@akhis_62:

𝓪𝓴𝓱𝓲𝓼⁶²
𝓪𝓴𝓱𝓲𝓼⁶²
Open In TikTok:
Region: ID
Friday 18 September 2026 19:45:04 GMT
22
1
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @akhis_62, please go to the Tikwm homepage.

Other Videos

ပဲပြုတ်လုပ်တဲ့ ပဲလေးကို ကိုယ်တိုင်အညှောင့်ဖောက်ပြီး ပဲပြုတ်အိအိလေး တူတူပေါင်းရအောင်နော်  Em က ရန်ကုန်ကနေပို့ပေးထားတဲ့ စားတော်ပဲကို သုံးမှာပါနော် နိုင်ငံခြားမှာနေတဲ့သူတွေဆိုရင် Whole Yellow Pea သို့ White Pea ကို သုံးပါရှင့် နိုင်ငံခြားက Yellow Pea လေးတွေက မြန်မာကထက် နည်းနည်းပိုကြီးတတ်ပါတယ် အဆင်ပြေမယ်ဆို အလုံးသေးတာလေးကိုရှာဝယ်ပါနော် ပဲကို ရေ ၂၄ နာရီလောက် ဇလုံကြီးကြီးထဲမှာ ရေများများနဲ့ စိမ်ပေးဖို့လိုပါတယ် ပဲအညှောင့်ဖောက်ဖို့ကတော့ စိမ်ထားတဲ့ပဲလေးတွေကို ရေသေချာစင်အောင်ဆေးပြီး မကောင်းတာလေးတွေ အကုန်ရွေးထုတ်ပါရှင် ပြီးကာမှ ဇကာထဲကိုထည့် အောက်ကနေ ဇလုံခံပြီး အဝတ်သန့်သန့်လေးတစ်ခုကို ရေစွတ်ပြီး ရေသေချာညှစ်ပြီးမှ ဇကာအပေါ်ကနေအုပ်ထားပေးရင် ရပါပြီနော်  ပဲအညှောင့်ဖောက်တာက နောက်ထပ် ၂ ရက်တိတိကြာပါတယ် အဲ့ထက်ကြာကြာထားရင် အညှောင့်လေးတွေက ပိုရှည်မှာပေ့ါနော် Em ကတော့ ၂ ရက်လောက်အနေအထားဆို အဆင်ပြေပြီလို့ထင်ပါတယ်  Em ကတော့ ၆ နာရီခြားတစ်ခါ သို့ သတိရတိုင်း အဝတ်စလေးကို ကိုင်ကြည့်ပါတယ် အဝတ်ကပြန်ခြောက်သွားပြီဆို ရေပြန်စွတ် ပြန်ညှစ်ပြီးမှ ဆက်အုပ်ထားပါတယ် အဲ့လိုလုပ်တဲ့အချိန်တိုင်း ပဲလေးကို ဇကာလေးခါပြီး အထပ်အောက်လှန်ပေးပါတယ်နော်  ပဲကိုရေစွတ်စရာမလိုပါဘူးရှင် အဝတ်ကိုပဲစွတ်တာပါနော် အဝတ်ကရေစွတ်တာများလို့ အနံ့ဘာညာထွက်လာတယ်ဆို Em က လျှော်လိုက်ပြီးမှ အုပ်ပါတယ် မဟုတ်ရင်လဲ နောက်ထပ်အဝတ်တစ်ခုနဲ့လဲလိုက်တယ်ပေါ့နော်  ပြီးမှ ပဲလေးကိုပြုတ်ပြီး ပြန်ပေါင်းရုံပါပဲရှင် ဗီဒီယိုထဲမှာလဲ သေချာလေးပြောပြထားပါတယ်နော်  ပဲပြုတ်တဲ့နေရာမှာလဲ Em ခဏခဏစမ်းကြည့်ထားတာမို့ အချိုးအစားကိုအဲ့တိုင်းလေးပဲ လုပ်ရင်အဆင်ပြေပါတယ်ရှင်  နောက်ပြီးတော့လေ ထမင်းပေါင်းအိုးပေါ်မှာမူတည်ပြီးကွာတတ်တာက Em’ အိမ်ကထမင်းပေါင်းအိုးက ပုံမှန်ထမင်းချက်ရင် ၂၅ မိနစ်ကြာပါတယ် ၂၅ မိနစ်က ထမင်းချက်ရင်းလျော့လျော့လာပြီး ၀ မိနစ်ဖြစ်သွားပြီး ထမင်းကျက်ပြီဆိုပြီး တီးလုံးလေးထွက်လာတာမျိုးပါ ဒါပေမယ့် ပဲထည့်ပြုတ်ရင် မိနစ်လျော့မသွားဘဲ အသံလဲမမြည်ပါဘူး ဆက်ပြီးချက်နေတဲ့သဘောမျိုးပါနော် အဲ့တာကြောင့် စပြုတ်ပြီဆိုတာနဲ့ Em က Timer ပေးထားပါတယ် မိနစ် ၂၀ ဆိုတာနဲ့ တန်းထုတ်လိုက်တာပါ ပေါင်းရင်လဲအဲ့လိုပါပဲ ကိုယ့်ဘာသာ Timer မှတ်ပြီး မိနစ် ၂၀ ပြည့်ပြီဆိုတာနဲ့ ထုတ်တာပါနော် ကိုယ့်မှာရှိတဲ့ Rice Cooker ပေါ်မူတည်ပြီးချိန်စပြီး လုပ်ပါရှင့်  နောက်တစ်ခုက ပဲပေါ်မှာမူတည်ပြီး လိုရင်ကြာကြာလေးပေါင်းလို့ရပါတယ်နော် တစ်ချို့ပဲတွေကပိုမာတတ်လို့ပါရှင်  ဒီပဲပြုတ်နည်းလေးကလေ ရက်လေးပဲစောင့်ရပြီး လုပ်ရတာက မခက်တာမို့ အိမ်မှာ စမ်းကြည့်ကြည့်ပါနော် အဆင်ပြေပြီဆို များများလုပ်ထားလို့ရပါတယ်  ပဲပြုတ်လေးတွေကို zip lock အိတ်လေးတွေနဲ့ ခွဲထည့်ပြီး ရေခဲသတ္တာအခဲကန့်ထဲမှာ ထားရင် အနည်းဆုံး ၁ လလောက်ထားစားလို့ရပါတယ်ရှင်  ပါဝင်ပစ္စည်းများ -  ပဲ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၂ ခွက် ပဲပြုတ်ဖို့ရေ - ၂၀၀ မီလီ (ထမင်းပေါင်းအိုးနဲ့ဆို ဒီအချိုးအစားပဲလုပ်ပါနော် ရေပိုမထည့်ပါနဲ့ရှင် ရေတွေလျှံထွက်တတ်ပါတယ်) Baking Soda or Bicarbonate of Soda - လက်ဖက်စားဇွန်း ၁ ဇွန်း (UK မှာ Baking Soda ကို Bicarbonate of Soda လို့ခေါ်ပါတယ်ရှင် ရှာမတွေ့မှာစိုးလို့ပါ ဘူးပုံလဲ ဗီဒီယိုထဲမှာပါပါတယ်နော်)  သကြားညို - လက်ဖက်စားဇွန်း ၁ ဇွန်းမောက်မောက် ချစ်တဲ့ အမ်မလီ #myanmartiktok #ပဲပြုတ် #ပဲပြုတ်ပြုတ်နည်း

About