@dama7134fs1: သရဏဂုံအမြဲရွတ်ဆိုပါကထူးခြားလာမည့် (၁၁) ချက်" သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည်အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိသာသု ပူဇိတော ဟောမိ သွားလေရာ အရပ်တိုင်း၌ လူအများ၏ လေးစားမြတ်နိုးခြင်းကို ခံရမည်။ ၂။ တိက္ခပညာ ဉာဏ်ပညာ အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါ နုဝတ္တန္တိ နတ်တို့၏ စောင့်ရှောက်ခြင်းကို ခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ ဖြစ်လေရာ ဘဝတိုင်း၌ ရုပ်အဆင်း အလွန်လှပမည်။ ၆။ ပဋိကန္တော ဘဝါမဟံ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။ ၇။ မိတ္တာနံ အစေလော ဟောမိ ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။ ၈။ ယသော အဗ္ဗုဂ္ဂတော မမံ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားချီးမြှောက်ခြင်းကို ခံရမည်။ ကောင်းသောစကားများသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျော်ဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ် က ဟောကြားခဲ့ပါသည်။ သရဏဂုံ ၏ အကျိုးတရားများ မှာ ____ ၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော အန္တရာယ်များ၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်း စသည်တို့ကို တားမြစ်ဖျက်ဆီးပေးနိုင်ပါသည်။ ၂။ နောင်ဘဝ၌ နတ်ပြည်သို့ ရောက်သောအခါ သရဏဂုံတည်သော နတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက်ရှည်ခြင်း အဆင်းလှခြင်း အခြွေအရံ ပေါများခြင်း အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာ ရရှိခြင်း ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း ချစ်ခင်နှစ်သက်မှု ရရှိခြင်း ကျော်စောထင်ရှားခြင်း အစိုးရခြင်း နတ်တို့၏ အာရုံငါးပါး၌ သာလွန်ခြင်း မိမိအလိုကို အခြားနတ်များက လိုက်လျောရခြင်း မိမိ၏ အဆွေခင်ပွန်းများကို မည်သူမျှ မဖျက်ဆီးနိုင်ခြင်းစသည့် အကျိုးတရားများနှင့် ပြည့်စုံနိုင်ပါသည်။ အလွန်အလုပ်များ၍ တရားအားထုတ်ရန် အချိန်မရသောသူများသည် သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများခြင်း၏ အကျိုးကြောင့် သံသရာခရီး ၊ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်။ သံသရာ၌ ကျင်လည်ရလျှင်လည်း ဖော်ပြခဲ့သော အကျိုးတရားများကို ရရှိကြပါလိမ့်မည်။ သရဏဂုံ အမြဲရွတ်ဆိုပါက ထူးခြားလာမည့် (၁၁) ချက် ၁။ ဒုက္ခရာက်တော့မယ်ဆိုရင် အလိုလိုသိနေခြင်း။ ၂။ စိတ်ရင်းမမှန်တဲ့သူတွေ ကိုယ့်အနားမှာ အမြဲနေလို့မရခြင်း။ ၃။ ဒုက္ခရောက်စရာရှိလို့ ခံရတော့မယ်ဆိုရင် ပယ်ထုတ် ပလိုက်ခြင်း။ ၄။ ကြီးကြီးမားမားဖြစ်မယ့် ပြဿနာ ငယ်သွားခြင်း ၊ လျော့သွားခြင်း ၊ ပပျောက်သွားခြင်း။ ၅။ ဒုက္ခကြုံတွေ့နေရရင်တောင် ဆိုးရွားစွာ မဖြစ်ခြင်း။ ၆။ ကူညီစောင့်ရှောက် ထောက်ပံ့ကာကွယ်မည့်သူများ ပေါ်ပေါက်ရောက်ရှိလာခြင်း။ ၇။ အန္တရာယ်မကျရောက်ခြင်း။ ၈။ ဘေးဆိုးဒုက္ခ မကြုံတွေ့ခြင်း။ ၉။ အန္တရာယ်ကြုံရင်တောင် လွတ်မြောက်ခြင်း။ ၁၀။ ပိုက်ဆံများ ၊ ငွေများသိသိသာသာ ဝင်ရောက်လာခြင်း။ ၁၁။ ကျွေးချင် မွေးချင် ပေးချင်သူများ ပေါများလာခြင်း။ ဒီအချက်တွေကြောင့်သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပူဇော်ပွားများပါ ။ သရဏဂုံ သုံးပါးကို သတိရတိုင်း၊ အမှတ်ရတိုင်း စိတ်ထဲမှ ရွတ်ဆိုပွားများကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ပတ္တိဒါနပြန်လည်မျှဝေပါသည်။ မေတ္တာ အေးရိပ် . 🙏🙏🙏 #မူရင်းပိုင်ရှင်အားcrdပေးပါတယ်🥰 #မေတ္တာဖြင့်မျှဝေပေးပါသည်✍ #foryoupage❤️❤️ #knowledgesharing #fypシ゚viral🖤tiktok☆♡
ဓမ္မရနံ့
Region: MM
Saturday 19 September 2026 04:27:01 GMT
Music
Download
Comments
🌾🌾🌾Huse Pyae🐖🐖🐖 :
မနက်မိုးသောက်လင်းတာနဲ သရဏဂုံသုံးပါတည်ပြီနေသစ်တခုကိုဖြတ်သန်းလာတာ ၉နှစ်ရှိပါပြီ🙏🙏🙏🙏🙏
2026-09-20 02:49:49
10
U Thein Win :
တနေ့ကိုသရဏဂုံ1000နေ့စဉ်ရွတ်ဖတ်ပူဇော်လာခဲ့သည်မှာတနှစ်ခန့်ရှိပါတယ်အကျိုးကိုမျှော်လင့်ခြင်းမရှိခဲ့၍သတိမထားခဲ့ပါသို့ပေမဲ့ယနေ့ထိဘာအခက်အခဲမှမရှိခဲ့ပါယခုလိုပြည့်ပြည့်စုံစုံတင်ပြသိရှရသဖြင့်များစွာကျေးဇူးတင်ရှိပါတယ်
2026-09-20 14:18:31
5
K :
ကျေးဇူးပါကျေးဇူးပါအမြဲရွတ်ပါတယ်ရှင်
2026-11-10 10:25:47
1
𝑲𝒐 𝑻𝒖𝒏 𝑺𝒉𝒘𝒆 :
ဗုဒ္ဓံ သရဏံ ဂစ္စာမိ
ဓမ္မံ သရဏံ ဂစ္စာမိ
သံဃံ သရဏံ ဂစ္စာမိ ပါဘုရား🙏🙏🙏
2026-09-21 16:44:00
8
𝔸𝕄𝕠𝕟𝕖𝔸𝕣𝕥𝕂𝕒𝕐𝕒𝕣 :
မိုးလင်းလို့မျက်နှာသစ်တာနဲ့ သရဏဂုံတည်ပီးမျက်နှာသစ်တယ်🙏🙏🙏🙏🙏
2026-09-22 13:14:47
5
Poe Ou + Poe Thau :
သရဏဂုံကို ရှေ့ပြန် နောက်ပြန်
အမြဲရွတ်ပါတယ်
2026-09-20 16:51:29
5
ခင်လေးညို :
🙏🙏🙏အမြဲရွတ်ပါတယ်
2026-09-20 06:16:15
3
Kaung Ma Lay :
