@mildey.chal: ၁ သောင်းခွဲတည်းနဲ့ နိုင်ငံခြားသား ဆရာဝန်ကြီးတွေ ကိုယ်တိုင် ခွဲစိတ်ပေးနေတဲ့ မျက်စိဆေးရုံကြီး..... မျက်စိဝေဒနာ ခံစားနေရပေမယ့် ငွေကြေးအခက်အခဲကြောင့် အမှောင်ထဲမှာပဲ ဘဝကို ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတဲ့ မိဘပြည်သူများ၊ အဘိုးအဘွားများအတွက် တကယ့်ကို အလင်းရောင်ပြမယ့် ရွှေလို သတင်းကောင်းကြီးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ရန်ကုန်မြို့မှာ တကယ့်ကို သက်သာတဲ့နှုန်းထား (နီးပါး အခမဲ့) နဲ့ ကုသပေးနေတဲ့ နေရာတစ်ခု ရှိနေပါပြီ။ သိထားရမည့် အချက်အလက်များ - ဆေးရုံအမည် - "စက္ခုပါလ မျက်စိဆေးရုံကြီး" (မြေ ၃ ဧကပေါ်တွင် ခမ်းနားစွာ ဖွင့်လှစ်ထားခြင်း) ကုသမှုအဖွဲ့ - ကမ်ဘာကျော် နီပေါအထူးကု ဆရာဝန်ကြီးများအဖွဲ့ကိုယ်တိုင် တစ်နေ့လျှင် လူနာ (၁၂၀) ခန့်အထိ ခွဲစိတ်ပေးနေခြင်း။ ကုန်ကျစရိတ် - ခြဲစိတ္ခ လုံးဝ (အခမဲ့)။ လူနာဘက်မှ ဆေးရုံစာအုပ်ဖိုး (၅,၀၀၀) ကျပ်နှင့် သွေးစစ်ခ (၁၀,၀၀း) ကျပ်၊ စုစုပေါင်း (၁ သောင်းခွဲ) ဝန်းကျင်သာ ကုန်ကျမည်။ အထူးအစီအစဉ် - နယ်မှလာသော လူနာများနှင့် လူနာစောင့်များအတွက်ပါ ဆေးရုံအတွင်း တည်းခိုဆောင် အခမဲ့ စီစဉ်ပေးထားခြင်း။ ကုသပေးမည့်အချိန်နှင့် လိပ္စာ - ကုသချိန် - လစဉ် (၂၀) ရက်နေ့မှ (၃၀) ရက်နေ့အထိ။ လိပ္စာ - သုခိတာလမ်း၊ (၈၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ ဆက်သွယ်ရန်ဖုန်း - 09-406080851, 09-406080852 သင်ပေးလိုက်တဲ့ Share တစ္ခ်က္က ပိုက်ဆံမရှိလို့ သောကရောက်နေတဲ့ မိသားစုတစ္စုကို အလင်းရောင်နဲ့ အသက်ဆက်ခွင့် ရစေမှာမို့ အခုပဲ လက်ဆင့်ကမ်း ဖြန့်ဝေပေးလိုက်ကြပါဦးနော်။
Mildey Chal (Tun Yaw Na)
Region: MM
Friday 18 September 2026 12:49:46 GMT
Music
Download
Comments
kyikyilwin :
ရှယ်ထာပါတယ်
2026-09-22 12:57:31
0
Ye Aung :
ငါ့အဖေခွဲတာစက်ခကြီးပဲ၂သိန်းခွဲပေးရတယ်အခန်းခက၂သောင်းဘာကိုfree ၁သောင်းခွဲလဲ
2026-09-20 22:58:05
42
Daw Yin Kyi🍀Ac Family :
ကျွန်မ ရဲ့မျက်လုံးရေတိမ်ဖြစ်နေတယ်ဆရာက
