@yoon.lay7619: စန်းလည်း ကျစေ…. လာဘ်လည်းပိတ်စေတဲ့ အကုသိုလ်ကံတစ်မျိုးရှိတယ်…. အမျိုးသားဖြစ်ဖြစ်… အမျိုးသမီးဖြစ်ဖြစ် ကိုယ့်ကို လာကြိုက်ကြ လာချစ်ကြတဲ့သူများလာရင် ပွေချင် ရှုပ်ချင် ပလေးချင်ရာကနေစတာ… ရွေးစရာတွေကလည်းများ…လာကြိုက်ကြတာလည်း အုံးအုံးထ ဆိုတော့ အတွင်းစိတ်မှာရှိတဲ့ သီလ မစောင့်ချင်တော့တဲ့စိတ်ကလေးက ရုပ်လုံးလေး ကြွချင်လာတာ….အဲ့ဒီတော့ ဟိုကောင်မလေးကိုဖြင့် ကြိုက်ထားလိုက်မယ်… ဒီကလေးကိုတော့ဖြင့် ကြိုးရှည်လေးနဲ့လှန်ထားလိုက်မယ်… ဟိုကောင်လေးကိုလည်း ကြိုက်လိုက်မယ်… ဒီကောင်လေးကိုလည်း အလွတ်မပေးဘူး ပလီထားလိုက်မယ်…. ပြိုင်တူတွေ ထားပစ်… ဖောက်ပြန်ပစ်လိုက်မယ်….ရည်းစားထားတာပဲ… အိမ်ထောင်ပြုတာမဟုတ်တာ…. ထားချင်သလောက်ထား ပွေချင်သလောက်ပွေလိုက်မယ်ဆိုတဲ့စိတ်ဟာ အကုသိုလ်စိတ်ပဲ…. အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်လာ… စန်းတွေကျလာ… လာဘ်တွေပိတ်… တွေးတောကြံစည်သမျှတွေက ပျက်စီးရာပျက်စီး ကြောင်းတွေဖြစ်ကုန်လာတာ….မဖြစ်သေးဘူး…. လန်းလန်းဆန်းဆန်း နေကြာပန်း ဖြစ်နေတုန်းပဲဆိုရင် လည်း စောင့်ကြည့်ပါ… အဲ့ဒီလို လူတွေရဲ့ အိုကံတွေဟာ မသာယာပါဘူး… မငြိမ်းချမ်းရပါဘူးနော်…ကိုယ့်ကို ချစ်လို့ ခင်လို့ ပေးလာတဲ့မေတ္တာတွေက မှန်ရင်မှန်သလောက်… ကိုယ်က ပလီရင် အဲ့အတိုင်းသား ပြန်ခံစားရမှာပါ….စန်းကျ… လာဘ်ပိတ်… ကိုယ်ရောင်ကိုယ်ဝါတွေမှေးမှိန်.. အိုကံလည်းဆိုးစေတဲ့ ဒီလို အကုသိုလ်ကိုဥာဏ်ပညာနဲ့ …. သိက္ခာနဲ့ ရှောင်ရှားကြပါလေနော်....
yoon lay
Region: SG
Saturday 19 September 2026 14:03:41 GMT
Music
Download
Comments
Ko Ko Lay :
[Like][Like][Like] right [Like][Like][Like]
2026-09-19 15:33:36
2
To see more videos from user @yoon.lay7619, please go to the Tikwm
homepage.