သာဓု သာဓု သာဓုပါရှင့် ဟုတ်တာပေါ့ ရောက်လေရာ အရပ်တိုင်းမှာ ချစ်သူ ခင်သူတွေ ပေါများပြီး ဉာဏ်ပညာတွေ ထက်မြတ်တယ် အလုပ်ထဲမှာလဲ ဦးစားပေး ခံရပြီး လေးစားခံရတယ်လေ မိမိ ပြုလုပ်ခဲ့သမျှ အလုပ် မှန်သမျှကိုလဲ တန်ဖိုးထားပြီး လုပ်ပေးတော့ အထက်လူကြီးကများလဲ လေးစားတာပေါ့ ဘယ်နေရာရောက်ရောက် စိတ်စေတနာလေး ထည့်ပြီးသာ လုပ်ပေးရင် အကျိုးပေး တန်ပါတယ် စီးပွား လာဒ်လာဘတွေလဲ အများတကာထက် သာလွန်စွာ စုနိုင်ခဲ့တယ် ဗုဒ္ဓရဲ့ အဆုံးအမတရားတွေကို ဘယ်တော့မှ မမေ့ဘူးဆိုတော့ မိမိဟာ အထက်တန်း ကျကျ မျက်နှာပန်းလှလှ ဘဝလေးကို ရောက်ရတော့မှာပေါ့ မိမိပြောလိုက်တဲ့ စကား မိမိလုပ်လိုက်တဲ့ အလုပ် မိမိပြုမူလိုက်တဲ့ အမူအရာ အားလုံးဟာ တရားသော အလုပ် တရားသော စကား တရားသော အပြုအမှုတွေသာ ဖြစ်နေစေရမယ်လေ
2026-09-20 04:31:31
6
i.khay.lay :
နေ့တိုင်းရွတ်ဖက်ပူဇော်ပါတယ်ရှင့်🙏🙏🙏
2026-09-22 12:55:41
2
bo mya :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါ
2026-09-20 15:39:31
2
tanzincho :
နေ့စဥ်အနုလုံ.ပဋိလုံရွတ်ပါတယ်
2026-09-22 02:37:35
1
Mg Mgklmv :
သာဓုသာဓုသာဓု
2026-09-20 04:15:52
4
Sandar :
ညအိပ်ရာဝင်ရင် သရဏဂုံ ပုတီးစိပ်ပီးအိပ်ပါတယ် 🙏🙏🙏
2026-09-23 07:44:31
1
user3499382128212 :
🙏🙏🙏🙏🙏
2026-10-28 15:06:37
1
5/အရတသားလေးကျနော် :
2026-09-20 12:01:04
1
မော်မော် :
2026-09-20 12:18:17
1
Thu Zar :
🙏🙏🙏🙏
2026-09-20 09:05:27
1
Daw Myint Myint Than :
🙏
2026-09-22 14:03:56
1
Aye Pwint Aung😘🥰 :
🙏🙏🙏အသက်စိ့နေ့တိုင်းရွက်ပါတယ်ရှင့်သဏဂုံ🥰🥰
2026-09-20 01:23:20
1
Mya Mya Moe :
နေ့စဥ်မပြတ်ရွတ်ပါတယ်🙏🙏🙏
2026-09-20 03:38:44
3
Kaung Myat :
သာဓု သာဓုသာဓုပါဘုရား
2026-09-19 14:37:19
3
U Thant ( Adv; ) 🇲🇲✅ :
နေ့တိုင်းပူဇော်ပါတယ် 🙏🏻🙏🏻🙏🏻
2026-09-19 16:02:39
3
ThitSar :
အမြဲရွတ်ပါတယ်
တကယ်ပါ
အရာရာအဆင်ပြေပါတယ်နော်
မသေခင်လည်း
ကိုယ့်အတွက်သရဏဂုံတည်ပြီးသားလဲဖစ်ပါတယ်
2026-09-22 10:01:37
3
ကွေးကွေးလေး💙💜 :
🙏🙏🙏ထူးဆန်းအံအော်ဖွယ်မို့ကျင့်ကြံန်ုင်ခွင့်ရှိရပါလို့၏
2026-09-19 15:52:06
1
♥️🌹... :
နေ့စဉ်နေ့တိုင်းရွတ်ဖတ်ပူဇော်ပါတယ်🙏🙏🙏🙏🙏
2026-09-21 02:33:23
1
To see more videos from user @dama7134fs1, please go to the Tikwm
homepage.