@bob.xenka: Aid To The Brave -ရှေ့တန်းအသက်ကယ်ဆေးဝါး ကမ်ပိန်း ဒီတခေါက် ကမ်ပိန်းမှာတော့ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တွေ အတွက် ဆေးဝါးလိုအပ်ချက် ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။ ဆေးပစ္စည်းတွေက ရဲဘော်တဦးအတွက် လက်နက်ခဲယမ်းဖြည့်တင်းသကဲ့သို့၊ အသက်ကယ် ကျည်ကာတွေကဲ့သို့ အရေးကြီးပါတယ်။ တိုက်ပွဲတပွဲရဲ့ အောင်ပွဲနဲ့ အရေးနိမ့်မှုကို ဆုံးဖြတ်ပေးနိုင်တဲ့အထိ အရေးကြီးတဲ့ ကဏ္ဍတရပ်လည်းဖြစ်ပါတယ်။ အောင်ပွဲများစွာရရှိနေတဲ့ တိုက်ပွဲတိုင်းရဲ့နောက်ကွယ်မှာ ဗျူဟာကျတဲ့ စစ်ရေးစီမံချက်နဲ့အတူ စနစ်ကျတဲ့ ကယ်ဆယ်ကုသ ရေးစနစ် ပြင်ဆင်ထားရှိနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှသာ တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရ ရဲဘော်တွေအတွက် မလိုအပ်ဘဲ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရမှု၊ အသက်ဆုံးရှုံးရမှုတွေကို ပိုမိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာလည်း မိဘပြည်သူတွေရဲ့ ထောက်ပံ့ငွေကနေ ရရှိလာမယ့် ဆေးဝါးတွေ အလေအလွင့်မရှိဘဲ ထိထိရောက်ရောက် သုံးစွဲနိုင်ရေးအတွက် ကျနော်တို့မှာ “ပေါင်းစုချိတ်ဆက် ထိခိုက်ဒဏ်ရာ ပြုစုရေးစနစ်" ကို တည်ဆောက်ထားပါတယ်။ နောက်အပိုင်းတွေမှာတော့ ဒါကို ဆက်လက်ပြီး တင်ပြသွားပါမယ်။ ဒီကမ်ပိန်းမှာတော့ ဥတုရာသီရဲ့ စိန်ခေါ်မှုကို ကြံ့ကြံ့ခံပြီး ရန်သူနဲ့ အနီးဆုံးမှာရှိတဲ့ စစ်ဒေသအသီးသီးမှာရှိတဲ့ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တွေအတွက် "ရှေ့တန်းအသက်ကယ်ဆေးဝါး" လိုအပ်ချက်ကို ဖြည့်တင်းသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ တားဂတ်ပမာဏကတော့ သိန်း ၁ ထောင်ကျပ်ဖြစ်ပြီး တပ်ရင်းတရင်းစာအတွက် ရှေ့တန်းဆေးဝါးလိုအပ်ချက်ဖြစ်ပါတယ်။ ကမ်ပိန်းကာလကတော့ တလဖြစ်ပြီး BPLA - Venture ကို ဆက်သွယ်ပြီး တိုက်ရိုက်ပါဝင်ထောက်ပို့နိုင်ပါတယ်။ တိုက်ပွဲဝင် ရဲဘော်တစ်ဦးရဲ့ အသက်နဲ့ခန္ဓာ ဆုံးရှုံးမှုကနေ ကာကွယ်ပေးနိုင်မယ့် "သက်စောင့်အိတ်" များကို ရဲဘော်တိုင်းကို ဖြည့်တင်းတပ်ဆင်ပေးဖို့ ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျ။ ပါဝင်နိုင်သောlink- https://www.facebook.com/share/18wEanVV7k/ #BPLA #bpla_venture #AidtoTheBrave #ရှေ့တန်းအသက်ကယ်ဆေးဝါး
BOB XENKA
Region: TH
Saturday 19 September 2026 03:41:47 GMT
Music
Download
Comments
lllll. £llllllllllllllllllllll :
🥺🥺🥺🥺🥺🥺🥺🥺🥺😘😘😘😘😘😘
2026-09-21 15:27:30
1
To see more videos from user @bob.xenka, please go to the Tikwm
homepage.