@redredredredbullbull: ရန်ကုန်မြို့လယ် စမ်းချောင်းတွင် ဆယ်ကျော်သက်လူငယ်အုပ်စု ကျောင်းသားနှစ်ဦးအား နေ့ခင်းကြောင်တောင် ဓားဖြင့် ဝိုင်းဝန်းထိုးသတ် ရန်ကုန်၊ စက်တင်ဘာ ၁၉ ရန်ကုန်မြို့လယ် စမ်းချောင်းမြို့နယ်၊ ဗားဂရာလမ်းပေါ်ရှိ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့တွင် ယနေ့ စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက ဆယ်ကျော်သက်လူငယ်အုပ်စုတစ်စုမှ ကျောင်းသားလူငယ်နှစ်ဦးအား နေ့ခင်းကြောင်တောင် ဓားဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းထိုးသတ်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ Info Myanmar College မှ ကျောင်းသားလူငယ်နှစ်ဦးသည် လမ်းဘေး Platform ပေါ်၌ အနက်ရောင်ဝတ်စုံဝတ် ဆယ်ကျော်သက်လူငယ်အုပ်စုတစ်စုနှင့် မတော်တဆ ပုခုံးချင်းတိုက်မိရာမှ စကားအခြေအတင် ဖြစ်ပွားခဲ့ပြီး အဆိုပါ လူငယ်အုပ်စုက ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ ဓားထိုးခံရမှုကြောင့် ကျောင်းသားတစ်ဦးမှာ ခေါင်းတွင် ပြတ်ရှဒဏ်ရာကြီး ရရှိခဲ့ပြီး အခြားတစ်ဦးမှာမူ အဆုတ်ကို ဓားနှစ်ချက် အထိုးခံရသဖြင့် သွေးအိုင်ထဲတွင် မေ့မြောလဲကျကာ အသက်ရှူရခက်ခဲလျက်ရှိသည်။ ဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရသည်။ ရုပ်သံမှတ်တမ်းများအရ ကျူးလွန်သူများသည် ဓားထိုးမှု ကျူးလွန်ပြီးနောက် လမ်းမပေါ်တွင် အုပ်စုလိုက် ခပ်တည်တည် ရမ်းကားထွက်ပြေးသွားကြသည်ကို မြင်တွေ့ရသည်။ ၎င်းတို့၏ အပြုအမူများသည် တရားဥပဒေကို လုံးဝ မထောက်ထား၊ ဘာကိုမှ မကြောက်ရွံ့သည့် လမ်းသရဲဆန်ဆန် သွင်ပြင်ကို ပြသနေသည်။ ယခုဖြစ်စဉ်သည် ခေတ်ပျက်၊ စနစ်ပျက်အောက်တွင် ပြန်လည်ခေါင်းထောင်လာသည့် ‘ဇိုး’ ယဉ်ကျေးမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို မီးမောင်းထိုးပြနေပြီး မြို့ပြလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းကို သက်သေပြနေသည်။ တရားခံများကို ထိရောက်စွာ အရေးမယူနိုင်ပါက နောက်ထပ် ဓားထိုးမှုနှင့် လူသတ်မှုများ ထပ်မံဖြစ်ပွားလာနိုင်သည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ #Yangon #Sanchaung #Kyauktada #Violence #MyDay
ထွေထွေထွာထွာ
Region: US
Saturday 19 September 2026 11:12:09 GMT
Music
Download
Comments
Helen :
တရားခံ တွေကိုစစ်မှုတမ်းထဲထည့်လိုက်
2026-09-19 12:00:49
1611
Diamond :
ပညာသင်နေတဲ့ကျောင်းသားလေးတေကိုအလုပ်မရှိရန်းကားနေတဲ့သူတေကဒါးကိုင်ပြီးလူသတ်နေတာဖြစ်သင့်သလားလွှတ်ထားကြမှာလားကျောင်းသားမိဘတေလည်းကိုယ့်ကလေးကိုဂရုစိုက်ကြပါ
2026-09-19 12:06:56
400
maykhinmyanmar :
မနာလိုမှူကြီးပါ
2026-09-19 11:54:39
157
babagyi :
ထိထိရောက်ရောက်အရေးယူပေးပါ
2026-09-19 11:52:42
81
အောင်မြင့်စိုး :
မသိတာတခုရှိတယ်ရပ်ကွက်ထဲမှဇိုအမည်ခံလူမိုက်တွေကိုရပ်ကျေးအုပ်ချပ်ရေမူတွေကသီသန့်မွေထာတာလာသူတို့ဘာလုပ်လုပ်ရပ်ကွက်အုပ်ချပ်ရေမူတွေကဘာတခုမှမပြောကြဘူရဲကလဲမပမ်ဘူသူတို့ကတိုင်ပြည်ကိုအုပ်ချပ်နေတဲ့အကြီအကဲတွေလာဟ
2026-09-19 11:27:52
468
NaYa Soe :
အဲ့ဖြစ်တဲ့နား ကပ်ရပ်က ရဲကင်း နဲ့ နီးနီးလေး
ခြေလှမ်း 20 လောက်တောင် မရှိဘူး
2026-09-19 13:17:07
