@htetaung4018: ဝဋ်ကြွေးပါရင် ဆပ်ရတယ်၊ ရေစက်ပါရင် ဆုံရတယ်၊ ဖူးစာပါရင် ညားရတယ်၊ ကံကုန်ရင် ခွဲရတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ပြီး ပျက်ချိန်တန်ရင် ပျက်ကြရတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊ ဘယ်လောက်ပဲ မခွဲချင်ခဲ့ကြပါစေ ကံတရားက ခွဲဖို့ဆုံးဖြတ်ထားရင် လက်တွဲထားတဲ့လက်တွေတောင် တစ်နေ့မှာ လွှတ်ပေးရမှာပါပဲ။ တချို့လူတွေက ဘဝထဲကို အမြဲနေဖို့ ဝင်လာတာမဟုတ်ဘူး၊ တချို့က သင်ခန်းစာပေးဖို့၊ တချို့က အမှတ်တရဖြစ်ဖို့၊ တချို့ကတော့ ကိုယ့်ဘဝရဲ့ တစ်ပိုင်းတစ်စကို ဖြည့်ဆည်းပေးဖို့ပဲ ဆုံလာကြတာပါ။ ဒါကြောင့် ဆုံခဲ့ခြင်းကို ကျေးဇူးတင်ပြီး ခွဲရခြင်းကိုလည်း လက်ခံတတ်ပါ။ မပိုင်ဆိုင်ရတာကို အပြစ်မတင်နဲ့၊ မတည်မြဲရတာကိုလည်း နောင်တမရနဲ့။ ကိုယ့်ဘက်က ပေးဆပ်နိုင်သလောက် ပေးဆပ်ခဲ့ပြီးပြီဆိုရင် ကျန်တာတွေကို ကံတရားလက်ထဲ အေးအေးဆေးဆေး အပ်လိုက်ပါ။ ကံရှိလို့ ဆုံခဲ့ကြတာဖြစ်သလို ကံကုန်လို့ ဝေးခဲ့ကြတာပါပဲ။ တချို့ရေစက်တွေက အတူတူလျှောက်ဖို့မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် သတိရစေဖို့အတွက်ပဲ ဆုံခွင့်ရခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။ #စာတို #fpyシ #foryoupage #မူရင်းကိုcrdပေးပါတယ်နော် #htetaung4018
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎
Region: MY
Saturday 19 September 2026 03:32:37 GMT
Music
Download
Comments
nangangellin1 :
ပြန်တင်ခွင့်ပေးပါရှင့်🥰
2026-09-19 10:51:58
1
khin kyawt kyawt Khaing :
ပြန်တင်ခွင့်ပြုပါရှင့်
2026-09-19 08:10:47
1
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎ :
ဝဋ်ကြွေးပါရင် ဆပ်ရတယ်၊
ရေစက်ပါရင် ဆုံရတယ်၊
ဖူးစာပါရင် ညားရတယ်၊
ကံကုန်ရင် ခွဲရတယ်။
ဖြစ်ချိန်တန်ရင် ဖြစ်ပြီး
ပျက်ချိန်တန်ရင် ပျက်ကြရတယ်ဆိုတာ
မမေ့ပါနဲ့။
ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊
ဘယ်လောက်ပဲ မခွဲချင်ခဲ့ကြပါစေ
ကံတရားက ခွဲဖို့ဆုံးဖြတ်ထားရင်
လက်တွဲထားတဲ့လက်တွေတောင်
တစ်နေ့မှာ လွှတ်ပေးရမှာပါပဲ။
တချို့လူတွေက
ဘဝထဲကို အမြဲနေဖို့ ဝင်လာတာမဟုတ်ဘူး၊
တချို့က သင်ခန်းစာပေးဖို့၊
တချို့က အမှတ်တရဖြစ်ဖို့၊
တချို့ကတော့ ကိုယ့်ဘဝရဲ့
တစ်ပိုင်းတစ်စကို ဖြည့်ဆည်းပေးဖို့ပဲ
ဆုံလာကြတာပါ။
ဒါကြောင့် ဆုံခဲ့ခြင်းကို ကျေးဇူးတင်ပြီး
