@allaboutsarpannaein1: သင်ကြားရေး စာပန်းအိမ်က တစ်ခြားကျောင်းတွေလို လူနည်းနည်းနဲ့သင်တဲ့ကျောင်းမဟုတ်ပါ။ တစ်ခန်းကို လူတစ်ရာကျော်ဝန်းကျင်လောက်ထားပါတယ်။ ပုံမှန် တစ်တန်းကို ၅ယောက်နဲ့ နှစ်ဖက် ၁၀ယောက်ထိုင်ရပါတယ်။ အစိုးရကျောင်းတောင် အဲ့လောက်မကြပ်ပါဘူး။ နွေရာသီဆို မန္တလေးထက်ေတာင် ပိုပူပါတယ်။အသက်ရှူပါကြပ်တယ်။ စစ်ဆေးရေးလာချိန် တစ်တန်းကို ၂ယောက်၃ယောက်ပဲထားပါတယ်။ ပိုတဲ့လူတွေကို ရုပ်ရှင်ရုံထဲ ပို့ထားပါတယ်။ တစ်ချို့ဆရာတွေ (DR.SWN. UAC) တို့ဆိုရင် စာဆက်သင်ပါတယ် ပြန်သင်မပေးပါဘူး ကျွန်တော်တို့လို့ ရုပ်ရှင်ရုံထဲအပို့ခံထားရတဲ့လူတွေဆိုရင် စာတွေလွတ်ကုန်ပါတယ်။ တစ်နှစ်ပတ်လုံး စာမေးပွဲတွေဖြေခိုင်းပါတယ်။ စစ်တဲ့ဆရာလည်းမရှိပါဘူး။ Tuto ဖြေရင်လည်း တစ်တန်းကို ၅ယောက်နေရာမှာပဲဖြေကြရတာပါ။ စာအုပ်တွေမျိုးစုံထုတ်ခိုင်းပြီး ၂ခါ၃ခါဖြေပြီး ဆက်မ run တော့ပါဘူး။ ဒီလိုပုံစံလေးဖြေမယ် စာအုပ်အသစ်ထုတ်၊ initial ဖြေမယ် စာအုပ်ထုတ်၊ တစ်မှတ်တန်ဖြေမယ်စာအုပ်ထုတ်၊ ၅၀ဖိုးဖြေမယ် စာအုပ်ထုတ် ဆိုပြီး စာအုပ်တွေ အုပ် ၃၀လောက် အလကားကုန်ခဲ့တာပါ။ စနစ်က ခဏခဏပြောင်းပြီး အမျိုးမျိုးစမ်းသပ်ခဲ့ကြတာပါ။ အောက်ခြေက ဝန်ထမ်းတွေက လုပ်ချင်သလိုလုပ်နေတာသိလည်း ဘာမှမပြောခဲ့ပါဘူး။ အဆောင်မှူးတို့ ဘုံးကြပုံ မိန်းကလေးဖက်တော့မသိပါဘူး ယောက်ျားလေးဖက်ဆိုရင် ဖုန်းပြောရင် တစ်မိနစ်ကို ၁ရာပါ။ ကျောင်းသားတွေ ၅၀ လောက်ရှိရင် တစ်ပတ်တစ်ပတ်ဆိုရင်ကို အများကြီးဘုံးပါတယ်။ မီးသွေးဖိုး မီးတာဖိုး ဆီဖိုး အထွေထွေအသုံးစရိတ်အကုန်လုံးကို အဆောင်မှုးတွေက ရရင်ရသလို ဘုံးကြပါတယ်။ ကျောင်းသားတွေကို ပေးသင့်တဲ့ဝန်ဆောင်မှုမပေးပဲ ယူကြတဲ့သဘောပါ။ (ကလေးတွေက မုန့်ကျွေးဘာညာရှိသေးတယ်)။ ကျောင်းက ရေတွေကအေးလို့ဆိုပြီး ရေနွေးပေးစက်တွေတပ်ပေးပါတယ်။ တစ်ချို့အဆောင်တွေဆိုရင် မီတာတက်လို့ဆိုပြီး