@ko.ko.lwin625: မန်း -ပြည်သူ့စစ်ကို မြစ်ငယ်ရဲက အရေးယူမယ် နေပြည်တော် စက်တင်ဘာ ၁၈ - ၂၀၂၆ ကိုကိုလွင် - နေပြည်တော် ( WBN) စစ်မှုထမ်းရမယ့်ကိစ္စကို အကြောင်းပြုပြီးငွေကြးတောင်းခံတဲ့ မန်းပြည်သူ့စစ်အဖွဲ့တစ်ခုကို ငွေပေးမယ့်နေရာတစ်ခုမှာချိန်းဆိုဖမ်းဆီးခဲ့ပြီး မြစ်ငယ်ရဲစခန်းအပိုင်ထဲမှာ ဖမ်းဆီးမိခဲ့တဲ့အတွက် မြစ်ငယ်ရဲက စစ်မှုထမ်းကိစ္စနဲ့ငွေတောင်းခံတဲ့ မန်းပြည်သူ့စစ်အဖွဲ့ကငွေကြေးတောင်းခံတဲ့သူတွေကို မြစ်ငယ်ရဲက အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ နိုင်ငံတော်က ဥပဒေထုတ်ပြန်ပြီးဆောင်ရွက်နေတဲ့ စစ်မှုမထမ်းမနေရဆိုတဲ့အပေါ်မှာ လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်နေတဲ့ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကို ငွေကြေးတောင်းခံခံရသူတဲ့ကာယကံရှင်တွေကနေ တစ်ခြားပြ်သူ့စစ်အဖွဲ့တစ်ခုကို အသိပေးတိုင်ကြားခဲ့လို့ တစ်ခြားပြည်သူ့စစ်အဖွဲ့က ပြန်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကနဦးဖြစ်ခဲ့တ က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်စက်မှုဇုန်မှာဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဖမ်းခံထားရတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်က မျိုးထွန်းလို့ဆိုပါတယ်။ မျိုးထွန်းနဲ့အဖွဲ့က အရွယ်ရောက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ခေါင်းစဥ်နဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး သက်ဆိုင်တဲ့ မိသားစုဝင်တွေကို သူတို့ဖမ်းထားတဲ့ ကလေးတွေ ပြန်လွတ်မြောက်ဖို့ သိန်း ၃၅၀ ပေးရမယ် ငွေမပေးနိုင်ရင် ခလရ (၉၅) ကို ပို့ဆောင်သွားမှာဖြစ်တဲ့အကြောင်း တစ်ခြားပြည်သူ့စစ်အဖွဲ့ကို ငွေတောင်းခံခံရတဲ့သူတွေဖက်က တိုင်ကြားခဲ့လို့ ငွေလက်ခံမယ့်အချိန်ကို စောင့်ဖမ်းပြီး အပိုင်ရဲစခန်းဖြစ်တဲ့ မြစ်ငယ်ရဲစခန်းကို အပ်နှံခဲ့တာလို့ သိရပါတယ်။ ဥပဒေအရ ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ကိစ္စရပ်အပေါ် အခွင့်အရေးတစ်ရပ်အနေနဲ့ အသုံးချပြီး ငွေကြေးတောင်းခံနေတဲ့ မန်း-ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသူတွေကို တော့ မြစ်ငယ်ရဲစခန်းက မဖြစ်မနေ ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမှပါ။ အဲ့ဒီလို စစ်မှုထမ်းခေါင်းစဥ်နဲ့ ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေကြတဲ့ ဖြစ်ဧဥ်တွေက ဖြစ်ရပ်ခြင်းကွာခြားမှုသာရှိပြီး နိုင်ငံတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ အကြောင်းကိစ္စ တစ်ခုဖြစ်ပါတယ်။
Ko Ko Lwin
Region: MM
Saturday 19 September 2026 01:33:57 GMT
Music
Download
Comments
Zaw Myo :
ဒါ ပထမဆုံး ကြားဖူး တာ
2026-09-19 03:43:47
13
phyophyo18625 :
