@zayartbz7news: အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် အရွယ်ရောက်ပြီး လူငယ်များ တော်လှန်ရေးနယ်မြေများ(သို့မဟုတ်) နိုင်ငံရပ်ခြားသို့ အမြန်ဆုံးထွက်ခွာကြရန် အပါအဝင် အကြံပြု တိုက်တွန်းချက်များ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ ရန်ကုန်၊ စက်တင်ဘာ ၁၉ အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေရှိပါက အရွယ်ရောက်ပြီး လူငယ်များအနေဖြင့် တော်လှန်ရေးနယ်မြေများ သို့မဟုတ် နိုင်ငံရပ်ခြားသို့ အမြန်ဆုံးထွက်ခွာကြရန် အပါ အဝင် လူငယ်များနှင့် ပြည်သူများအတွက် အကြံပြုတိုက်တွန်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၎င်း၏ အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုကာ အရပ်သားလူငယ်များကို အဓမ္မစစ်သားစုဆောင်းပြီး ၎င်း၏ စစ်အာဏာဆက်လက်တည်မြဲရေးအတွက် အသုံးချနေကြောင်း ဆိုသည်။ အာဏာသိမ်းယူထားသည့် စစ်အုပ်စုအနေဖြင့် ပြည်သူအပေါ် သက်ရောက်မှုကြီးမားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးပိုင်ခွင့် မရှိသော်လည်း ကျင့်သုံးနေခြင်းသည် ပြည်သူများအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၁၃၅,၀၈၀ ခန့်ကို အဓမ္မစုဆောင်းခဲ့ကြောင်း သိရသည်။ ယင်းအင်အားကို အသုံးပြု၍ စစ်အုပ်စုက လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံတစ်ဝန်း ထိုးစစ်များ ဆင်နွှဲနေပြီး စစ်ကြောင်းများတွင် ပြည်သူ့စစ်မှုထမ်းအင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရသည်ဟုဆိုသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀,၃၈၃ ဦး သေဆုံး၊ ၉,၇၉၂ ဦး ဒဏ်ရာရရှိ၊ ၃,၈၇၄ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး တပ်ပြေးအဖြစ် ထွက်ပြေးသူ ၂၀,၀၀၀ ခန့် ရှိခဲ့ကြောင်း ဆိုသည်။ အဆိုပါ ထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းများ ဖြစ်ကြောင်း၊ ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၅၃၆ ဦးအထိ ရှိကြောင်း သိရသည်။ စစ်အုပ်စု ထိန်းချုပ်ထားသည့် မြို့ပြများတွင် ပျူစောထီးများ၊ လူဆိုးလူမိုက်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခိုရောင်းဝယ်ခြင်းနှင့် ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းများကို လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်များသည် လူငယ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း NUG က ဆိုသည်။ အဓမ္မစစ်သားစုဆောင်းမှုသည် စစ်အုပ်စုအတွက် အဓိကအသက်ရှုပေါက်တစ်ခု ဖြစ်နေပြီး ယခုအခါ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားနေသဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်ကာ ယင်းအစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ရန် လိုအပ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားသည်။ ထို့ကြောင့် အရွယ်ရောက်ပြီး လူငယ်များအနေဖြင့် အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေရှိပါက တော်လှန်ရေးနယ်မြေများသို့ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန် NUG က တိုက်တွန်းထားသည်။ ထို့အပြင် ပေါ်တာဆွဲဖမ်းဆီးခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင်ရန် တစ်ဦးတည်းသွားလာခြင်းနှင့် ညဘက်အပြင်ထွက်ခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်လည်း အကြံပြုထားသည်။ မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရပါက အခွင့်အရေးရရှိသည့်အချိန်တွင် စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်များကိုပါ ယူဆောင်လာရန် NUG က တိုက်တွန်းထားသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် PDF စစ်ရုံးချုပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) ထံ ဆက်သွယ်ပြီး လိုအပ်သည့်အကူအညီများ ရယူကြရန်လည်း တိုက်တွန်းထားသည်။ ရပ်ရွာလူထုအနေဖြင့် မိမိတို့ရှေ့မှောက်တွင် လူပေါ်တာဆွဲဖမ်းဆီးမှုများ ကြုံတွေ့ပါက မျက်ကွယ်မပြုဘဲ လူထုအင်အားဖြင့် ဆန့်ကျင်တားဆီးကြရန်နှင့် မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း သားသမီးများနှင့် ခင်ပွန်းသည်များ၏ လုံခြုံရေးအတွက် အထူးသတိဝီရိယထား၍ ကူညီစောင့်ရှောက်ကြရန် NUG က တိုက်တွန်းထားသည်။ တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသည့် လူငယ်များအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှု စသည့် လူထုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူများအနေဖြင့် သတ်မှတ်ထားသည့် အရည်အချင်းနှ
ZayarTBZ 7 News
Region: TH
Saturday 19 September 2026 02:28:51 GMT
Music
Download
Comments
KO LIN :
NUG ကိုတိုင်ချက်ဖွင့်လို့ရလား😄😄😄
2026-09-19 04:00:22
2
Howard TTL :
သွားပိ ဒိတိုင်းဆို မပိးတော့ပါ သေချာသွားပါပိ စကစ လုပ်ကို nug ဘာမှ မလုပ်တတ်မကိုင်တတ်ဖစ်သွားပါပိ
2026-09-19 06:45:06
1
Dawn Sam Aye :
🥰🥰မဂ်လာပါ
2026-09-19 05:38:47
2
Stephen chow :
nug ကပိုက်ဆံမရှိတဲ့သူတွေကို အရင်လိုပဲရပ်ကြည့်နေမှာလား
2026-09-19 04:07:04
2
Myanmar :
အစကတည်းက သိနေတယ် QR code တွေနဲ့ ဆီဖြည့် ခိုင်းနေပြီဆိုတာ စစ်မှုထမ်းခိုင်းတော့မယ်ဆိုတာ သိနေတယ်
2026-09-19 07:18:52
2
sweet god :
အစိုးရနှစ်ရပ်လုံးကျေးဇူးတင်ဘာတယ်
2026-09-19 07:42:19
1
မဆန်းရီ :
😁😁😁
2026-09-19 06:56:53
1
Yu Zanna :
🥰🥰🥰
2026-09-19 06:09:53
2
Maw :
🥰🥰🥰
2026-09-19 05:19:34
3
Myo chit :
😁😁😁😁😁
2026-09-19 05:35:03
2
မင်းချစ်သူ :
😍😍😍👍
2026-09-19 07:24:50
0
zawzawaung :
🥰🥰🥰
2026-09-19 06:23:47
1
Khin Htay :
😳😳😳
2026-09-19 06:33:37
1
bdjdbfdmcbdbdjxn :
🥰🥰🥰
2026-09-19 04:34:20
2
Thiha Zaw :
🥰🥰🥰
2026-09-19 02:34:17
2
Sandar :
[Heartwarming][Heartwarming][Heartwarming]
2026-09-19 03:38:42
2
KAK :
😂😂😂
2026-09-19 02:37:37
2
Sai Myat Thu :
👍👍👍
2026-09-19 05:37:44
1
May Thu Tun :
🌹🌹🌹
2026-09-19 04:35:19
1
Nay Min Mg :
🥰🥰🥰
2026-09-19 06:17:52
0
သားလေရဲပြိုး🏵 :
😳😳😳
2026-09-19 10:28:08
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.