@hmue.hmue8154: မင်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ သိနေတာတောင် မင်းကို မချစ်ဘဲ မနေနိုင်တဲ့ ဒီနှလုံးသားကပဲ "အဆိုးဆုံးပါ" သိနေတဲ့ အမှန်တရားတစ်ခုကို နေ့တိုင်း လက်ခံနေတယ်ဆိုပေမယ့် နှလုံးသားကတော့ အဲ့ဒီအမှန်တရားကို မယုံချင်ဘူး အချစ်'ဆိုတာကို အကြောင်းပြချက်နဲ့ ထိန်းချုပ်လို့ မရဘူးဆိုတာ အခုမှ သဘောပေါက်လာတာပါ မင်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ သိနေတယ် ဒါပေမယ့် မင်းကို မချစ်တော့ဘူးဆိုတာ ငါ မလုပ်နိုင်ဘူး တစ်ခါတလေ ကိုယ့်ကိုယ်ကို မေးမိတယ် ဘာကြောင့် မလွှတ်နိုင်သေးတာလဲ လို့ ဒါပေမယ့် အဖြေက အမြဲတမ်း တူတူပဲ မင်းကို တကယ်ချစ်နေသေးလို့ မင်းနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေက မေ့ဖို့ ကြိုးစားတိုင်း ပိုပြီး ရှင်းလင်းလာတယ် မင်းပြောခဲ့တဲ့ စကားတွေ ၊ မင်းရဲ့ အပြုံးတွေ အဲ့ဒါတွေဟာ ငါ့ရဲ့ နေ့တိုင်းကို ပြန်ပြီး ထိခိုက်နေတယ် ငါ့နှလုံးသားက မင်းကို လက်လွှတ်လိုက်ဖို့ မလုပ်နိုင်ဘူး မင်းကို မချစ်တော့ဘူးလို့ လိမ်ပြောရတာကလည်း ငါ့အတွက် အလွန်ခက်ခဲတယ် ဒီလိုမျိုး မဖြစ်နိုင်တဲ့ အချစ်တစ်ခုကို ဆက်ထိန်းထားရတာဟာ အနာကို မပျောက်စေပဲ နေ့တိုင်း အပ်နဲ့ထိုးနေရသလိုပါပဲ မင်းအတွက်တော့ ငါဟာ မလိုအပ်တော့တဲ့ လူတစ်ယောက်ပဲဖြစ်နိုင်တယ် ဒါပေမယ့် ငါ့အတွက်တော့ မင်းဟာ မေ့လို့ မရတဲ့ အကြောင်းအရာတစ်ခုပါ နောက်ဆုံးမှာတော့ ငါ နားလည်လာတာက မင်းနဲ့ မဖြစ်နိုင်တာက အနာကျင်ဆုံး မဟုတ်ဘူး မင်းကို မချစ်ဘဲ မနေနိုင်တဲ့ ဒီနှလုံးသားကပဲ အဆိုးဆုံးပါ.....😔 #crd_to_owner_with_respect 🤝 #အတိတ်ရဲ့အဆွေး
🖤🤍✨H🍁🎀💌
Region: MY
Friday 18 September 2026 20:27:10 GMT
Music
Download
Comments
🤍벚꽃💜 :
စာသားလေး copy ယူပါရစေရှင့်😘
2026-09-19 16:10:41
2
🍒S🍓 :
စာသားလေယူပါစေ🙏
2026-09-20 03:17:08
2
NANT SAN THIDA AYE :
အချစ်စစ်နဲ့တကယ်ချစ်ခဲ့ရတာမို့ လက်လွတ်ဖို့ စွန့်လွတ်ဖို့ အရမ်းခက်ခဲတယ် မောင်ရေ ကမ္ဘာကြီးရဲ့တစ်နေရာမှာ မောင်အဆင်ပြေနေရင်ပြီးရောဆိုတဲ့စိတ်နဲ့ စိတ်ကိုအမြဲ ပြင်ဆင်နေပေမဲ့ အချိန်တန်ရင် အမြဲဂရုစိုက် ကြင်နာတတ်တဲ့မောင့်ကို အရမ်းလွမ်းနမိတာ မ မရှိရင် မောင့်ကိုဘယ်သူက ချစ်ပါ့မလဲကြင်နာပါ့မလဲ မေတ္တာစစ်တွေဘယ်သူကပေးမှာလဲတွေးရင် အဆိုးဆုံးခံစားမှုပဲ မ ဘက်က အရင်မေ့ဖို့ လုံးဝမဖြသ်နိုင်တာမို့ မောင့်ရဲ့ စိမ်းစိမ်းကားကားစကားတွေက နာကျင်ရပေမဲ့ မချစ်တဲ့လေသံမှမဟုတ်တာပိုနာကျင်ရပါတယ်