ဖွင့်မပေးပါဘူး။ အလကား ဆေးကု ပေးတဲ့ဆိုတာလည်း ၅၀ ၅၀ ပါပဲ။ နေမကောင်းလို့ ဆေးခန်းပြရင် လိုက်မပို့ချင်ပါဘူး ဆီဖိုးကုန်မှာစိုးလို့ပါ တကယ်ဆို သူတို့ကို ဆီဖိုးပေးထားပြီးသားပါ။ အဆောင်ကို Dr လှည့်ရင်လည်း လူများများ ဆေးပြရင် အဆောင်မှူးတွေက ငေါက်ပါတယ်။ Dr က ကျောင်းသားတွေရှေ့မှာသာ မပြောတာ အဆောင်မှုးတွေကို ငေါက်ပါတယ်။ ဆိုလိုချင်တာက လူများများမပြအောင် မင်းတို့ပြောထားဆိုတဲ့ သဘောပါ။ အဆောင်မှူးတွေကိုမဖားတတ်ရင် နေရာမရပါဘူး။ ဘာပွဲညာပွဲမှာ ရှေ့ထွက်ရဖို့ ရုပ်ရည်ပြေပြစ်တဲ့သူကို ရွေးရမယ်လို့ ရုံးက ကြေငြာထားသောလည်း ပိုက်ဆံရှိပြီး ဖားယားတဲ့သူတွေကိုပဲ ရှေ့ထုတ်သွားတာပါ (ဦးအောင်ဆန်းဌေး) မူကထစားရင်၊ အဆောင်အိင်္ကျီလုပ်ရင် စသဖြင့် ပိုက်ဆံစုလုပ်ရတဲ့အခါတွေမှာ ၂သောင်းကျရင် ၂သောင်းခွဲလောက် တောင်းကြပါတယ်။ ပိုတာက အဆောင်မှူးယူပါတယ်။ မနှစ်က ပင်မ၅က ဆရာရဲဆိုရင် မူကထဖိုးတွေကိုကောက်ပြီး ပျောက်သွားတယ်ဆိုပြီး လုပ်သွားပါတယ်။ ပိတောက်က ဆရာစိုင်းကလည်း မျက်နှာထားချိုချိုလေးနဲ့ အလွန်မျက်နှာလိုက်ပြီး လာဘ်ထိုးရင် အဆောင်နေရာကောင်းပေးတဲ့ဆရာပါ။ ပင်မ၆က ဦးအောင်ကျော်မိုးကလည်း ကျောင်းသားတွေကို သူကျောင်းထားပေးတဲ့ပုံစံ ဆက်ဆံတာပါ။ အကောင်းကြီးကြီးသားကို ရိုက်မိလို့ ထွက်ရပါသေးတယ်။ အခုပြန်ရောက်နေတာပါ။ ကျောင်းသားတွေဆိုရင် ပုဆိုးအောက်ပိုင်းက စကားလုံးတွေနဲ့အမြဲ နှိမ်တယ်လို့ကြားပါတယ်။ ပင်မ၉က ဦးအိကိုဝင်းက အမြဲမူးနေပါတယ်။ ကျောင်းသားတွေဆိုရင် မူးလာရင် ပတ်ရမ်းပါတယ်။ ကျောင်းသားတွေရှေ့မှာ မဖြစ်သင့်ပါ။ ခါတော်မှီဆိုရင် ဂိုဏ်းစတားတွေနေတဲ့အဆောင်လားအောက်မေ့ရတယ် အဆောင်တွင်း -ာ ခေါ်မချရုံတမယ်ပါပဲ။ အခုကိစ္စတွေကို အထက်က အကုန်သိပါတယ်။ လွှတ်ထားတာပါ။ အခုပြောတဲ့အချက်အလက်တွေက တကယ်ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။ #sarpannaeinprivatehightschool #စာပန်းအိမ် #g12 #ပြင်ဦးလွင် #pyinoolwin
