@eilo9359: #တက္ကသိုလ် ဝင်ခွင့် ☘️☘️☘️☘️☘️☘️ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက် ☘️☘️☘️☘️☘️☘️☘️☘️ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ် နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့်ပုံစံစာအိတ်ကို စက်တင်ဘာလ (၂၈) ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန် ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ (၁၆) ရက်အထိ စနေ၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်။ ☘️☘️☘️☘️☘️☘️☘️☘️☘️ လက်ခံမည့် တက္ကသိုလ်များ (၁) မြစ်ကြီးနားတက္ကသိုလ် (၂) လွိုင်ကော်တက္ကသိုလ် (၃) ဘားအံတက္ကသိုလ် (၄) ဟားခါးတက္ကသိုလ် (၅) မုံရွာတက္ကသိုလ် (၆) ရွှေဘိုတက္ကသိုလ် (၇) စစ်ကိုင်းတက္ကသိုလ် (၈) ထားဝယ်တက္ကသိုလ် (၉) တောင်ငူတက္ကသိုလ် (၁၀) ပြည်တက္ကသိုလ် (၁၁) ပဲခူးတက္ကသိုလ် (၁၂) မကွေးတက္ကသိုလ် (၁၃) ပခုက္ကူတက္ကသိုလ် (၁၄) မန္တလေးအဝေးသင်တက္ကသိုလ် (၁၅) မိတ္ထီလာတက္ကသိုလ် (၁၆) ကျောက်ဆည်တက္ကသိုလ် (၁၇) မော်လမြိုင်တက္ကသိုလ် (၁၈) စစ်တွေတက္ကသိုလ် (၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ် (၂၀) တောင်ကြီးတက္ကသိုလ် (၂၁) ကျိုင်းတုံတက္ကသိုလ် (၂၂) လားရှိုးတက္ကသိုလ် (၂၃) ပုသိမ်တက္ကသိုလ် (၂၄) ဟင်္သာတတက္ကသိုလ် (၂၅) မအူပင်တက္ကသိုလ် သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။ အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၊ သထုံလမ်း ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိ ပါသည်။ #knowledgesharing #creatorsearchinsights #တက္ကသိုလ်ဝင်ခွင့် @🦂 @Salai Nyan Htet Aung

Knowledge Sharing By SALAI 📚
Knowledge Sharing By SALAI 📚
Open In TikTok:
Region: MM
Friday 18 September 2026 23:10:40 GMT
120289
5972
75
4336

Music

Download

Comments

fkkkkkk233
Y :
အပြင်ဖြေဆိုတော့ဘယ်မှာထုတ်ရမလဲ
2026-09-19 08:26:54
2
mgmyomin996
My History 4 :
ဒဂုံတက္ကသိုလ်ကောမပါဘူးလား 😳
2026-09-19 03:11:44
5
huuk313
Chan 산 ☘️ :
လမ်းညွှန်ကဘယ်ကထုတ်ရမှာလဲ
2026-09-19 06:27:42
1
hazel94093
Hazel :
ရတနာပုံ တက္ကသိုလ်မပါဘူးလား
2026-09-19 01:40:08
2
hlaingmyintmyat900
raungjay :
ကိုယ်တက်မဲ့uniသွားလျောက်ရမှာဟုတ်ဘူးလား
2026-09-19 03:47:07
1
tritan960
Thutakyaw :
ဖောင်တင်ရင်မကွေးမှာအောင်တာမကွေးတဣသိုလ်မှာမတင်ပဲပြည်မှာတင်လို့ရလား
2026-09-19 08:26:17
0
w1582007
Win Gyi's💗 :
နည်းပညာတက္ကသိုလ်တွေရောပါလားရှင့်
2026-09-19 02:07:49
0
nein7806
🍀Nk ♌ :
ကိုယ်တက်ခဲ့တဲ့ကျောင်းမာထုတ်လို့ရတာလား
2026-09-19 02:25:44
0
hsu.hnin293
Hsu Hnin :
ရန်ကုန်ပညာရေးတက္ကသိုလ်မပါဘူးလားရှင့်
2026-09-19 01:33:03
1
kyal.hsin4
Kyal Hsin :
နည်းပညာတ္ကသိုလ်တွေကရောဝင်ခွင့်တွေခေါနေပီလားရှင့်
2026-09-19 01:33:12
0
hnin.yee540
Hnin yee :
ရန်ကုန်စီးပွားရေးတက္ကသိုလ်ရော မပါဘူးလားရှင့်
2026-09-19 06:10:39
1
di.di6063
Di Di :
အောင်လက်မှတ်မရသေးဘူးရှင့်
2026-09-19 01:14:47
0
zar.zar.tun435
Sue"🌸 :
ဖောင်က တက္ကသိုလ်မာသွားတင်ရမာလားရှင့်
2026-09-19 01:24:09
0
xylen678
မုန့်စားချင်တယ် :
အမှတ်စာရင်းကိုမသိရသေးဘူး
2026-09-19 00:57:25
0
spider.man25602
༻❁ⓚⓅ🫀 :
စက်မှု/စိုက်ပျိုး/ မွေးမြူရေးအတွကိဘဲလားဗျ
2026-09-19 01:44:48
0
elixia.luxe
Eliana :
ဆေးတက္ကသိုလ်ရောခေါ်နေပြီးလာရှင့်
2026-09-19 02:19:44
0
phwayphway97688
Phway nail artists💅 :
2025ကဖောင်ကိုဒီနှစ်မှာတင်လို့ရလားရှင့်ဖောင်အိတ်ကတော့ပြဲနေတယ်ရှင့်
2026-09-19 07:36:41
1
wai73122
yuuta 🌑🖤 :
အဝေးသင်ကရောဗျ 🥺🥺
2026-09-19 10:28:11
1
yooncherry872
Mya Yoon Nwe :
အဝေးသင်တက်မယ့်သူတွေကဘယ်မှာဖောင်တင်ရမှာလဲ
2026-09-19 01:38:28
0
pyae.pyae2740
𝙽𝚐𝚊 𝚙𝚢𝚊𝚎🫧💥 :
ကိုယ်တိုင်ထုတ်မ ရမာလားရှင့်
2026-09-19 00:27:12
0
.thitsarhmom
🌼宝宝 & Mg🌼 :
အဝေးသင်အတွက်ရောရှင့်ပါလား
2026-09-19 01:19:26
0
saung.hnin0954
Saung Hnin :
၂၈ရဲ့နောက်ပိုင်းမှာကောထုတ်လို့ရလားကျောင်းမှာ
2026-09-19 01:41:06
0
emoandnono2
ILS_Tzy :
တိုင်းရင်းဆေးကရော ၀င်ခွငိ့တွေခေါ်နေပီလားရှင့်
2026-09-19 05:36:30
1
myatlay19592
Myat Phue 🦖💓🚗 :
ကောလိပ်တွေရောအတူတူပဲလားရှင့်
2026-09-19 05:17:43
1
yaminthuyaminthu36
Yaminthu :
ရန်ကုန်အဝေးသင်စီးပွားရေးတက်ကသိုလ်ရောမခေါ်သေးဘူးလားရှင့်
2026-09-19 11:05:59
0
To see more videos from user @eilo9359, please go to the Tikwm homepage.

Other Videos


About