@yan.hnaung6: ဝဋ်ဆိုတာ တစ်လုံးတည်းပါ ဒါပေမဲ့ လေးနက်လွန်းတယ်။ လောကမှာ သူများဘဝကို မစာနာဘဲ ကိုယ့်အတ္တနဲ့ကိုယ် လွယ်လွယ်လေး ဖျက်ဆီးခဲ့တဲ့သူတွေ သူတစ်ပါးရဲ့ မျက်ရည် ဒုက္ခ နာကျင်မှုတွေပေါ်မှာ ကိုယ်လုပ်ခဲ့တာ အမှန်ထင်ပြီး ပျော်နေတဲ့သူတွေကို တွေ့ရင် စကားတွေ အများကြီး သွားပြောမနေနဲ့တော့။ ကိုယ်တိုင် ဘဝတွေကို ဖြတ်သန်းကြည့်ဖူးမှ ခံစားဖူးမှ ပိုနားလည်လာတာ ကိုယ်ပေးခဲ့တဲ့ နာကျင်မှု ကိုယ်လုပ်ခဲ့တဲ့ မတရားမှုတွေဟာ တူသောအကျိုးအဖြစ် ကိုယ့်ဆီ အဆမတန် ပြန်ကွေ့လာတတ်တာ သဘာဝပါပဲ သူများဘဝကို ဝင်နှောင့်ယှက် ဖျက်ဆီးထားပြီးတော့ ကိုယ့်ဘဝကျ ပျော်ရမယ် အေးချမ်းရမယ်လို့ မထင်လိုက်ပါနဲ့။ နောင်သံသရာအထိတောင် မျှော်စရာ စောင့်စရာ မလိုပါဘူး ဒီဘဝ ဒီမျှော်မှန်းထားတဲ့ သက်တမ်းအတွင်းမှာတင်ကို ပတ်လည်ရိုက်ပြီး မလွဲမသွေ ပြန်ခံရမှာ ဘာလို့လဲဆိုတော့ ကံ ကံ၏အကျိုးဆိုတာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။ မျက်နှာဖုံးတွေ စွပ်ထားလို့ သူများရှေ့မှာ တည်ငြိမ်ပြနေလို့ အပြင်မှာ အဆင်ပြေနေပုံပေါ်လို့ ခဏတော့ လွတ်နေတယ် ထင်ရလိမ့်မယ် သို့သော် ရင်ဘတ်ထဲက စိတ်အေးချမ်းမှုဆိုတာတော့ အဲ့လိုလူတွေဆီ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ ကိုယ်ပြုခဲ့တဲ့ ကံကတော့ ကိုယ့်နောက်ကို အရိပ်လို လိုက်နေပြီ ဘယ်သူမှ မမြင်ဘူးဆိုပြီး ခိုးလုပ်ခဲ့တဲ့ မကောင်းမှုတွေဟာလည်း တစ်နေ့မှာ ဘဝက ပြန်တောင်းဆိုတဲ့ အကြွေးအဖြစ် ပြန်ဆပ်ရမှာပါ။ ဒါတွေဟာ စာအုပ်ထဲက တရားစကားတွေ မဟုတ်ဘူး ဘဝအတွေ့အကြုံနဲ့ ကံကံ၏အကျိုးကို တကယ်ယုံကြည်လို့ သဲသဲကွဲကွဲ အသေအချာ ပြောရဲတယ် သူများကို နှိပ်စက်ခဲ့သမျှ ကိုယ်ချင်းမစာခဲ့သမျှ ဒီဘဝမှာတင် တပြိုင်နက်တည်း လည်ကိုလည်လာမှာမို့ စောင့်ရုံပဲ စောင့်ကြည့်လိုက်ပါ...။ ဝဋ်လည်ပါစေလို့ ဆုမတောင်းနဲ့ ကိုယ်ခွင့်လွှတ်လေ သူတို့ဘဝတွေ လည်လေပဲ။ ✨#စာသား #ဒီချိန်တင်ရင်viwerမတတ်မှန်းသိတယ်🙂 #fyp #myanmartiktok🇲🇲🇲🇲 #ရောက်စေ
Yan Hnaung
Region: MM
Sunday 20 September 2026 05:18:40 GMT
Music
Download
Comments
ချစ်သမီးလေး :
ပြန်တင်ခွင့်ပြုပါနော်
2026-09-21 03:54:27
3
LiLi :