ခွဲရခြင်းကိုလည်း လက်ခံတတ်ပါ။
မပိုင်ဆိုင်ရတာကို အပြစ်မတင်နဲ့၊
မတည်မြဲရတာကိုလည်း နောင်တမရနဲ့။
ကိုယ့်ဘက်က ပေးဆပ်နိုင်သလောက်
ပေးဆပ်ခဲ့ပြီးပြီဆိုရင်
ကျန်တာတွေကို ကံတရားလက်ထဲ
အေးအေးဆေးဆေး အပ်လိုက်ပါ။
ကံရှိလို့ ဆုံခဲ့ကြတာဖြစ်သလို
ကံကုန်လို့ ဝေးခဲ့ကြတာပါပဲ။
တချို့ရေစက်တွေက
အတူတူလျှောက်ဖို့မဟုတ်ဘဲ
တစ်ယောက်ကိုတစ်ယောက် သတိရစေဖို့အတွက်ပဲ
ဆုံခွင့်ရခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
2026-09-19 03:32:50
4
Kyaw Thu Hein :
ခုတော့ သတိရခြင်းတွေနဲ့ ခွဲရပြီပေါ့ ညီမရယ်
2026-09-19 05:37:37
1
koko :
တင်ခွင်ပြုပါအိုးအကို
2026-09-19 11:54:36
0
Noon Kham :
မှန်ပါ၏ ထပ်တူကျပါ၏❤️❤️
2026-09-19 05:22:33
1
Naing :
ဟုတ်ပါတယ်လေကျွန်တော်တို့ဘဝတွေများဆိုးလိုက်တာဗျာ😢😢😢
2026-09-19 05:24:39
1
11111 mama👩🏻👩🏻👩🏻👩🏻👩🏻 :
ဒီစာလေးမဖက်ခင်ထိမျက်ရည်တွေနေတိုင်ကျနေမိတယ်ခုစာလေးဖက်ပြီငိုစရာမျက်ရည်မရှိတော့ပါဘူး
2026-09-19 05:13:45
1
ပန်းဝတ်ရည်378 :
မှန်လိုက်တာစားထာလေက🥰🥰🥰🥰
2026-09-19 11:37:50
0
Ma Soe🥰 :
မှန်သော
2026-09-19 11:44:45
0
Hnin Yu Khaing :
ပြန်တင်ခွင့်ပေးပါရှင့်
2026-09-19 07:49:13
1
လင်းသဇင်အေး :
မှန်လိုက်တယ်စားသားလေး🥰🥰🥰🥰ပြန်တင်ပေးပါအုံးနော်🥰🥰🥰🥰🥰🥰
2026-09-19 10:43:01
0
Ko Thit :
တိုက်ဆိုင်လို ပြန်တင်မယ်နော်😍
2026-09-19 08:50:10
0
ZinZinSoe :
ဟုတ်ခဲ့ပါရှင့်
2026-09-19 08:35:07
0
@win myint aung :
ok
2026-09-19 08:49:47
0
Myint Aye :
ကျမ္မာကြပါစေဗျာ
2026-09-19 08:21:02
0
Aung Ko Oo :
🥰🥰🥰
2026-09-19 07:32:49
0
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎ :
2026-09-19 03:32:47
0
kokyaw99770 :
အမှန်ပါ စာရေသူအားလေးစားလျှက်ပါ
2026-09-19 05:03:58
0
နော်လာဦး :
🥰🥰🥰
2026-09-19 05:08:21
0
Nwe :
မှန်လိုက်တာရှင်
2026-09-19 12:05:12
0
Win Sandar Kyaw :
အမှန်ပါပဲ
2026-09-19 06:54:35
0
🌹🪷ကဗျာနွေ🌹(Official acc)🌷 :
စာသားလေးပြန်တင်မယ်နော်
2026-09-19 06:33:53
0
wiko 🇹🇭 :
အရမ်းမှန်တဲ့စာလေး
2026-09-19 06:02:13
0
Nyi Nyi Lwin :
အမှန်တရားပါ၊ကိုယ်မြတ်နိုးတန်းဖိုးထားတဲ့အရာအားလုံးတစ်နေ့တော့ထားခဲ့ရမှာဘဲလေ
[Like][Like][Like]
2026-09-19 04:01:24
0
To see more videos from user @htetaung4018, please go to the Tikwm
homepage.