@dhammathutalan: ========{ 🙏 }========= သတိပဋ္ဌာန်ရဲ့ ဂုဏ်ကျေးဇူးတွေကတော့ ပြော ရင် မကုန်နိုင်ပါဘူး။ ဒီနေရာမှာ ဒီလောက် ကျေးဇူး များတဲ့ သတိပဋ္ဌာန်တရားကို ဘယ်လို ပွားများကြမလဲ ဆိုတာလေးကို အနှစ်ချုပ်ပြီး ပြောပါဦးမယ်။ သတိပဋ္ဌာန်တရား ပွားများတယ်ဆိုတာ ကိုယ့် ဘဝ ကိုယ့်ခန္ဓာရဲ့အကြောင်းကို ကိုယ်ကိုယ်တိုင် အမှန် အတိုင်းသိအောင် သတိကို ပဓာနနေရာမှာ ထားပြီး ကြိုးစား အားထုတ်တဲ့အလုပ်ပါ။ ဒါ့ထက် နည်းနည်းလေးချဲ့ပြီး ပြောရမယ်ဆို ရင် ဒီခန္ဓာကိုယ်ပေါ်မှာ ဖြစ်စရာအကြောင်းရှိလို့ တရ စပ် ဖြစ်ပေါ်ဖြစ်ပေါ်နေတဲ့ ရုပ်ဓာတ် နာမ်ဓာတ်လို့ဆိုတဲ့ သဘာဝတရားမျိုးစုံ ဖြစ်ပေါ်နေတာ ရှိပါတယ်။အဲဒီ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေကို ဖြစ် တိုင်းဖြစ်တိုင်း သတိနဲ့ သိသိ သိသိနေအောင် ကြိုးစား အားထုတ်နေတဲ့သဘောပါပဲ။ ဒီခန္ဓာမှာ ဘာတွေဖြစ်နေလဲ ဒီခန္ဓာမှာ ဘာတွေ ဖြစ်နေလဲဆိုရင် မြင်တဲ့ သဘောတွေ ဖြစ်နေတယ်။ မြင်တာနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်နေတယ်။ ဥပမာ- မြင် လို့ ကောင်းတယ်၊ မြင်လို့ မကောင်းဘူးဆိုတဲ့ ခံစား ချက် ဝေဒနာတွေ။ ကောင်းရင် ကြိုက်မယ်၊ မကောင်း ရင် မိုက်မယ်ဆိုတဲ့ ရာဂဒေါသသဘောတွေ။ ကြိုက် ရင် ကြိုက်သလို၊ မကြိုက်ရင် မကြိုက်သလို တုန့်ပြန် မယ်ဆိုတဲ့ ကာယကံ ဝစီကံတွေ အစရှိသဖြင့် မြင် တာနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေ ဟာ ဒီခန္ဓာမှာ ဖြစ်နေတယ်။ အဲဒီလိုပဲ ကြားတဲ့သဘောတွေ၊ ကြားတဲ့သဘော ရဲ့ နောက်ဆက်တွဲတွေ၊ နမ်းရှူတဲ့သဘောတွေ၊ စား သောက်တဲ့ သဘောတွေ၊ တွေ့ထိတဲ့ သဘောတွေ၊ တွေးကြံတဲ့ သဘောတွေ။ အဲဒါတွေရဲ့ နောက်ဆက် တွဲတွေ ဒီသဘောတွေဟာ ဒီခန္ဓာမှာ ဖြစ်နေကြတယ် အကျဉ်းချုပ်အားဖြင့် မြင်ခြင်း၊ ကြားခြင်း၊ နံ ခြင်း၊ စားခြင်း၊ သိခြင်း၊ တွေးခြင်းနဲ့ ပတ်သက်တဲ့ သဘာဝတွေရယ်လို့ ခြောက်အုပ်စု ရှိမယ်ပေါ့။ ဒီခြောက်အုပ်စု ဖြစ်နေတာကိုပဲ ဘဝလို့ ခေါ် တာပါပဲ။ ဒီ ခြောက်အုပ်စုကလွဲလို့ ဘဝဆိုတာလည်း မရှိပါဘူး။ အဲဒီလို ဒီခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရား မျိုးစုံတို့ကို ဖြစ်တိုင်းဖြစ်တိုင်း သတိဦးစီးပြီး သိသိသိသိနေအောင် ကြိုးစား အားထုတ်ရမယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်လို အနေအထားမျိုးမှာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေကို သိသိနေအောင် ကြိုးစား အားထုတ်ရမယ်။ ရုပ်ကာယပိုင်းဆိုင်ရာကို သတိနဲ့ သိနေမယ်ဆို ရင် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေတယ် လို့ ဆိုရတာပါပဲ။ အကောင်းအဆိုး အမျိုးမျိုးသော ခံစားချက်ဝေဒနာတွေကို ဖြစ်တိုင်း သိသိနေမယ်ဆို ရင်တော့ ဝေဒနာနုပဿနာသတိပဋ္ဌာန်။ စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း သိသိနေမယ် ဆိုရင်တော့ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မသဘာဝ တွေကို အသေးစိတ် သိသိနေမယ်ဆိုရင်တော့ ဓမ္မာ နုပဿနာသတိပဋ္ဌာန်ကို ပွားများနေတယ်လို့ ဆိုရ မှာပါ။ ဒါက အကြမ်းဖျဉ်း ပြောလိုက်တာပါ။ အကျယ်တဝင့် အသေးစိတ် သိချင်ရင်တော့ မဟာသတိပဋ္ဌာနသုတ္တန်ကြီးကို လေ့လာရမှာပါ။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာရှုနည်း ကျမ်းတွေကို ကြည့်ရှုနိုင်မယ်ဆိုရင်လည်း အလွန် ကောင်းပါတယ်။ အဲဒီလို ခန္ဓာမှာဖြစ်နေတာတွေကို သတိ ဦးစီး ပြီးတော့ ဖြစ်တိုင်း သိသိနေမယ်ဆိုရင် “ဒီခန္ဓာမှာ ဘာပဲ ဖြစ်လာဖြစ်လာ တည်မြဲနေတာ တစ်ခုမှ မရှိပါ လား”လို့ ခန္ဓာရဲ့ မတည်မြဲတဲ့သဘော အနိစ္စလက္ခဏာ ကို သိမြင်တဲ့ ဉာဏ်ပညာတွေဟာ တဖြည်းဖြည်းနဲ့ ပြည့်စုံလာမယ်။ တကယ့် ဇွဲလုံ့လ ထက်ထက်သန်သန် နဲ့ ပွားများ အားထုတ်မယ်ဆိုရင် သစ္စာလေးပါးကို ထိုးထွင်းပြီးသိတဲ့ မဂ်ဉာဏ်ပညာတွေကိုတောင် ရရှိနိုင်ပါတယ်။ အဲဒီလို ဉာဏ်ပညာတွေ ရင့်ကျက် များပြားလာ တာနဲ့အမျှ စောစောကပြောခဲ့တဲ့ သတိပဋ္ဌာန်ရဲ့ ဂုဏ် ကျေးဇူးတွေကိုလည်း တဖြည်းဖြည်းနဲ့ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကတော့ သတိပဋ္ဌာန်တရား အားထုတ်ပုံနဲ့ ပတ်သက်ပြီး အနှစ်ချုပ်ကလေး ပြောလိုက်တာပါ။ ဆရာတော်အရှင်ဉတ္တမ ( သစ္စာရွှေစည်) သတိပဋ္ဌာန်ဂုဏ်ရည်တရား တော်မှ ကောက်နုတ်ချက် #သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ၏တရားတော် __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •( #ဓမ္မသုတလမ်း )မှ •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ု •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 "ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" •“နေရက်တိုင်းမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ‌စေ” _________________________________