All About Sar Pann Aein
Region: MM
Sunday 20 September 2026 05:08:39 GMT
Music
Download
Comments
win mar Kywe :
လာမယ့်နှစ်သမီးကို စာပန်းအိမ်မှာထားမလို့
ခုလိုမျိုးတွေ့ရတော့ မထားချင်တော့ဘူး
ပေးရတာနဲ့တန်အောင် အဆင်ပြေစေချင်တာ
ပြင်ဦးလွင်မှာ ဘယ်ကိုယ်ပိုင်ကျောင်းတွေ
ကောင်းလဲဆိုတာ သိတဲ့သူများ
အကြံပေးကြပါဦးရှင့်
2026-09-20 13:19:59
794
🏳️🌈 Q 🇲🇲 :
ကျောင်းသား၊ကျောင်းသူတွေ မကောင်းကြောင်းလေးလည်း တင်ပေးလေနော် တစ်ဖက်သတ်မဆန်အောင်လို့
2026-09-20 07:31:56
240
Lei Lei Fag :
နယ်ဘက် ကမို့ သိပါတယ်
၉တန်း ပင်မ ၂
၁၀တန်း သပြေ ဆောင် မှာ နေခဲ့ရပါတယ်
အချက်အလက် အတော်များ မှန်နေတာ တွေ့ရ ပါတယ်ဗျာ
🥺
2026-09-20 11:38:51
833
Thea 🍄 :
အခု မိန်းကလေးအဆောင်မှာ တစ်ဆောင်လုံးကို အယောက် ၅၀ လောက်ထားပြီး အိမ်သာနှစ်လုံးပဲထားတာ မပါသေးဘူး။ ရေမလာတဲ့ရက်က ရှိသေးတယ်။ ပေးရတဲ့ငွေကြေးနဲ့ ပြန်ရတဲ့ ဝန်ဆောင်မှု facility က ညီမျှမှုမရှိပါဘူး။
2026-09-20 07:02:43
1887
Gia𓇼⋆˚𓆝 :
စာတွေပြန်မသင်ပေးတာမှန်ပေမဲ့ Drအဆောင်လှည့်ပြီးစစ်တဲ့အချိန်လာပြတဲ့သူများလို့ မပြအောင်အဆောင်မှူးတွေကိုတားထားတာတော့မဟုတ်ပါဘူးနော် အမက2022စာပန်းအိမ်ကျောင်းသူဟောင်းပါ ဆောင်းရာသီချိန်မှာCovidဖြစ်နေတုန်းရေမိုးချိုးခေါင်းလျှော်လိုက်လို့အမသော်ကေမလိုဖြစ်တာ Drကဘဲကုပေးခဲ့တာပါ အမကိုကုပေးတဲ့စရိတ်ကသိန်းငါးဆယ်လောက်ရှိပါတယ် အဲ့ခေတ်ကအမတို့ကျောင်းစရိတ်က46သိန်းဘဲရှိသေးတာပါ အဲ့တာကိုDrကတစ်ပြားမှမတောင်းပါဘူး အလကားဘဲကုပေးခဲ့တာ တစ်ရက်ကိုဆေး16လုံးလောက်သွင်းရပါတယ် ရှာမရတဲ့ဆေးတွေဆိုလည်းမန္တလေးထိကိုကိုယ်တိုင်သွားရှာဝယ်ပြီးတော့ကိုအမကိုကုပေးခဲ့တာပါ တခြားနေရာတွေမှာအားနည်းချက်ရှိပေမဲ့ ဆေးပြရင်လူများများပြရင်ပြောတယ်ဆိုတာတော့မဟုတ်ပါဘူးနော် အဲ့တာကလည်းတစ်ချို့ကျောင်းသူ/သားတွေက စာမလုပ်ရပြီးရောဆိုပြီးအချိန်ဖြုန်း တကယ်နေမကောင်းဘဲပေးတဲ့ဆေးကိုယူ ပြီးရင်ပစ်ကြလို့ပါ အဲ့လောက်ပါဘဲ
2026-09-20 12:32:23
308
mochiclothing0 :
ခု ရေးထားတာ တွေထက်အများကြီးဆိုးဝါးတဲ့ကိစ္စ တေလဲရှိ သေးတယ်
2026-09-20 07:04:49
847
Khaing :
အခု့လက်ရှိကျွန်မသမီးကစာပန်းအိမ်ကျောင်းမှာတက်နေတာပါဘက်လိုက်မှု့တွေကတော့တစ်ကယ်ရှိနေပါတယ်
2026-09-20 13:44:05
111
Mr.Bhone :
ငါစာပန်းအိမ်မှာတက်တုန်းက ကျောင်းသားတွေထဲမှာ ရန်လိုတဲ့ အဖွဲ့လိုက်ရန်လိုက်ရှာတဲ့ကောင်တွေများတယ် ငါ့ကိုလဲ လမ်းလျှောက်တဲ့ပုံစံမကြိုက်လို့ဆိုပီး အဆောင်ကနေ စာသင်ဆောင်ကိုသွားတဲ့ ကားပေါ်မှာ အဖွဲ့လိုက် ထိုးကြိတ်ခဲ့ကြဖူးတယ် ဆရာလေးတွေတစ်ဆောင်ကို ၂ယောက်လောက်ခန့်ထားပေမယ့် သူတို့ကိုယ်တိုင်လဲ ဘာမှမပြောဘူးနော် ငါဆို အဲ့ဒီအဆောင်က ရန်အမြဲရှာနေလို့ တခြားအဆောင်ပြောင်းပေးပါဆိုပီး ပြောင်းလိုက်ရတဲ့ထိပဲ ကျောင်းသားချင်း မိုက်ကြေးခွဲရန်ရှာတာတွေ သေချာမအုပ်ချုပ်နိုင်တဲ့ကျောင်း🥴
2026-09-20 12:13:50
179
ကုလားပဲ မကြိုက်ဘူး 👸🏻 :
ပြင်ဦးလွင် စာအတော်ဆုံး ကျောင်းသူ/သား ဆို စိုးစံ ၊ ရန်ဖြစ်ပြီဟေ့ဆို မမေးနဲ့ စာပန်းအိမ် ၊ လူရည်ချွန်ထက် လူပေါ်ကျော့ပိုများတယ်
2026-09-20 09:00:31
88
Thidar Than nyunt :
စာပန်အိမ်ကတော့တကယ်မကောင်းတာပါအိမ်ကသား၁၀တန်းနှစ်ထားဖူးလို့သိရတာပါကိုယ်တွေ့မို့ပြောတာပါလုံးဝလုံးဝမကောင်းပါခုလိုရေးပေးတဲ့လူကိုကျေးဇူးတင်ရမှာငွေသွင်းပြီးမှကိုယ်ကလေးကငရဲခန်းတနှစ်ကျသလိုနေရတာ
2026-09-21 01:59:34
201
သားတို့မေမေ :
သားအတွက်ကျောင်းအပ်ပါတယ်...အဆောင်မှူးမဆဲရုံတမယ်ပါ...ကိုယ်လည်းမထားဘဲငွေဆုံးခံပြန်လာခဲ့ပါတယ်..
