@tharhtwe2112: ရွေးချယ်မခံရဘူးဆိုတိုင်းလည်း နာကျင်စရာ မဟုတ်ဘူး ။ တစ်ခါတလေတော့ ရွေးချယ်ခြင်း မခံရတဲ့အရာဟာ … ကိုယ်မလုပ်နိုင်တာကို သူလုပ်ပေးသွားတာလည်း ဖြစ်နေတတ်တယ် ။ ဘာကို ဆိုလိုသလဲဆိုရင် …. ချစ်စိတ်ဟာ အရာရာကို ကန်းစေပြီး ကိုယ့်ကို နာကျင်နေစေတာတောင် သည်းခံရတာကို အကျင့်ပါနေတာမျိုးရှိတတ်တယ် ။ ကိုယ့်ကို တန်ဖိုးမထား ၊ မလေးစားပဲ ပြောချင်လိုပြော ၊ လုပ်ချင်သလိုလုပ်နေတာတွေကိုလည်း ခွင့်လွှတ်နေတတ်တယ် ။ ဦးစားပေးမခံရတဲ့ နေရာကနေ … ကိုယ်ကပဲ ဦးဆုံး ဆက်သွယ် ၊ ကိုယ်ကပဲ လိုက်ညှိယူနေလို့ မြဲနေရတာတွေလည်း ရှိတယ် ။ စသဖြင့်သော အကြောင်းရာတွေဟာ self esteem ကို ကျစေပြီး မိမိကိုယ်ကို ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးနေတာမျိုးလည်း ဖြစ်တတ်တယ် ။ ဒီအရာတွေကနေ ရုန်းလည်းမထွက်နိုင် … ဖြတ်လည်း မဖြစ်နိုင်တဲ့ မိမိကို … သူ့ရဲ့ မရွေးချယ် ခြင်းဟာ ကယ်တင်သွားတာလည်း ဖြစ်တယ် ။ ကိုယ်စိတ်နဲ့ ကိုယ်သာဆို … ဘယ်လောက်တောင်ထိ ကြိုးစားမိဦးမလဲမသိတဲ့ ရလဒ်ကောင်းမထွက်တဲ့ ပုစ္ဆာကို သူ့ဘက်က အဖြေထုတ်ပေးလိုက်တာလည်း ဖြစ်သွားတတ်တယ် ။ ဒါကြောင့် ရွေးချယ်မခံရတိုင်း နာကျင်စရာတော့ မဟုတ်ဘူး ။ အရွေးမခံရလို့ ဝမ်းနည်းနေတဲ့အခါ… အရင်တုန်းက သူနဲ့အတူဆိုတဲ့ ဆက်ဆံရေးကို ပြန်တွေးကြည့်ပါ ။ သူဟာ ဘယ်တုန်းကမှ ကိုယ့်အတွက် မကောင်းတဲ့သူလည်း ဖြစ်နေခဲ့တတ်တယ် ။ တစ်နေ့မှာတော့ … ပိုကောင်းတာတစ်ခု ရလာလို့ဖြစ်ဖြစ် …. မိမိရဲ့ အကောင်းဆုံး Version ကို ရှာတွေ့လာလို့ဖြစ်ဖြစ် … ဒီအရာကို တွေးတတ်လာလိမ့်မယ် ။ သူ့ရဲ့ ရွေးချယ်မှုကို မခံရခြင်းဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံး ဆုလာဘ်တစ်ခုသာ ဖြစ်နေခဲ့တော့တာပဲ ဆိုတာမျိုးပေါ့ … ။ #TharHtwe #စိတ်ဖြတ်နည်း၁၀၀ #100goodbyes #book #foryoupage

THARHTWE
THARHTWE
Open In TikTok:
Region: MM
Friday 18 September 2026 12:31:43 GMT
56921
7149
37
757