164
ပြည်ထဲရေးကသဲအိတ်နောက်မှာအိပ်နေလိုပါ စွန်လွှတ်စွန်စားသဲအိတ်ရဲစခန်း
2026-09-19 12:08:47
76
Nan Htike :
ဟန်မူရာဘီ ကိုယ်ဒ ဥပဒေ ကျင်သုံးပေးပါ
2026-09-19 12:46:32
14
pye.phyo.hlaing :
ရပ်ကွက်တွေထဲ ၂၀ ကျော် လူငယ်တွေ ဇိုးလိုလို လူမိုက်လိုလိုနဲ့ ဆေးလိပ်တဖွာဖွာ လမ်းဘေးအုပ်စုလိုက်ထိုင် ရမ်းကားနေကြတာတွေ များလာပြီ
2026-09-19 13:24:53
118
Ocean :
ဥပေဒေက ပြတ်ပြတ်သားသား အရေးယူပြလိုက်
နောက်လူတွေ ထပ်မလုပ်ရဲအောင်
2026-09-19 12:41:55
84
Kexx :
အဲ့ကောင်တေပါသူတို့အကောင့်တေပိတ်ထားပါတယ်
2026-09-19 21:02:14
18
zaw zaw :
ဟိုvdကလာတာ
2026-09-19 12:50:00
11
Toe Gyi :
မိအောင်ဖမ်းပြီးထိုက်တန်ပြင်းထန်စွာပြစ်ဒါဏ်ပေးပါဗမာပြည်ပျက်ဆီးနေပြီပည်သူဘဝမလုံခြုံတော့ပါ
2026-09-19 12:00:39
81
11.11 :
လူငယ်တေကို တရားပွဲတေခေါ်သွားပါ တရားတေ နားခိုင်းပါ အခုခေတ်လူငယ်တေ တရားမရှိတော့ဘူး
2026-09-19 15:20:13
7
LEO :
ရန်ကုန်တိုင်းအတွင်းမှာ ဇိုးတွေလုပ်စားစီးပွားဖြစ်နေတာကြာပြီ
ပြည်ထဲရေးဌာနရဲ့လက်ကိုင်ဒုတ်တွေဖြစ်နေ
(တချို့ကမူးယစ်ဆေးရောင်းတယ် တချို့က Bar KTV Classတွေမှာ လုပ်စားတယ်
တချို့ကမြေယာတွေမှာလူမိုတ်လုပ်မြေသိမ်းတယ်
တချို့က စစ်မှု့ထမ်းကိစ္စအကြောင်းပြပြီလူကိုပြန်ပေးဆွဲတယ် ငွေနဲ့ရွေးခိုင်းတယ် ပြန်မရွေးရင် ရဲကနေတဆင့်တခြားတိုင်းဒေသတွေကစစ်မှု့ထမ်းအတွက်လူစားထိုးရောင်းစားတယ် တချို့က ငွေပေးရင်မိုက်ကျေးခွဲလူသတ်ပေးတယ်)
2026-09-19 13:07:26
73
ROSE :
ခေတ်ကိုက
ဘါခေတ်လဲ
2026-09-19 12:47:27
8
Ni Ni Mon :
ခံရသောကလေးတွေမိဘကိုယ်စားကိုယ်ချင်းစာမိ
2026-09-19 12:14:27
49
𝘾𝙡𝙤𝙫𝙚𝙧🍀♏ :
ခေတ်ပျက်သွားတဲ့6နှစ်တာကာလမှာ ကျောင်းသားတွေကျောင်းတွေထွက်ကြ ကျောင်းတွေမတက်ပဲလမ်း ေဘးရောက်ကုန်ကြတော့် စဉ်းစားဆင်ခြင်နိုင်တဲ့ ဆင်ခြင်တုံတရားအသိဉာဏ်တွေပျောက်ပြီး လူမိုက်စိတ်တွေဝင်ပြီး ရိုင်းကုန်ကြတော့်တာပဲ
2026-09-19 17:18:30
7
KO NAING :
ဒါကြီးကတော့လွန်သွားပြီ ရန်ညှိုးလဲမရှိဘဲနဲ့ သက်သက်မိုက်ပြနေတာ
2026-09-19 12:45:24
5
Aye Thandar Khaing :
မြန်မာပြည်ဥပဒေရင်လေးလိုက်တာ
2026-09-19 14:18:40
5
Su Mon Htwe :
သားသမီးတွေကို လိမ္မာယဉ်ကျေးအောင်ပဲဆူံးမထားရမှာလား သူများသတ်လို့မသေအောင် လူမိုက်လူရမ်းကားစရိုက်သွင်းပေးထားရမှာလား
တကယ်ကို ဥပဒေမဲ့ ခေတ်ပျက်ကြီး မူခင်းတွေဆိုတာ နေ့တိုင်း အမျိုးမျိုးကိုကြားနေရတယ် ဥပဒေက ဘာမှ သုံးစားလို့မရတော့တာလား
2026-09-19 14:26:23
16
Thi Dar :
အမြန်ဖမ်းပြီးထောင်ထဲပို့ပါ
2026-09-19 12:03:09
35
WL :
မြေနီကုန်း လှည်းတန်းလိုနေရာက ေကျာင်းသားအများစုသွားလာနေကြတာ
မင်းမဲ့တိုင်းပြည်ဖြစ်နေပြီ
2026-09-19 13:51:09
28
Daw ninikyaw :
မင်းမဲ့တိုင်းပြည်ကြနေတာဘဲ
2026-09-19 12:03:58
30
U Pa nyar tar ra :
အနုတ္တရောပုရိသဓမ္မသာရထိ ဆိုတဲ့- မယဥ်ကျေးသူကို ယဥ်ကျေးအောင်ဆုံးမတက်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားတွေနဲ့ဝေးနေသမျှ ဘယ်ခေတ်ရောက်ရောက် လူတွေရမ်းကားနေကြမှာပါပဲ။
2026-09-19 13:16:38
12
To see more videos from user @redredredredbullbull, please go to the Tikwm
homepage.