@gu_changge7: သင်တို့ဘုရား ငါ မဖူး _ ဓာတ်လား နတ်လား ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး မင်းတဆက် တက်ရင် နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ် ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ် သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့ နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက် စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက် အခု ငြိမ်းချမ်းရေးတဲ့လား သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့ တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ အောက်တန်းစားဆန်တယ် ဆူညံတယ် သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ် သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး မင်းခမ်းမင်းနားသဘင်ထဲက ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး ငြူစူတယ် ဝန်တိုတယ် အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ် အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ် ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ် သင်တို့ပညာမဲ့ဘုရား ငါ မဖူး ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂလတွေ ဒီမိုကရေစီထက် ပိုစောတဲ့ ဂဏစနစ်အကြောင်း ပြောရင်း နှစ်ယောက်ရှိ သုံးဂိုဏ်းခွဲကြည့်ချင်တဲ့ သူရဲကောင်းရူးတွေ သင်တို့အယောနိသောမနသိကာရဘုရား ငါ မဖူး မမြင်ဖူး မူးမြစ်ထင်သလို ဗုဒ္ဓကို မသိမြင်လေလေ ဘုရား တ လေလေ ချစ်သားတို့ရေ.. ဝေလေလေ သပ္ပုရိသအပေါင်း မျောက်လောင်းတို့ရေ.. ဝေလေလေ အေ.. သင်တို့ဝေလေလေဘုရား ငါ မဖူး တရားဦးဓမ္မစကြာရဲ့အမှတ်အသား စက္က(တရားစက်ဝန်း)အစား လော်စပီကာအပေါက်ဝိုင်းကြီးအား အရှက်တရားမဲ့ ရွံ့ဖွယ်လိလိ တပ်ဆင်လဲလှယ်ကြ သင်တို့အမနာပဘုရား ငါ မဖူး ဗုဒ္ဓက လွတ်လပ်တော်မူလို့ ဗုဒ္ဓကို သင်တို့အလေအလွင့်ဘုရားက ကွယ်ပလို့ ဓမ္မက သဘာဝကျယ်ပြောလို့ ဓမ္မကို သင်တို့ကျဉ်းကျပ်ကျုံ့ဝင်သောတရားက ကွယ်ပလို့ အို ဆူညံသော အသုရကာယတို့ သင်တို့ ချီးပသောဘုရား ငါ ငြင်းဆန်ပါရဲ့ သင်တို့ ထိုးကျင့်သောတရား ငါ ငြင်းဆန်ပါရဲ့ အို ပိန်ဖျင်းသော ပေတတိရစ္ဆာန်တို့ ငါ့မှာ တဆူတည်းသော တိတ်ဆိတ်သူ ဗုဒ္ဓဟာ ရှိပြီးဖြစ်ရဲ့ ထို့ကြောင့် သင်တို့ဘုရား ငါ မဖူးလိုလို့။ _ကေဇဝင်း #ကဗျာ #ကေဇဝင်း #နှောင်ခတ်သွင် #ကဗျာရွတ်
𝐍𝐲𝐢𝐙𝐍𝐡𝐲𝐮𝐧𝐧
Region: MM
Saturday 19 September 2026 09:29:18 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @gu_changge7, please go to the Tikwm
homepage.