မျဉ်ပြိုင်နှစ်ကြောင်းဘယ်တော့မှမဆုံနိုင်ဘူး ဒါပေမယ့် မိုးကုတ်စက်ဝိုင်းတနေရာမှာတော့တစ်ထပ်တည်းပါ ဒါကြောင့် မဖြစ်နိုင်တာကိုဖြစ်လာဖို့မမျော်လင့်မေမယ့် ကိုယ်ချစ်တဲ့သူတွက် တနေရာရာကနေ အမြဲရှိနေပါ့မယ်
ဒီရက်တွေ လွမ်းတယ်နော်
2026-09-19 01:35:26
6
🌻Zar”Aye🌻 :
ပြန်တင်ခွင့်ပြုပါနော်
2026-09-20 03:46:35
2
Potato💛 :
🥰 စာသား လေးချ ပေးလို့ရလားရှင့်
2026-09-19 01:17:10
3
𝓨𝓲𝓷𝓝𝔀𝓮(𝓝𝓪𝓼𝓮𝓶𝓪𝓻)🍒 :
ပြန်တင်မယ်နော်
2026-09-19 10:29:38
2
Aye Khine :
ပြန်တင်ခွင့်ပြုပါရှင့်
🥰🥰
2026-09-21 04:31:46
2
YadanarOo :
ပြန်တင်ပါရစေနော်🥰🥰🥰
2026-09-20 14:09:24
2
Pearl :
မေ့လို့မရနေတာဘာကြောင့်လည်း😢😢
2026-09-19 02:01:45
3
M S S M :
သီချင်းခေါင်းစဉ်လေး 🥺
2026-09-19 18:36:03
1
rosedim6 :
အမှန်ပါပဲ ဒီနှလုံးသားလေးအဆိုးဆုံးပဲ🥺😭
2026-09-20 15:10:48
2
Smile win :
🍇🩵မင်းဟာ မေ့လို့ မရတဲ့ အကြောင်းအရာတစ်ခုပါ
မေ့လဲမမေ့ချင်ပါ😣
2026-09-22 09:24:26
2
♡𝒜𝒽 𝒮ℴℯ♡ :
တစ်ရက်မှ မေ့မရခဲ့ပါဘူး မမ ရဲ့ မောင်ရယ်🥺
2026-09-20 10:26:49
2
Lay :
မေ့လို့မှမရတာ
2026-09-20 17:46:55
2
zin lay :
အမှန်ပါပဲ
2026-09-19 11:09:01
2
Theint :
ပြန်တင်မယ်နော်
2026-09-19 07:37:26
2
မုန်း :
နေနိုင်အောင်နေရမလေး
2026-09-21 16:36:03
1
saw :
အရမ်းကြိုက်
2026-09-20 04:06:51
1
MoeMoe :
လွယ်လွယ်မမေ့နိုင်ဘူး[Heartwarming]စာသားလေးက လှတယ်နော်.
2026-09-20 02:02:36
2
nwezinwin34 :
ဆွဲထားလေ.နာကျင်လေမို့.လွှတ်ချလိုက်ပါတယ်
2026-09-20 16:29:55
2
🌹H.S🌹 :
ဒီစာ ဖတ်ရင်နဲ့ ငိုနေမိတေ🥺
လက်ရှိ အဖစ်အပျက်နဲ့ တကယ် တိုက်ဆိုင်တာ🥹💔
2026-09-19 17:53:13
2
WaiWai :
မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့နှလုးသားကမစွန့်လွတ်နိုင်တော့ရှေ့ဆက်ချစ်သွားရုံပဲပေါ့ချစ်သူရယ်
2026-09-20 06:21:43
2
Smile Lay 🌷ရစ်စိန်မလေး🥰🌷 :
အမုန်ပါပဲ့မေ့လို့မရဘူး🥹🥀
2026-09-19 01:46:13
2
Oo: Lay :gyi;Aung! :
အောမင်းလဲတနေ့မေ့နိူင် ေအာင်မေ့ရမှာပေါ့
2026-09-19 10:52:41
2
🌙🏀🐣 :
နာကျင်လွန်လို့သူကိုယ့်မေ့လိုါမရသေ့ဘူးအခုချိန်ထိ
2026-09-19 14:38:40
2
To see more videos from user @hmue.hmue8154, please go to the Tikwm
homepage.