လေဆာပြစ်ပေးတယ်တဖက်ကို 2000k ကျပါတယ်အပြင်မှာ တဖက်လေးသိန်းတဲ့လူကြီးမင်းတို့စဥ်းစားလို့ရအောင်ကိုယ်တွေ့ကိုပြောပြလိုက်တာပါရှင်
2026-09-21 08:07:40
27
Khin Hnin :
အခန်12ကဆရာဝန်လေးသိပ်တော်ပါတယ်။စေတနာပါတယ်။အခုမှနယ်ကရောက်တယ်ပြောပါတယ်။လူနာကိုစိတ်ချမ်းသာအောင်ဂရုစိုက်ပါတယ်။လေးစားပါတယ်ဆရာလိုစိတ်ထားဖြူသောဆရာဝန်များများပေါ်ပါစေ။မနေ့က20*9*26နေ့ကပြတာပါ။ကျေးဇူးတင်ပါတယ်ဆရာ။
2026-09-21 04:53:55
20
Daw Hla Hla Yee :
ဆီးချိုကြောင့်ညာဘက်မျက်လုံမမြင်ရတာသွားပြတာစမ်းသပ်ပြီးဆရာမကသွေးကြောပိတ်တာကန်တော်လေးမျက်စိဆေးရုံလွှဲပါတယ်ဆေးထိုးရမယ်ပြောတယ်ကန်တော်လေးဆေးရုံရောက်တော့တပတ်ပြပြီးနောက်တပတ်ထပ်ချိန်းတယ်နောက်ပတ်ကြလေဆာပြစ်ပေးတယ်ဆေးတော့မထိုးဘူးသွေးကြောပိတ်တာထက်မတိုးဘူးလို့ပြောတယ်မျက်စိကမမြင်ရသေးဘူးအခုတပတ်နဲ့ဆိုလေးပတ်မြောက်ပြရမယ်ကန်တော်လေးဆေးရုံမှာသိချင်တာကအဒိမျက်လုံးအပြင်မှာကုရင်ပြန်မြင်နိုင်လားသွားရလာရတာခရီးဝေးတော့ခက်ခဲနေလို့အမြန်ကုရမယ်ဆိုညွှန်ပေးကြပါပိုက်ဆံလဲကုနိုင်ပါတယ်အခုကဆီးချိုကြောင့်ဖြစ်တာဆိုတော့တခုခုဖြစ်မှာလဲစိုးရိမ်တယ်ခွဲစိတ်ရင်ကုလို့လဲပျောက်မယ်ဆိုညွှန်ပေးကြပါနယ်ကဖြစ်နေလို့ပါကျေးဇူးပြုပြီးအသက်က55ရှိပါပြီ
2026-09-21 11:34:20
4
nyunt :
အရမ်းကောင်ပါတယ်ကျွန်မကိုတိုင်ခွဲပြီပါပြီးကျွန်မအမလဲခွဲပြီးပါပြီးအဒေါ်၁ယောက်၄နှစ်မမြင်တာခွဲတာမြင်ပါပြီးအသိတွေခွဲချင်လိုလိုက်ပို့ပေးတာ၅ယောက်ရှိပြီးအကုန်မြင်ပါပြီးစာအုတ်ဘို၅ဝဝဝထောင်သွေးစစ်တာ၁ဝဝဝဝကျပ်ပဲကုန်ပါတယ်ကျွန်မဆိုရင်သွေးစစ်တာဘီးပိုရှိတာပါသိရပါတယ်အပြင်မှာဘီးပိုးစစ်ရင်အများကြီကုန်မှာပါ
2026-09-21 07:21:03
10
ကိုမောင် :
ကျားဖြန့်တွေလည်းဖြစ်နေအုံးမယ်
သတိဆိုတာပိုတယ်မရှိပါ
2026-09-20 12:41:26
5
Tin Tin Win :
၈၉ဂိတ်ဆုံးကသာကေတဂိတ်ဆုံးလားကြည်မြင်တိုင်ဂိတ်ဆုံးလားမရှင်းလို့မေးကြည့်တာပါ
2026-09-20 12:28:48
3
ကေသွယ် :
မျက်လုံးခွဲတာပိုက်ဆံရောဘယ်လောက်ပေးရလဲရှင့်မေးကြည့်တာပါရှင့်
2026-09-21 02:54:15
3
Thein Zaw :
တခါခွဲစိတ်ပြီးရင်တပါတ်တခါ၊တလတခါ၊တလခွဲတခါပြန်ပြရသေးလားခင်ဗျ။ပြန်ဖြေပေးပါခင်ဗျ။ကျနော်ကအဝေးကြီးကမို့့ါခင်ဗျာ
2026-09-21 13:15:54
