@phuwintang097: Rehearsal လုပ်နေတုန်း ငိုခဲ့ကြတဲ့အကြောင်း ပြောပြနေတာ တအားရှည်လို့ စာတန်းထိုးမနိုင်🥹 🐻: ကျွန်တော်လည်း ငိုခဲ့တယ်… ဒုတိယနေ့ ဒါမှမဟုတ် တတိယနေ့လောက်မှာ ပျော်လွန်းလို့ ကျတဲ့မျက်ရည်တွေထင်တယ်။ 🐻: ကျွန်တော်တို့ ဒီအကြောင်းကို ရိုးရိုးသားသား ပြောခဲ့ကြတယ်မဟုတ်လား ပူဝင်? 🐼: ဟုတ်တယ်။ 🐼: ပထမနေ့ Rehearsal ပြီးသွားတဲ့အချိန်မှာတော့ အသက်ရှူရတာတောင် ပေါ့ပါးသွားသလို ခံစားရတယ်။ အဲ့ဒီမတိုင်ခင် ကျွန်တော်တို့နှစ်ယောက်လုံး Stress ဖြစ်နေပြီး “အို… နောက်ဆုံးမှာ ဒါတွေအားလုံး ဘယ်လိုဖြစ်လာမလဲ” ဆိုပြီး တွေးနေခဲ့ကြတာ။ ကျွန်တော်တို့ကိုယ်တိုင်တောင် ဘာဖြစ်လာမလဲ မသိခဲ့ဘူး။ ဒါပေမယ့် တကယ်တမ်း အားလုံးလုပ်ပြီးသွားတဲ့အချိန်မှာတော့ “အဆင်ပြီ၊ ငါတို့ အဆင်သင့်ဖြစ်ပြီ။ တကယ့် Show အတွက် အဆင်သင့်ဖြစ်ပြီ” ဆိုတဲ့ ခံစားချက်မျိုး ရလာတယ်။ 🐻: အခု ပြန်တွေးကြည့်ရင် အဲ့ဒီအချိန်မှာ ငိုခဲ့ကြတာက ကောင်းတယ်။ ဘာလို့လဲဆိုတော့ တကယ့် Show နေ့ရောက်တော့ အဲ့လောက် မငိုဖြစ်တော့ဘူး။ 🐼: ဟုတ်တယ်၊ Show နေ့မှာတော့ သိပ်မငိုဖြစ်ကြတော့ဘူး။ 🐻: ဘာလို့လဲဆိုတော့… ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ဒါက ပထမဆုံးအကြိမ်လေ။ Rehearsal လုပ်တဲ့အခါတိုင်း Stress ရှိတာက ပုံမှန်ပါပဲ။ အဲ့ဒါက ကျွန်တော်တို့နှစ်ယောက်လုံးအပေါ် ဖိအားတွေ ဖြစ်စေတယ်။ ကျွန်တော်တို့က “အကောင်းဆုံးကြိုးစားပြီး တတ်နိုင်သမျှ အကောင်းဆုံးလုပ်ကြမယ်” လို့ ပြောခဲ့ကြတယ်။ Rehearsal တွေမှာလည်း အမျိုးမျိုးဖြစ်ခဲ့တယ်။ နောက်ဆုံး Rehearsal တွေအားလုံးပြီးဆုံးပြီး နောက်ဆုံးအပိုင်းကို ရောက်တဲ့နေ့အထိ အားလုံးဆက်လုပ်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာတော့ တင်းကျပ်နေခဲ့သမျှ အားလုံး ရုတ်တရက် လွတ်သွားသလို ခံစားရတယ်။ လွတ်လပ်သွားတဲ့ ခံစားချက်ကြီးပဲ။ ဒါကြောင့် ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြတာပါ! တကယ်ကို ပျော်ရွှင်လို့ ကျခဲ့တဲ့မျက်ရည်တွေပါ။ 🥹💗 GRABFOOD X PONDPHUWIN PP #GrabFoodถูกกว่าชัวร์xPPW #crdtranslate

ᴛᴇᴇʀᴀᴋ ᴘᴘ🌻
ᴛᴇᴇʀᴀᴋ ᴘᴘ🌻
Open In TikTok:
Region: TH
Friday 18 September 2026 12:40:49 GMT
156
49
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @phuwintang097, please go to the Tikwm homepage.

Other Videos


About