@nyein.htet.soe: ကိုယ့်ဘဝဟာ အေးချမ်းပြီး ပျော်ရွှင်နေရခြင်းက ကိုယ့်ရဲ့ Positive အတွေးလေးတွေကြောင့်ပဲ ကိုယ့်ဘဝမှာလည်း ပညာရေးနဲ့လွဲခဲ့တာရှိတယ် အိပ်မက်ရော အချစ်ရော လွဲချော်ခဲ့တာတွေရှိတယ် ဒါတွေဟာ ပိုကောင်းတာတွေ ဖြစ်လာဖို့ပဲလို့ အမြဲယုံကြည်ထားတယ် ။ နေမကောင်းဖြစ်တာ ၊ နေပူတာ ၊ မိုးရွာတာ ၊ လူတွေပြောင်းလဲတာ ၊ တွယ်ငြိသမျှဆုံးရှုံးရတာ သဘာဝပဲ ကိုယ့်မတတ်နိုင်တဲ့အရာတွေအပေါ်မှာ ပြောင်းလဲဖို့မကြိုးစားဘဲ အကောင်းဆုံးနေထိုင်လိုက်တယ် ။ လူတွေကိုယ့်ကို မကောင်းပြောတာ မနာလိုတာ မုန်းတာက သူတို့စိတ်ရဲ့ပူလောင်မှုတွေပဲ သူတို့အထင်ကြီးတာ အထင်သေးတာတွေကလည်း သူတို့အမြင်တွေပဲ အာ့တာတွေမယူရင် ကိုယ်ရမှာမဟုတ်ဘူး အရာအားလုံးကို လိုက်ခံစားနေရင်း ပြန်တုန့်ပြန်ရ ပြန်ဒေါသထွက်ရ မခံမရပ်နိုင်ဖြစ်ရနဲ့ သူ့အပူဟာ ကိုယ့်အပူဖြစ်သွားလိမ့်မယ် ။ နေစရာအိမ်ရှိသေးတယ် မိဘတွေ ကျန်းမာသေးတယ် လမ်းလျှောက်နိုင်သေးတယ် အမြင်အာရုံတွေကောင်းနေသေးတယ် ကိုယ်ပိုင်ဝင်ငွေအနည်းအငယ်ရှိတယ် မချမ်းသာရင်တောင်မှ မနက်စာအတွက် မပူရဘူးဆိုရင် ဒါဟာ ကျေးဇူးတင်စရာတွေပဲမဟုတ်လား ကိုယ်ဟာ comfort person တစ်ယောက်အဖြစ် နေထိုင်ပြီး လူတွေကို positive vibes တွေ ပေးစွမ်းနိုင်သူဖြစ်ချင်တယ် ကိုယ့်အနားမှာနေရင် ဥာဏ်ပညာနံ့လေးတွေသင်းစေချင်တယ် ပူလောင်စရာတွေကြားမှာ အေးချမ်းအောင် နေတတ်ဖို့ပဲ ကိုယ်ကြိုးစားတယ် ။ မူရင်း post ပိုင်ရှင်အား credit ပေးပါသည်။ #life #fyp #ဖားစည်ရည်ကျော်
NHS🌿
Region: US
Sunday 20 September 2026 07:37:19 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @nyein.htet.soe, please go to the Tikwm
homepage.