ဓမ္မသုတလမ်း
ဓမ္မသုတလမ်း
Open In TikTok:
Region: MM
Friday 18 September 2026 18:02:05 GMT
4429
648
12
22

Music

Download

Comments

dr.no.no007
Dr No No KaungMon clinic,Dawei :
တင်ပါ့ဘုရား🙏🙏🙏
2026-09-19 12:58:24
0
ko.towe.towe
Ko TOe. TOe :
မှတ်သာဘမယ် ဘုရား👏👏👏
2026-09-18 23:28:32
0
tinwin6292
tinwin6292 :
🙏🙏🙏မှန်လှပါဘုရား🙏🙏🙏
2026-09-19 08:01:42
0
user5466877141828
THI TAR :
🙏🙏🙏🙏🙏
2026-09-20 02:00:46
0
user319752362940
Khin Saw :
[Pray][Pray][Pray]
2026-09-19 15:41:53
0
mauk.hom123456789
Mauk Hom :
🙏🏻🙏🏻🙏🏻🙏🏻🙏🏻
2026-09-19 11:59:11
0
ma.inda6
Ma Inda Ñāņī :
🙏🙏🙏☘️☘️
2026-09-19 08:38:51
0
user446541475
fanny 1955 :
👏👏👏
2026-09-19 07:25:19
0
phothar74782
@phothar7478 :
🙏🙏🙏
2026-09-19 06:39:32
0
chan.nyein5857
Will Lin Aung :
🙏🏻🙏🏻🙏🏻
2026-09-19 06:09:46
0
zwenyi1694
zwenyi :
🙏🙏🙏
2026-09-19 01:39:43
0
nanvho
Naming Naing :
🥰🥰🥰
2026-09-20 10:20:41
0
To see more videos from user @dhammathutalan, please go to the Tikwm homepage.

Other Videos


About