@letswan.htang: ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၀ နေ့စဉ် ခွန်အား “ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်ယ်” (ယောဟန် ၁၁:၄၀) မာရိနဲ့ မာသက သူတို့သခင်ဘုရား ဘာလုပ်နေတယ် ဆိုတာ နားမလည်ကြဘူး။ နှစ်ယောက်လုံးက “သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မတို့မောင် သေမှာမဟုတ်ဘူး” လို့ ပြောကြတယ်။ သူတို့ရဲ့စိတ်ထဲမှာ ဒီလိုတွေးနေကြပုံရတယ်။ “သခင်၊ ဘာလို့ ဒီလောက်ကြာနေခဲ့ရတာလဲဆိုတာ ကျွန်မတို့ နားမလည်ဘူး။ သခင် ချစ်တဲ့လူ မသေခင် ရောက် မလာခဲ့တာ ဘာကြောင့်လဲဆိုတာ နားမလည်ဘူး။ သခင် ရှိရင် ဒီဝေဒနာနဲ့ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်မယ် ဆိုတာ သိရက်သားနဲ့ ဘာလို့ အချိန်မီ ရောက်မလာခဲ့တာလည်းဆိုတာ နားမလည်ဘူး။ အခုတော့ အချိန်လွန်သွားပြီ၊ သူသေတာ လေးရက်တောင် ရှိပြီပဲ။” ဒါတွေအားလုံးအတွက် ယေရှုပြောတဲ့ အဓိက အမှန် တရားကတော့ တစ်ခုပဲ။ “မင်းတို့ နားမလည်နိုင်ဘူး။ ဒါပေမဲ့ ငါပြောမယ်၊ ယုံရင် တွေ့ရလိမ့်မယ်။” အာဗြဟံလည်း ဘုရားသခင် ဘာလို့ သားကို ယဇ်ပူ ဇော်ခိုင်းတာလဲ နားမလည်ဘူး။ ဒါပေမဲ့ သူယုံကြည် ခဲ့တယ်။ ပြီးတော့ သားကို ပြန်ရတဲ့အခါ ဘုရားသခင်ရဲ့ ဘုန်းတော်ကို တွေ့ခဲ့တယ်။ မောရှေလည်း ဘုရားသခင် ဘာလို့ သူ့ကို တောကန္တာရမှာ အနှစ်လေးဆယ် ထားခဲ့တာလဲ နားမလည်ဘူး။ ဒါပေမဲ့ သူယုံကြည်ခဲ့တယ်။ ဘုရား သခင် ဣသရေလလူမျိုးကို ကျွန်ဘဝကနေ ခေါ်ထုတ်ဖို့ သူ့ကို ခေါ်တဲ့အခါ သူတွေ့ခဲ့တယ်။ ယောသပ်လည်း သူ့အစ်ကိုတွေရဲ့ ရက်စက်မှု၊ မိန်းမယုတ် တစ်ယောက်ရဲ့ မဟုတ်မမှန် သက်သေခံမှု၊ မတရား အကျဉ်းချခံရတဲ့ နှစ်တွေအကြောင်း နားမလည်ဘူး။ ဒါပေမဲ့ သူယုံကြည်ခဲ့တယ်။ နောက်ဆုံးမှာ ဒါတွေအားလုံးထဲက ဘုရားသခင့်ဘုန်းတော်ကို သူတွေ့ခဲ့တယ်။ ယာကုပ်လည်း ယောသပ်ကို သူ့အဖေရဲ့ ချစ်ခြင်းကနေ ဆွဲခွာပစ်တဲ့ ထူးဆန်းတဲ့ ဘုရားသခင့်အစီအစဉ်ကို နားမလည်ဘူး။ ဒါပေမဲ့ ယောသပ်ကို မင်းကြီးတစ်ပါးရဲ့ လက်ထောက်အရာရှိအဖြစ်လည်းကောင်း၊ သူ့အသက်နဲ့ လူမျိုးကြီးတစ်မျိုးရဲ့ အသက်တွေကို ကယ်တင်သူ အဖြစ်လည်းကောင်း မြင်တဲ့အခါ ဘုရားသခင်ရဲ့ ဘုန်းတော်ကို သူတွေ့ခဲ့တယ်။ ဒါကြောင့် မင်းဘဝမှာလည်း ဒီလိုဖြစ်နိုင်တယ်။ “ဘုရားသခင်က ငါချစ်ရတဲ့လူကို ယူသွားတာ ဘာကြောင့်လဲ နားမလည်ဘူး။ ဆင်းရဲဒုက္ခတွေက ငါ့ကို ရိုက်ခတ်ဖို့ ဘာလို့ ခွင့်ပြုတာလဲ နားမလည်ဘူး။သခင် ငါ့ကို ခေါ်နေတဲ့လမ်းက ကွေ့ကောက်နေတာကို နားမလည်ဘူး။ အကောင်းဆုံး အစီအစဉ်လို့ ထင်ရတဲ့ ငါ့ရဲ့အကြံအစည်တွေ ဘာလို့ ပျက်ပြားသွားတာလဲ နားမလည်ဘူး။ ငါအရမ်းလိုအပ်နေတဲ့ ကောင်းချီးတွေ ဘာလို့ ဒီလောက်ကြာကြာ နှောင့်နှေးနေတာလဲ နားမလည်ဘူး” လို့ မင်းပြောနေတယ်။ သူငယ်ချင်း၊ ဘုရားသခင် မင်းနဲ့ပတ်သက်တဲ့ လမ်းတွေအားလုံးကို မင်းနားလည်ဖို့ မလိုဘူး။ ဘုရားသခင်လည်း မင်းနားလည်ဖို့ မမျှော်လင့်ဘူး။ မင်းလည်း မင်းရဲ့ကလေး နားလည်ဖို့ မမျှော်လင့်ဘူး။ ယုံကြည်ဖို့ပဲ မျှော်လင့်တယ်။ တစ်နေ့ကျရင် မင်းနားမလည်တဲ့ အရာတွေထဲမှာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို မင်း တွေ့ရလိမ့်မယ်။ (J.H.McC.) Streams in the Desert - volume (1) (Mrs. Charles E.Cowman - 1925) #letswanthang #ourdailybread #forsoul #tiktokviral #fyp
Letswan Thang
Region: MM
Saturday 19 September 2026 09:21:00 GMT
Music
Download
Comments
Su Myay Min :
Hallelujah.Love Lord.Amen🥰🙏🙏🙏
2026-09-19 10:59:35
0
Mai Mai :
အာမင်
2026-09-19 09:37:14
0
ရှင်သန်ခြင်းအဓိပ္ပါယ် ?🤗 :
💯Amen🖐️
2026-09-19 13:27:05
0
🌹💞🌻 ပန်းချိသူဇင်လေး🌻💗🌹 :
2026-09-19 10:02:25
0
To see more videos from user @letswan.htang, please go to the Tikwm
homepage.