လူကုန်ကူးမှု့ဆိုတော့ထောင်မကျပါဘူးပြန်လွတ်ပေးမှာပါမြစ်ငယ်ရဲစခန်းက
2026-09-19 04:52:26
4
skyfisher79 :
Welcome မြစ်ငယ် ရဲတပ်ဖွဲ့👏👏👏
2026-09-19 05:22:34
1
umyintswe :
ကောင်းတယ်ထိရောက်စွာအရေးယူပါ
2026-09-19 05:52:39
1
GabarGyi :
လုပ်ပွဲ ကစားပြတာ
ဝမ်းသာ မနေကြနဲ့
2026-09-19 04:27:46
1
အဟီး :
ပါဝင်ပတ်သက်သူ ထောင်ဒဏ်နှစ်ဆယ် ငွေဒဏ်မရှိစေရ ဆို ပွဲကပြီးပြီ
2026-09-19 04:47:03
1
Dawkhinlay :
သတင်းကိုသေချာနားထောင်ပါလွန်ခဲ့တဲ့သုံးရက်လောက်ကသတင်းပါ
ပြည်သူ့စစ်အယောင်ဆောင်ကငွေညစ်တာပါ
မိဘတွေကိုသိန်းသုံးရာနဲ့လာ
ရွေးရမယ်ပြောလို့နယ်မြေမှာရှိတဲ့ပြည်သူ့စစ်အမှန်နဲ့ရဲတပ်ဖွဲ့ကအယောင်ဆောင်ပြည်သူ့စစ်ဆိုတဲ့လူတွေကိုဖမ်းမိတာပါ
2026-09-19 04:55:19
3
YE :
စစ်မှုထမ်းဆိုပြီးငွေတောင်းတာနဲ့ သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့နိုင်ဖို့လိုတယ် ဒါဆို အချိန်မှီတားဆီးအရေးယူလို့ရမယ်
2026-09-19 04:18:05
1
မော်ကြီး :
ဝန်ကြီးအသစ်ပြောင်းတော့ရဲတွေလည်းညိမ်နေလို့မရတော့ဘူး
2026-09-19 03:45:25
0
tinzawlinn :
ဥပဒေအရအရေးယူတာပါ။
2026-09-19 03:16:26
1
Delta Force . :
စစ်မှုထမ်းဥပဒေ ၂၆ က ၂၅ က နဲဆိုးရင် ၃ နှစ်ပါ
2026-09-19 04:17:34
0
Thein Toe :
ဟုတ်ရဲ့လာ
2026-09-19 04:36:03
0
Myo Gyi :
ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေနဲ့ ညှိလို့ ဖြစ်မှာပါ မကြာခင် ညာညှိကြမှာပါ
2026-09-19 03:57:55
5
ချစ် ကြီးတောကြီသားလေးပါ :
ပြင်းပြင်းထန်ထန်အရေးယူပေးပါ
2026-09-19 05:20:29
0
9/MTLA[N] :
သိပ်ပျော်မနေကြနဲ့ ။ ခဏပဲဖမ်းတာပါ
သူတို့ ဂါရဝပြု့နေတဲ့ အဘတို့ရှိသေးတယ်
အဲ့အဘတွေအားကိုးနဲ့မို့လုပ်ရဲတာပါ ။
သူ့လူတွေအဖမ်းခံရရင် အဘဆိုတဲ့ကောင်က
ပြန်လွှတ်ခိုင်းမှာပါ 😁😁
2026-09-19 03:54:10
6
💞aung kyaw moe💞⏯14/🇱🇹 :
ဖြစ်သင့်တာလုပ်သင့်တာကြာပြီ ဥပဒေဘောင်အတွင်နေဆိုရင် ငါမှားခဲ့ရင်လည်းငါခံ မတရားနိုင်ထက်စီးနင်းလုပ်နေတဲ့ ကောင်တွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူတာဝမ်းသာတယ်
2026-09-19 03:23:13
5
Chitsan :
ဒါလက်တွေ့ဘဲနော့😁မယုံမရှိနဲ့
2026-09-19 05:55:37
1
kiki :
ဂွတ့
2026-09-19 03:22:45
0
Maung Aung Zaw Linn :
ဝမ်းသာမိ
2026-09-19 03:07:07
0
U Kyaw Win :
သည်လိုလုပ်သင့်တာကြာပါပြီဗျာ
လုပ်စားနေကြတာများပြီနော်
2026-09-19 03:50:51
1
Chit Latt Saung :
🤗🤗🤗🤗🤗
2026-09-19 06:10:27
0
Kozawzawoo :
👍
2026-09-19 03:27:45
0
Ko Latt :
👍👍👍
2026-09-19 03:27:52
0
user48197746572152 :
🥰🥰🥰
2026-09-19 04:18:07
0
Ko Nge :
👍👍👍🤔🤔🤔👍👍👍
2026-09-19 03:00:14
2
To see more videos from user @ko.ko.lwin625, please go to the Tikwm
homepage.