1
ko aung :
ဒိုမြန်မာပြည်မှာ ဒါမျိုး
မရှိနိုင်ဘူးနော်
2026-09-21 12:34:31
4
အန်ကယ်သန်းဌေး :
အဲဒီဆေးခန်းကဘယ်မြို့ဘယ်နေရာမှာလဲတာဝတိံသာမှာလားနေရာအတိအကြတောပြောအုံးလေတရုပ်မှာလားသာဓုမခေါ်သေးဘူးမကျိမ်းသေလို့
2026-09-21 12:45:31
1
ahxwy_ :
အဒီကို ဝိုင်ဘီအက်စ် ဘယ်နံပါတ်တွေရောက်သလည်းခင်ဗျာ တဆိတ်လောက်ဖေါ်ပြပေးပါ
2026-09-19 09:28:17
5
BranSai :
ကုခဲ့ဖူးပါတယ်၊Okayပါတယ်
ဆေးရုံက တောင်ဒဂုံနဲ့နီးပါတယ်၊ဒဂုံဆိပ်ကမ်းမြို့နယ်ပါ
2026-09-21 13:15:08
5
တပင်တိုင်မင်းသား :
မျက်လုံးလေ ကုသခွင့်ရင်သိပ်ကောင်းမှာ
2026-09-21 13:13:20
1
Lai Lai :
မျက်လုံးသားငယ်အိမ်စောင်းတာရောကုလို့ရပါသလားရှင့် မျက်လုံးကနှစ်ဘက်မညီတာပါ
2026-09-21 06:10:52
1
Moe Zat :
မျက်လုံး ကို ကျောက်စလေး မှန်ပြီး တိမ် အဖြူလေးဖြစ်နေတာ ရောပြ သ လို့ရလား ရှင်းကူညီ ဖြေကြားပေးပါနော်
2026-09-20 15:56:29
3
Daw Phyo Lay. 1993. 7 August :
ကြည့်လဲလုပ်ကြအုံးနော်တော်ကြာနေကျားဖြန့်တွေနဲ့တိုးနေအုံးမယ်အခုကမြန်မာပြည်မှာလဲကျားဖြန့်ဆေးရုံဆေးခန်းတွေကခေတ်စားနေတာ
2026-09-21 12:37:29
0
BoNyo :
လူတိုင်းကမျက်စိဝေဒနါဖြစ်တာများတယ်ငွေမတတ်နိုင်လို့မကုနိုင်တဲ့သူများတယ်တောမှာဆိုပိုဆိုးပါတယ် ဒီလောက်ဆိုအဆင်ပြေကြမှာ ဝမ်းသာလို့မဆုံးပါဗျာ
ကြီးပွားတိုးတက်အောင်မြင်ကြပါစေ
ဲ
2026-09-19 12:11:25
11
Sai khant ကိုကို :
ဘယ်နားမှာလဲ ဗျဘယ်လိုလာရမလဲ ကျေးဇူးပြု၍လမ်းညွှန်ပေးပါအုန်း
2026-09-21 05:04:58
1
🥰🥰🥰🥰🫶 :
ခလေးရောပြလို့ရလား ကျမသမီးလေးကမျက်ကြည်လွာထိထားတာပါအစားထိုးကုရမယ်လိုတော့မန်းလေးဆေးရုံကြီးကပြောထားတာငွေကြေးမတက်နိုင်လိုပါသမီးလေးက2နှစ်ဘဲရှိပါသေးတယ်ကူညီဖြေကြားပေးပါအုံးရှင့်😌
2026-09-20 15:06:39
3
Cho Cho :
နေရာမှမသိတာ
2026-09-21 04:17:45
2
Khin Khin Myint :
သာဓုသာဓုသာဓုပါ
2026-09-20 13:20:55
2
Po Po Aung Lay :
ငါကလာပြမလို့Freeဆိုလို့
2026-09-21 06:49:29
1
Htar Htar Swe :
ရှယ်ပေးမယ်
2026-09-20 17:48:43
3
To see more videos from user @mildey.chal, please go to the Tikwm
homepage.