပါတယ်။ ယာဉ်မောင်းတွေအတွက် အသုံးပြုတဲ့ 準備特定活動(55号) ကတော့ 特定技能 ရဲ့ သက်တမ်းထဲကို ပေါင်းထည့်တွက်တဲ့အမျိုးအစား မဟုတ်ပါဘူး။ ဒါကြောင့် “準備特定活動 နဲ့နေရတဲ့အချိန်ကို 特定技能 သက်တမ်းထဲ ပေါင်းမယ်” ဆိုတာမျိုး မရောထွေးစေချင်ပါဘူး။  နောက်တစ်ခု မေးကြတာက “တိုခုတေးဂီနိုးဗီဇာကို ကိုယ်တိုင်တင်လို့ရလား?” ဆိုတာပါ။ တိုခုတေးဂီနိုးတွေဆိုတာက လက်ခံမယ့်ကုမ္ပဏီဘက်က 登録支援 機関 နဲ့အတူ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကုမ္ပဏီမှာ ကိုယ်ပိုင် 登録支援 မရှိရင်လည်း ပြင်ပ 登録支援 အဖွဲ့အစည်းကို အပ်နှံပြီး ဆောင်ရွက်နိုင်ပါတယ်။ အလုပ်ဝင်မယ့်သူဘက်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးရတာမျိုးရှိပါတယ်။ 📌 နောက်ဆုံးအနေနဲ့  အမက ဗီဇာကျွမ်းကျင်သူမဟုတ်ပါဘူးနော်။ အခု အလုပ်လုပ်ရင်း သိလာရတဲ့ လက်တွေ့အတွေ့အကြုံတွေကို မျှဝေပေးတာသာ ဖြစ်ပါတယ်။ အချက်အလက်တစ်ခုခု ကွဲလွဲနေတာရှိရင်လည်း ထောက်ပြဆွေးနွေးပေးနိုင်ပါတယ် 🙏😊 #ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ် #特定技能ドライバー #ယာဉ်မောင်း #🇯🇵🇯🇵🇯🇵 #တိုခုတေးဂိနိုးအလုပ်အကိုင်များ

About