@nyc_projectbabyjr1:

NYC_projectbabyjr
NYC_projectbabyjr
Open In TikTok:
Region: US
Friday 18 September 2026 17:36:55 GMT
120
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @nyc_projectbabyjr1, please go to the Tikwm homepage.

Other Videos


"ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်သော အချက်များ" ၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဆီးချိုရောဂါမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်သင့်ပါသလဲ ဆရာ။ A. ဆီးချိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ (၁) အစာလျှော့စားပါ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို လျှော့စားပါ။ (၂) ရေများများသောက်ပါ ရေဆာလျှင် ရေကိုပဲသောက်ပါ။ အချိုရည်တွေသောက်ပြီး ရေငတ်တာကို မဖြေပါနဲ့။ (၃) ကိုယ်ခန္ဓာ အဝမလွန်စေရန် ထိန်းထားပါ အဝလွန်ရင် လက်ရှိခန္ဓာကိုယ်အလေးချိန်ရဲ့ ၅-၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးစားသင့်ပါတယ်။ (၄) လှုပ်ရှားမှုများသော လူနေမှုပုံစံဖြင့် နေထိုင်ပါ • အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ရှောင်ပါ။ • မဝေးလွန်းတဲ့ ခရီးကို လမ်းလျှောက်သွားပါ။ • မမြင့်လွန်းတဲ့ အထပ်တွေကို ခြေထောက်နဲ့ပဲ အတက်အဆင်း လုပ်ပါ။ • အိမ်ရှင်မတွေ အိမ်အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်တာ၊ ခြံထဲမှာ ပေါင်းမြက်သုတ်သင်ရှင်းလင်းတာတို့ကို လုပ်ဆောင်ရင်း လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ (၅) နားနေချိန်တွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ တစ်နေ့မှာ မိနစ် ၃၀၊ တစ်ပတ်မှာ ငါးရက် စုစုပေါင်း မိနစ် ၁၅၀ ထက်မနည်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ဆီးချိုသွေးချို ရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ (၆) အမျှင်ဓာတ်များသော အစားအစာများများ စားပါ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများနဲ့ စုံလင်အောင် စားပါ။ (၇) ပြည့်ဝဆီများ လျှော့စားပါ တိရစ္ဆာန်ကရတဲ့ အဆီတွေ (ဥပမာ – ကြက်အရေခွံ၊ ဘဲအရေခွံ၊ ကလီစာ၊ ဝက်ဆီ၊ အမဲဆီ စတာတွေ)ကို ရှောင်ပါ။ ငါးကရတဲ့ အဆီတွေ (ဥပမာ- ငါးကြင်းအဆီ၊ ငါးဘတ်အဆီ)ကို စားနိုင်ပါတယ်။ (၈) စိတ်ဖိစီးမှုများကို လျော့နိုင်သမျှ လျော့အောင် ကြိုးစားနေထိုင်ပါ • ပြုံးပါ။ • အိပ်ချိန်၊ နားချိန် လုံလောက်အောင်ယူပါ။ • အာဟာရပြည့်ဝအောင် စားပါ။ • အရာရာကို အပြုသဘောနဲ့ အကောင်းမြင်နိုင်အောင် ကြိုးစားပါ။ • အချိန်ကို စနစ်တကျ အသုံးချပါ။ • ပြဿနာတွေကို တစ်ယောက်တည်း မဖြေရှင်းနိုင်ရင် တတ်သိနားလည်သူတွေထံမှ အကြံဉာဏ်ယူပြီး ဖြေရှင်းပါ။ Q. ဆီးချိုရောဂါရှင်တို့ ဘယ်လိုအချက်တွေကို အမြဲသိထားသင့်ပါသလဲ ဆရာ။ A. ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်တဲ့ အချက်တွေကတော့- Target (၁) Fasting Blood Sugar • ည ၁၀ နာရီနောက်ပိုင်း ဘာမှ မစားရ။ (ရေ သောက်နိုင်ပါတယ်။) • နံနက် ၇ နာရီတွင် စစ်ရန်။ (90-130 mg%) • ၃/၅ ရက်တစ်ကြိမ် စစ်နိုင်။ (၂) 2 Hour Post Prandial အစာစားပြီး နှစ်နာရီအကြာတွင် စစ်ရန်။ (140-180 mg%) (၃) Random Blood Sugar ကြိုက်တဲ့အချိန် စစ်နိုင်။ (< 200 mg%) မှတ်ချက် • HbA1c သုံးလတစ်ခါစစ်ရန်၊ ပျမ်းမျှသွေးချို (< 7 %) • တစ်နှစ်တစ်ခါ မျက်စိ၊ ECG၊ ကျောက်ကပ်၊ အဆီစစ်ရန်။ • ကြိုက်သလောက်စား – အရွက်၊ အသား၊ ငါး • အသင့်အတင့်စား – ဆန်၊ ဂျုံ၊ ခေါက်ဆွဲ • ဆင်ခြင်ရန် – ချိုသောအရည်၊ ချိုသောအသီး၊ ချိုသောမုန့်များအား ဆီးချိုတက်လျှင် မစားရ။ • တစ်နေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ရန်။ ဆီးချိုသွေးချိုရောဂါ ရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ကုထုံးတစ်ခုအနေနဲ့ မလွဲမသေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးချိုထိန်းသိမ်းမှု ပိုကောင်းစေပါတယ်။ နှလုံးသွေးကြောရောဂါ ပိုမိုဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ပေါ့ပါး လန်းဆန်းပြီး နေထိုင်လှုပ်ရှားမှု ပိုကောင်းစေပါတယ်။ . 😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊 . ❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️ . . 🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏 . Sinocare Myanmar #Safe_Accu_Glucometer . Bhone Shwe Yi Min Co.,Ltd . ဆီးချိုသွေးတိုးသုတများ #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #Diabetes #Glucometer ********************** Viber : 09444011925 Messenger: Bhone

About