Music

Download

Comments

yueiko.....6943
ရေခဲတောင်ပေါာက အဲယားကွန်း♒ :
ကိုယ့်ကိုယ်ကိုယ် ရှာဖွေနေတဲ့ကာလ ပါပဲ thank you for not choosing me🤍
2026-09-18 12:42:34
7
aung.ko8902
Ram🪐✨ :
အစာအုပ်လေးရောက်လာရင်ကောင်းသားဘဲဗျာ3နှစ်ကျော်သံယောဇဉ်ကိုဖောက်ပြန်သွားတယ်ဗျာကိုယ့်မာတော့ခုချိန်ထိပိတ်မိနေတုန်းအတွေးတေနဲ့နေ့တိုင်းသေတုန်း💔
2026-09-19 00:40:21
2
htetwailinn20
Htet Wai Wai Linn🍀🍀 :
ကိုယ်မလုပ်ရက်တ့ဲအရာကို သူကိုယ်တိုင်ရွေးချယ်သွားတ့ဲအတွက်ကျေးဇူးတင်တယ်😞🤧
2026-09-19 03:02:52
1
moevlogs22
VLOG BY _ Moe :
မော်လမြိုင်ဘယ်မှာရနိုင်လဲရှင့်
2026-09-19 05:02:56
1
eikhintheint
ခင်♍ :
ကိုသားထွေးရဲ့စာအုပ်တွေကိုလေတိုက်ရိုက်ဝယ်လို့ရလားရှင့်
2026-09-19 00:40:42
1
essin2001
Mars :
အစကတော့ဘာလို့လဲ"အဖြေရှာကြည့်နေတာ နောက်တော့နားလည်လိုက်ပါတယ်ကိုယ်မလုပ်နိုင်တာကိုသူလုပ်ပေး သွားတာဆိုတာ
2026-09-19 05:57:52
1
alvinnovem605
ᴬˡᵛⁱⁿ ♡ :
တတိယလူ
2026-09-18 12:58:07
1
hsu8420023
Hsu842002 :
စာအုပ်လေးရောက်ပြီ duty မှာမို့ မဖတ်ရသေးဘူး အိမ်ရောက်မှ သေချာဖတ်တော့မယ် 🤭
2026-09-18 17:28:04
1
popo__9126
💎💰Po Po💰💎__9126(AC family) :
စာအုပ်လေး မနေ့ညက ရောက်ပါပြီ ဒီနေ့ စဖတ်ပါ့မယ်[Pink heart]
2026-09-19 03:55:08
1
daw.hnin.phyu8
Ma Hnin Phyu :
❤️❤️❤️❤️❤️❤️
2026-09-18 13:28:15
1
khaing.khin.soe64
k :
စားသားလေးယူသုံးခွင့်ပြုပါလ့
2026-09-19 11:02:16
0
renee5886
Renee5886 :
ကိုယ့်ကိုကိုယ်ပြန်ရှာတွေ့ခဲ့ပါတယ် ကျေးဇူးပါ third personရှိတာဘဲဖြစ်ဖြစ် ပြန်မဆုံတာဘဲဖြစ်ဖြစ် ပြန်ဆုံတာဘဲဖြစ်ဖြစ် အားလုံးကိုလက်ခံထားမှာပါ ပြန်လာခဲ့ရင်လဲပိုကောင်းတဲ့versionနဲ့ဘဲပြန်လာခဲ့ပါ အကို အစစအရာရာအဆင်ပြေပါစေ
2026-09-18 14:54:59
1
mayphyunaing21
🇲🇲May Phyu🇹🇭 :
အမှန်ပေါ့ 💯💯
2026-09-19 05:36:36
0
ei.lay.may17
ei lay may :
ဘယ်လောရ်လဲဆရာ
2026-09-19 05:05:50
0
ya.min3607
Hlaing :
စာသားလေးcopyရနိုင့မလားရှင့်
2026-09-19 04:34:55
0
park_sengkhu
Park Seng Khu :
ebook link ရှိလားဟင်
2026-09-18 15:36:47
0
miemiehlaing7
❝ မီ ❞ ♌ :
ဒီစာအုပ်လေး အရမ်းတွေကြိုက်နေပါပီလို့🥰
2026-09-18 18:32:32
0
thwel.zin.win
Thwel Zin Win :
သူက တလျှောက်လုံး ကိုယ့်ကို လိမ်နေခဲ့တာ။ သူ တကယ် မချစ်ခဲ့ဘူး။
2026-09-19 01:00:17
2
delilah.445
H ♌️ :
😳😳😳
2026-09-19 05:26:19
0
kkhainglay58
K Khaing Lay :
🥰🥰🥰🥰🥰
2026-09-18 13:46:37
1
myintmyinthninn
myintmyinthninn :
❤️
2026-09-18 13:00:25
1
lion...955
𝙿𝚈𝙰𝙴𝙿𝙷𝚈𝙾𝙺𝙷𝙰𝙸𝙽𝙶 :
🤍🤍🤍
2026-09-18 12:33:47
1
To see more videos from user @tharhtwe2112, please go to the Tikwm homepage.

Other Videos


About