ဒေါက်တာလည်းအောက်ခြေအဆင့်တွေမသိလို့ထင်ပါတယ်..ကျောင်းလခ.23သိန်းကျော်နဲ့ယူနိဖောင်းဖိုး..10သိန်းကျော်..ကုန်ခဲ့ပါတယ်
2026-09-20 07:47:14
95
Nwe Phyu (gold& jewellery) :
ဟုတ်သော်ရှိမဟုတ်သောိရှိ ခုလို အမုန်ူးခံပြောတဲ့လူရှိတော့ ကျောင်းကလဲပြင်သင့်တာပြင်ပေးရင် နောက်တက်မယ့် ကလေးတွေအတွက်ကောင်းတာပေါ့ ။
2026-09-21 04:21:37
76
HTET 🤍 :
G12 အောင်စာရင်းတွေ ထွက်တော့ စာပန်းအိမ်နာမည်နဲ့လိုက်ရှာသေးတယ် ထင်သလောက် ဟုတ်မနေတော့ စဥ်းစားစရာ ဖြစ်နေခဲ့တာ။
2026-09-20 13:13:53
20
🫧 :
စာပန်းအိမ်မကောင်းကြောင်းပြောတာ ပထမဆုံးမြင်ဘူးတာပဲ စာပန်းအိမ်ကျောင်းထွက်တိုင်းက ၁၀ နှစ်လောက်ကွာလဲ ကျောင်းတုန်းကအကြောင်းတွေပြောပီး ခင်မင်ရင်းနှီးကြတယ်နော် ကျောင်းအကြောင်းဆို ဘယ်လောက်နှစ်ကြာကြာ ပျော်ခဲ့ရတာမို့ ကလေးရတဲ့ထိတောင် အမိစာပန်းအိမ်ကျောင်းတော်ကြီးကို မမေ့ပါဘူး 🥰🥰🥰🥰🥰
2026-09-20 14:01:31
21
မစုနှင့်ညီမများ အထည်ဆိုင် :
ကျမ တူမလေး 10 11 12 ကို ဘယ်မာ ထားရမလဲ စုံစမ်းနေလို့ ဘယ်ကျောင်းအဆင်ပြေလဲ နော်
2026-09-22 00:17:26
6
Eddy :
ညီတို့ညီမတို့ကို ပြောပြချင်တာက က်ုယ်က ပိုက်ဆံပေးပြီးနေတာကွာ ဘယ်သူ့မှရှိန်နေစရာ ကြောက်နေစရာမလိုဘူး အမှန်တိုင်းလုပ်ပြောကျဆိုကျ ငြိမ်ခံနေစရာမရှိဘူး ပြောရမယ်ဆို ကိုယ်ကသူတို့တပည့်ဖြစ်တာမှန်ပေမဲ့ ဒီဆရာတေဆရာမတေက အလကားသင်ပေးနေတာမဟုတ်တာပဲ သတ္တိရှိကြစမ်းပါ💪
2026-09-21 12:54:47
30
Virgil :
အမှန်ပါပဲ ခုလက်ရှိညီမလေးတက်နေတာ ကျောင်းပြောင်းလို့အဆင်မပြေလို့သာထားနေရတာ ဘာစည်းစနစ်မှမကောင်းဘူး ကလေးတွေနေမကောင်းရင်လဲကောင်းကောင်းဂရုမစိုက်ဘူး
ကလေးတွေကျမ်းမာရေးအရပြန်ချင်တယ်ဆိုလဲ သူတို့လဲကူမပေးတဲ့အပြင် အိမ်ပြန်ကုတာကိုလဲလက်မခံဘူး စာမေးပွဲဖြေရင်လဲ သင်တဲ့ဆရာမတွေကစာမစစ်ပဲ ဘာမဟုတ်တဲ့အဆောင်ကဂိုက်တွေစစ်ခိုင်းတယ် သဘာဝမကျလိုက်ပုံများ ဒေါက်တာဆိုတာကလဲ လူရှေ့သာကောင်းပြတာ အပေါက်ဆိုးချက် မိဘတွေအပေါ်လဲရိုင်းချက် ခံဖူးတဲ့လူတွေသိတယ် စာရတဲ့ကလေးနဲ့ စာမရတဲ့ကလေးဆက်ဆံတာလဲ အမျိုးမျိုး အကုန်ပိုက်စံပေးနေတာ ခွဲခြားခံကြရသေး
