@user8177883837949: ရန်ကုန် မှ ပုပ္ပား(အဘထွက်ပွဲ) သွားမည့်အိမ်စီးကားများ ဆီတွက်လို့ရအောင် ကုသိုလ်ဖြစ် တင်ပြပေးလိုက်ပါတယ်။ *ပရီမီယံဒီဇယ် အင်ဂျင်ပါဝါ 3000cc ကားနဲ့(အဲကွန်းအပြည့်ဖွင့်) အကြမ်းဖျင်းတွက်ချက်ထားတာပါ။ *အင်ဂျင်ပါဝါ 3000cc ကားအတွက် တိုင်းဒေသကြီးတစ်ခုအတွင်း (8) ရက်တစ်ပတ်ကို လီတာ (40) ရပါတယ်၊ တစ်ပတ်အတွင်း (2) ကြိမ်သာထည့်ခွင့်ရှိပါတယ်။ တိုင်းဒေသကြီးတစ်ခုခြားသွားရင် နောက်ထပ် လီတာ(40)ထပ်ဝယ်ခွင့်ရပါမယ်။ ဖြတ်သွားရမှာက ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊နေပြည်တော်နှင့်မန္တလေးတိုင်း။ *တိုင်းဒေသကြီး (4) ခုမှာ လီတာ (160) ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။ လမ်းမှာ ထည့်ချင်သလောက်ထည့်ဖို့က ကိုယ့်ဆီတိုင်ကီ နေရာလွတ်သလောက်ပဲထည်ရမယ်၊ ကိုယ်ရမည့်ကိုယ်တာကို နှစ်ကြိမ်ပဲထည့်ခွင့်ရှိတော့ အပြန်လမ်းမှာထည့်ဖို့ချန်ရမှာရယ် မန္တလေးတိုင်းထဲ ခရီးရှည်တာရယ် အတွက် ဆီကို ဘယ်လိုချိန်ထည့်မလဲ ရန်ကုန်- ပုပ္ပား/ပုဂံ ခရီးစဉ် တစ်ခုတည်းအတွက်ကတော့ အခက်ခဲမရှိပါဘူး။ #ရန်ကုန်မှာ အပြည့်ဖြည့်ထားပါ၊ မိမိအိမ်မှ အမြန်လမ်း (0) မိုင် အထိ မိုင် (20) ရှိတယ်ဆိုပါဆို (115) မိုင်"(DENKO)" ရောက်ရင် (135) မိုင်မောင်းထားတဲ့အတွက် ပဲခူးတိုင်းအတွက်ထပ်ရမည့်ထဲမှ ဆီတိုင်ကီအပြည့်ပြန်ဖြည့်ရင် "(23)လီတာ" လောက်ဝင်ပါမယ်၊ (2)ကြိမ်သာဖြည့်ခွင့်ရတဲ့အတွက် ကျန်တဲ့ (17)လီတာကို အပြန်မှာထည့်ဖို့ချန်ခဲ့ပါ။ #နေပြည်တော် (202) မိုင် "(REGENCY)"ရောက်ရင် နေပြည့်တော်ကရမည့်ကိုယ်တာထဲမှထပ်ဖြည့်ပါ။(87)မိုင်မောင်းထားတဲ့အတွက်အပြည်ပြန်ဖြည့်ရင် "(13)လီတာ" လောက်ပဲဝင်မယ်။ကျန်တဲ့ (27)လီတာ အပြန်မှာထည့်ဖို့ချန်ခဲ့ပါ။ #ကျောက်ပန်းတောင်းရောက်ရင် မန္တလေးတိုင်းကိုယ်တာထဲကနေ အပြည့်ပြန်ဖြည့်ရင် (137) မိုင်မောင်းထားတဲ့အတွက် "(22)လီတာ" ဝင်ပါမယ်။ကျန်တဲ့ (18) လီတာကိုပြန်မည့်နေမှထည့်ပါ။ #ကျောက်ပန်းတောင်းကနေ ပုပ္ပားအတက်အဆင်း (4)လီတာကုန်မယ်။ ညောင်ဦးအသွားအပြန် (10)လီတာကုန်မယ်၊ ပုဂံထဲမှာ ဘုရားပတ်ဖူးတာ (4)လီတာ ကုန်မယ်ထား စုစုပေါင်း (18) လီတာကို ကျောက်ပန်းတောင်းပြန်ရောက်တဲ့အခါ မန္တလေးတိုင်းအတွက် ကျန်တဲ့ "(18)လီတာ" ထပ်ထည့်ရင် အပြည့်ပြန်ရမယ်။ #နေပြည်တော် (202) မိုင် ပြန်ရောက်ရင် (ZTH) မှာ အပြည့်ပြန်ဖြည့် "(22) လီတာ" ဝင်မယ်။ *(108) မိုင် (MAX) ရောက်လို့ အပြည့်ပြန်ဖြည့်ရင် "(15)လီတာ" ဝင်ပါမယ်။ *(108) မိုင် ကနေ မိမိအိမ်အထိ (20)လီတာ ပြန်ဖြည့်ရင်အပြည့်ပြန်ရပါပြီ။ *(3000cc) ဒီဇယ်ကားနဲ့ ရန်ကုန်-ပုပ္ပား/ပုဂံ ကို အဲကွန်း အပြည့်နဲ့သွားတာ ဆီ (133)လီဝာာ ကုန်ကျမည်ဖြစ်ပြီး၊ *အင်ဂျင်ပါဝါ 1500cc,1800cc,2000cc ဓါတ်ဆီကားတွေနဲ့သွားလျှင် တွက်ပြထားတဲ့ ကုန်ကျဆီ ထက် တစ်ဝက်မျှ သက်သာမည်ဖြစ်သဖြင့် အခက်ခဲမရှိနိုင်ပါ။....

အေး မင်း သန်း
အေး မင်း သန်း
Open In TikTok:
Region: MM
Saturday 19 September 2026 15:24:37 GMT
5057
214
20
14

Music

Download

Comments

kaythi20945
Kay Thi :
အကိုligh truck 2Cအင်ဂျင်ဒီဇယ်ဆိုရင် ဆီဘယ်လောက်လောက်ကုန်မလည်းရှင့်
2026-09-22 07:06:25
1
aung.pyae212
AUNG PYAE :
ကျေးဇူးပါဗျာ စနစ်ကျလိုက်တာ ကျွန်တော်က 660cc နဲ့ ပြည်လမ်းကနေသွားမှာပါ အဆင်ပြေနိုင်လား
2026-09-20 14:19:44
1
kokhingoo0
ကိုခိုင်ကြီး🎻🎻🎻 :
🥰🥰🥰
2026-09-20 03:00:28
0
motalsiva
motalSiva :
🙏🙏🙏
2026-09-20 04:24:50
1
polay9006
Polay :
🥰🥰🥰🥰🥰🥰
2026-09-20 05:52:48
1
bo.hman
Bo Hman :
🥰🥰🥰🥰🥰🥰
2026-09-19 16:11:40
1
ayet1326kjr
နွေငြိမ်းသာ :
🥰🥰🥰🥰🥰
2026-09-20 00:16:06
1
nadiwintkyaw13
thoonlay :
🥰🥰🥰
2026-09-22 13:39:27
1
shinekoko8434
Nay Win Ko :
🥰🥰🥰🥰🥰
2026-09-24 08:28:20
0
komoe008
komoe008 :
[Red heart][Red heart][Red heart]
2026-09-26 10:08:01
1
To see more videos from user @user8177883837949, please go to the Tikwm homepage.

Other Videos


About