မမှားသောရှေ့နေမသေသောဆေးသမားရယ်လို့မရှိနိုင်ပါဘူးမရည်ရွယ်ပဲတချို့အမှားတေကတစ်ဦးတစ်ယောက်အတွက်အရမ်းနစ်နာစေခဲ့တယ်ဒါဟာမသိစိတ်ကဖြစ်သွားတာတချို့စိတ်ဒဏ်ရာတွေရှိတဲ့သူတေဆိုရင်ယုတ်မာတဲ့စိတ်နဲ့လုပ်တာမဟုတ်ဖူးအကြောက်လွန်ပီးအမှားဖြစ်သွားတတ်တာနားလည်ခွင့်လွှတ်ပေးလိုက်ပါသူလဲသေလောက်အောင်နောင်တရနေရောပေါ့အဲ့လိုလူတေကအရမ်းချစ်တတ်တယ်❤️
2026-09-23 03:46:00
1
San San Hla :
စာသားလေကူးယူခွင့်ပြုပါရှင့်
2026-09-20 11:11:00
1
Sagittarius :
ကိုယ့်ဘဝနဲ့ရင်းပီးနှစ်ရှည်လများ လက်တွဲပီး ဒက္ခတွေခံခဲ့ပေမယ့် အမျိုးမျိုးတောင်းပန်နေတဲ့ကြားက အချိန်တိုလေးအတွင်းမှာ ရအောင်ယူသွားနိင်ပီး ကိုယ့်ရဲ့ အိမ်ဦးနတ်ကြီးကလဲ ခုဆိုသူကလေးပျော်ဖို့အဓိကပါတဲ့ သူတို့မိုးမမြင်လေမြင်ပျော်နေချိန် အဆင်ပြေနေချိန် ကိုယ့်ကမ္ဘာလေး ပြန်အစရှာမတွေ့
2026-09-20 10:37:09
8
မအူပင်သူလေးပါရှင့်🥰🥰 :
ဟုတ်တယ် မှန်ဒါပေါ့
2026-09-20 10:07:45
3
🍓♊🅺🅷🅸🅽 🆂🆆🅴 🅻🅸🅽༺👑🌺 :
လောလောဆယ်တော့ ကိုယ်ကအရူးလိုပဲ
2026-09-20 05:56:46
3
ချစ်သမီးလေးမေမေ :
မှန်တယ်
2026-09-20 06:06:07
1
🇲🇲khin.Lay.🇰🇭 :
copyပြန်ယူမယ်နော် 🥰🥰
2026-09-20 09:49:46
1
SUPER HOT :
အမှန်ပါ
2026-09-21 03:02:16
1
Tin Zar :
အမှန်ပါပဲ👍👍👍
2026-09-20 16:11:07
1
337245လက်ပံတန်းသူလေး :
အမှန်ဘဲ😘😘😘
2026-09-21 14:30:57
1
⏭£äë⏯ :
copyပါရစေ
2026-09-20 16:18:09
3
H🐉 :
ပြန်ယူတင်လို့ရလားရှင့်🥹
2026-09-21 07:37:50
1
U Min Min :
ညတိုင်ဘဝပျက်နေတယ်
2026-09-21 10:06:05
1
နှင်းဆီ 345 :
ဟုပါတယ်
2026-09-24 06:23:03
1
Myat Phoo Pwint Paing :
ပြန်တင်ခွင့်ပြုပါနော်
2026-09-21 08:29:52
1
mgmg23002 :
🥰🥰🥰🥰
အေးပ့
2026-09-21 23:06:29
1
👑Mon(sym) :
copy ယူပီးပြန်တင်မယ်နော်😊
2026-09-21 16:56:28
1
{±~<❤:...:❤±~>} :
ပြန်တင်ပ့ရစေPhoto
2026-09-21 03:11:57
1
✨🌈Khin Nwe Htun💦✨ :
ဝဋ်တဲ့ တလုံးရယ်ဝဋ်
2026-09-20 06:28:08
1
Z🍂🦦 :
စာသားလေးချပေးပါလား
2026-09-20 18:19:15
3
A Thae :
အဲ့ဝဋ်ကရောမကောင်းတဲ့လူအတွက်ရှိလို့လား
2026-09-20 19:26:58
3
H💞a💞n💞 :
ကိုယ်ကပူလောင်နေရတယ်သူကတောပျော်နေလိုက်တာ
2026-09-20 13:15:47
3
အညာသူလေးပါနော်🥰 :
သိပ်မှန်း
2026-09-20 06:02:01
1
🧸🩷ᥴꫝ𝓲𝓽 𝘴ꪊ ᭙ꪖ𝓲🩷🧸 :
စာသားလေးချပေးပါလား
2026-09-20 13:01:13
3
To see more videos from user @yan.hnaung6, please go to the Tikwm
homepage.