@marina123_____00: အပြုံးတစ်ချက်ရဲ့ အေးချမ်းမှု့ကို ငတ်မွတ်ရင်း ကျွန်မကမ္ဘာလေး ခြောက်သွေ့ခဲ့ရပြီ... ရှင်ကလေ ချစ်တယ်တယ်ပြောပြီး ခဏခဏ ပစ်ထားတတ်တယ် ကျွန်မထက်ပိုအရေးကြီးတဲ့ အရာတွေ ရှင့်မှာ အများကြီးရှိနေပြန်တယ်လေ.. ချစ်ခြင်းဆိုတာ အားအင်ဖြစ်ရမယ့်အစား ကျွန်မအတွက်တော့ အဆိပ်သင့်စေတဲ့ ဆေးတစ်ခွက်လို တစ်နေ့တစ်ခြား ယိုင်နဲ့လာခဲ့တယ်.... ရှင့်ကို ချစ်ရတာ... မုန်တိုင်းထဲမှာ မီးအိမ်ထွန်းရသလိုပဲ ငြိမ်းမသွားအောင် ကာကွယ်ရင်းနဲ့ ကိုယ့်လက်ဖဝါးတွေပဲ အပူလောင်ခဲ့ရတာပေါ့ ခုတော့... ရင်ဘတ်ထဲက နာကျင်မှုတွေက စကားပြောလာပြီ "ပင်ပန်းနေပြီ" လို့ တိုးတိုးလေး ကပ်ပြောတဲ့အခါ ရှင့်ကို ဆက်ချစ်ဖို့ ကျွန်မမှာ အားအင်တွေ မရှိတော့ဘူး ချစ်တယ်" ဆိုတဲ့ စကားလုံးက အခုတော့ ကျွန်မအတွက် ကျိန်စာတစ်ခုလိုဖြစ်နေပြီ ရုန်းထွက်ဖို့ အားမရှိသလို..... ဆက်တွယ်ကပ်ဖို့လည်း နှလုံးသားက အောက်ဆီဂျင်ပြတ်နေပြီ.... ပင်ပန်းလိုက်တာ... ရှင့်ရဲ့ အေးစက်စက် အကြည့်တွေအောက်မှာ ကျွန်မရဲ့ နွေးထွေးမှုတွေကို အရာမထင်ခဲ့ဘူး.. အဆုံးသတ်မရှိတဲ့ ပြေးပွဲတစ်ခုလိုပါပဲ နွေဦးရဲ့ လေပြေမှာ ပန်းရနံ့တွေ ပါလာတတ်မှန်း သိပေမယ့် ကြွေကျလာမယ့် သစ်ရွက်ခြောက်တွေအတွက် ကျွန်မနှလုံးသားက ကြိုပြီး တုန်လှုပ်နေမိတယ် ရှင်ဆိုတဲ့ ကမ္ဘာထဲကို ခြေတစ်လှမ်း တိုးဝင်ဖို့ရာ ဆူးခက်တွေ ရှိမလား... ချောက်ကမ်းပါးတွေ ရှိမလားတွေးကြောက်နေမိတယ်... အချစ်ဆိုတာ ကြည်နူးခြင်းတွေနဲ့ စတင်တတ်ပေမယ့် နာကျင်ခြင်းနဲ့ အဆုံးသတ်မှာကို ကိုယ်စိတ်က အလိုလိုကြောက်မိနေတာမျိုး.. ရှင့်ကို ချစ်ရမှာ ကျွန်မတကယ်ကြောက်မိတယ်... ဒါပေမဲ့ အဲဒီကြောက်စိတ်တွေထက်ပိုပြီး ရှင့်ရဲ့ အပြုံးတွေနောက်မှာ... ကျွန်မကမ္ဘာတစ်ခုလုံး ပျောက်ဆုံးသွားမှာကို ပိုကြောက်မိတာပါ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd
𝕹𝖊𝖙 𝕿𝖍𝖆𝖙 𝕶𝖞𝖔𝖊
Region: MM
Saturday 19 September 2026 18:55:28 GMT
Music
Download
Comments
DawSuMyatကိုစိုးရဲ့မိဖုရားကြီး :
အခုတော့အဲအပူကိုကျမကိုယ်တိုင်အေးငြိမ်းအောင်လွတ်ချပေးလိုက်ပါပြီ...
2026-09-19 23:41:14
2
kham :
😌😌😌 နှလုံးသားနဲ့ ထပ်တူကျ တဲ့ စာသားလေး တင်ပေးတွက် ကျေးဇူးပါ
2026-09-19 19:37:27
2
zue zue(◕‿◕) :
ကော်ပီယူမယ်နော်
2026-09-20 05:16:05
0
👩❤️👨ဒေါ်ရစ်စိန်👩❤️👨🫢 :
စာသားလေးချပေးပါလား🥲
2026-09-20 04:47:35
0
par ku :
ကိုယ့်အဖြစ်နဲ့ 100.ထပ်တူကျသောစာသား😳
2026-09-20 04:17:52
0
Account not found :
ကိုယ်နဲ့ထပ်တူကျနေပါလားနော်🥺🥺🥺🥺🥺
2026-09-20 04:40:18
0
Sein Sein :
အဲလိုမဟုတ်ဘူမပျောက်ဆုံးရပါဘူးပိုပြိးပြည့်စုံသွားရမယ်စောင်ကြည့်ပါ
2026-09-20 03:04:20
0
Phaw Lay :
စာရေးသူလေးရေနေ့ရက်တိုင်ပျော်ရွှင်နိုင်ပါစေနော်
2026-09-20 02:03:07
0
@maw 68912 :
2026-09-19 23:02:28
0
Tik Toker :
🥰🥰🥰
2026-09-20 02:05:30
0
ဧရာဝတီတိုင်သူလေးပါရှင့်😘😘😘 :
🥰🥰🥰
2026-09-19 22:19:56
0
Mi Hnin Wai :
👍👍👍
2026-09-20 04:47:04
0
To see more videos from user @marina123_____00, please go to the Tikwm
homepage.