2026-09-20 14:02:02
26
H :
ဒါတော့ ထောက်ခံတယ်၊ ကိုယ်တွေတုန်းကဆိုရင် ထွက်ပြေးချင်စိတ်တွေပါဖြစ်၊ စာမလုပ်နိုင်လို့ မဟုတ်ဘူးနော် ဘက်လိုက်မှုတွေ အရမ်းရှိလို့ ၊ မခံချင်စိတ်နဲ့ ကြိုးစားခဲလို့သာ ၅ ဘာသာနဲ့ အောင်ခဲ့တာ
2026-09-20 16:40:01
28
Khin Lucky :
တကယ်ကြီးလား
dr kyaw zaw သဘောကျလို့ မိတ်ဆွေတွေကို ညွှန်းပေးနေတာ
2026-09-20 06:38:07
78
saihliansai :
ရေချိုးကန် ၂ကန်နဲ့လူအယောက်၇၀လောက်ကို အချိန်မှီအလုအယက်ချိုးရတာတွေ စောင့်နေရလို့ရေချိုးနောက်ကျရင် ဗျောရင်ဗျောမဗျောရင်အခွံကောက်
2026-09-20 07:45:55
60
xylophone477 :
ဒို့တွေလဲ2011-20129တန်း,2012-2013 မှာ10တန်းအောင်တာပါ။တစ်ဆောင်လုံးအယောက်30ကျော်။အိမ်သာနှစ်လုံးဘဲပါပါတယ်။ဆရာလေးတွေအဆောင်မှူးတွေသေအောင်ဗျငိးပါတယ်နော်။သွေးပါထွက်တယ်။ဒါပေမဲ့လေပျော်တယ်သိလား။မမေ့နိုင်ပါဘူးကျောင်းတော်ကြီးက်ို။အဆင်မပြေမှုလေးတွေတော့ရှိတာပေါ့။မကောင်းတဲ့သူတွေလဲရှိပါတယ်။ဒါပေမဲ့အဆောင်မှူးကသားသမီးရင်းချာလိုပဲစောင့်ရှောက်တယ်။ကာကွယ်တယ်။ကိုယ်တွေတုန်းကသပြေဆောင်မှာစာသင်ရတာ။သပြေအဆောင်မှူးဦးနန်းတင်ကရိုက်တာမှန်ကွဲလို့။ဒါကိုကိုယတွေအဆောင်မှုးကရိုက်ရပါ့မလားဆိုက်ိုယ်တွေကိုကာကွယ်ပေးခဲ့တာပါ။နေမကောင်းရင်အိမ်ကခေါ်သွားချင်တာရုံးချုပ်ကမသွားခိုင်းရင်တောင်ဆရာကခေါ်သွားခိုင်းတာမျိုးပါ။အဆောင်မှူးနာမည်ကဆရာအာကာမိုးပါ။အရမ်းစိတ်သဘောထားကောင်းပါတယ်။ဘက်လိုက်မှုမရှိဘဲဆုံးမပါတယ်။ဆရာလေးအောငိဇော်မိုး ဘဲဥမျက်မှန်ကတော့ရိုက်ပါတယ်🤪အစားသောက်ကတော့ မနက်စာကြာဇံဟင်းခါးကိုတော့ကိုယ်တယောက်အနေနဲ့မကြိုက်ပါဘူး။ကျန်တာတော့နေ့စဉ်အသားဟင်းပါပါတယ်။စားရအဆင်ပြေပါတယ်။သင်ကြားရေးမှာလည်းဦးအေးချို၊ဦးသူရအောင်၊ဦးပြေကျော်ကောင်း၊Dr Kyaw Zaw,Dr Zaw,ဒေါ်နွယ်နွယ်အေးမြန်မာစာ,ဒေါ်နွယ်နွယ်အေးPhysics,ဒေါ်စိမ်းစိမ်းဦး,ဒေါ်နှင်းယုယုဆွေ၊ဒေါ်စိုးစိုးခိုင်,ဒေါ်သိန်းကြင်,ဦးဆော်လမွန်၊ဦးအောင်စိုးဝင်း,ဦးစိုးဝင်းနိုင်၊ဦးကျော်ဇောထွန်း။အားလုံးသင်ပြတာအရမ်းကောင်းပါတယ်။ဆရာဦးသူရအောင်Engချိန်ဆိုတကယ်ကိုပျော်တာပါစာသင်တအားကောင်းတာပါ။ဆရာမဒေါ်နွယ်နွယ်အေးမြန်မာစာဆိုလဲကျက်စရာမလိုခဲ့ပါ သဒ္ဒါပင်ရင်းလုံးဝမကျက်ခဲ့ရပါ။မြန်မာကို68ရခဲ့ပါတယ်။ပြောချင်တာအဆိုးအကောင်းရောနေတာဘယ်နေရာမဆိုပါ။ Hotel မဟုတ်ဘူးလေ ပညာသင်တဲ့နေရာမဟုတ်လား။ အဆင်မပြေတာရှိရင်Drလာရင်မေးပါတယ်သေချာလေးပြောပြပါ။Drချက်ခြင်းActionယူပါတယ်။Drလာရင်တချို့ကမလိုအပ်ပဲဆေးတောင်းပါတယ်။Dextroလိုမျိုးချောင်းဆိုးပျောက်ဆေးပေးအောင်တမင်ရောဂါလုပ်ပြတက်ပါတယ်။လိုအပ်ရင် ဆရာ့ဆေးခန်းမှာပြခဲ့ဖူးပါတယ်။ဆရာလေးဆရာမလေးတွေလည်းအသက်မကွာပေမဲ့ဆရာနေရာရောက်နေတဲ့အတွက်မစော်ကားသင့်ပါ။စောက်ပုံမလာရင်ဒေါက်တာနဲ့တိုင်ပါ။အဆောက်မှူးလာဘ်စားရင်တိကျတဲ့အချက်လက်တွေနဲ့ဒေါက်တာကိုတိုင်ပါ။ စာပန်းအိမ်ဟာကိုယ့်အတွက်တော့မမေ့နိုင်တဲ့ကျောင်းတော်ကြီးပါ။ 🥰🥰
2026-09-20 08:38:25
56
Raiden :
Drလှည့်လို့ရှိရင် ပြတဲ့သူများလို့ ဆူတာမဟုတ်ပါဘူး မလိုအပ်ပဲ studyခန်းထဲမထိုင်ချင်လို့ ပြတဲ့သူများလို့ဆူတာပါ လူများတော့လည်း ဆေးမပေးဘူးလားဆိုတော့ပေးတာပဲလေ ဆေးတွေက မသောက်ပဲwasteဖြစ်တာများလို့ အဆောင်မှူးတွေကိုပြောတာပါတကယ်က ပြီးတော့ သူလှည့်လို့ အဆောင်မှူးတွေ အဆောင်မှာ မရှိရင်လည်းဆူပါတယ် ကျောင်းသား/ကျောင်းသူတွေကို ဂရုစိုက်ပါတယ် Drက
2026-09-20 08:31:13
53
YoYo :
Soe San သားလေး ကျွန်တော်မှ ဝင်မှန့်လိုက်သည်။
2026-09-20 10:22:52
49
တင်ဝင်းစတီးနှင့်ကျွန်းပရိဘောဂ :
စိုးစံကောင်းတယ် ကျွန်မနဲ့ကျွန်မသားစိုးစံမှာအောင်ခဲ့တာ😊
2026-09-21 08:10:29
11
My Fancy OnlineShopပြင်ဦးလွင် :
တကယ်သာ အဆင်မပြေကြဘူးဆို
ကလေးတွေက မိဘတွေကိုမပြောဘဲနေမလား ❓
လူအများနဲ့နေရတဲ့နေရာ ဘယ်မှာမဆိုတွေ့နိုင်တဲ့
အခက်အခဲလေးတွေကတော့ ဘယ်အဆောင်ထားထားရှိနေမှာပဲ
ခုပြောတဲ့ အချက်တွေအကုန် တခြားအဆောင်တွေမှာ မရှိဘူးလား... ပြော
တစ်နှစ်ထက်တစ်နှစ် များများလာတဲ့ကျောင်းသားဦးရေက သက်သေပဲ ...ဟုတ် 👌
2026-09-20 17:30:02
5
To see more videos from user @allaboutsarpannaein1, please go to the Tikwm
homepage.