@oma.trading.2.0: "မတူကွဲပြားမှုတွေကြားမှာ ငါတို့အားလုံးကို ခဏတာဖြစ်ဖြစ် တစိတ်တဝမ်းတည်းဖြစ်စေတဲ့သူ" "ဒီလိုအခိုက်အတန့်ကာမှာ ငါတို့ရင်ထဲ ဘာအရောင်မှ မရှိဘူး၊ ဘယ်သူ့ဘက်၊ ဘယ်သူ့ဘက်ဆိုတဲ့ ရွေးချယ်မှုလည်း မရှိပြန်ဘူး။ အမုန်းတရားတွေ၊ ကွဲပြားမှုတွေကိုလည်း ခဏလောက်ဖြစ်ဖြစ် မေ့ထားခဲ့ကြတယ် အားပေးသူအချင်းချင်းလည်း သူစိမ်းတွေဖြစ်စေဦးတော့ အပြုံးလေးနဲ့နုတ်ဆက်ကြတယ်" "တစ်ယောက်တည်းအတွက် လူသန်းပေါင်းများစွာရဲ့ ရင်ခုန်သံတွေက တစ်သံတည်း ဖြစ်သွားစေခဲ့တယ်" “နိုင်ပါစေ…တဲ့” "အဲဒီစကားလေးတစ်ခွန်းထဲမှာ ငါတို့အားလုံးရဲ့ ဆန္ဒတွေ တူညီခဲ့ကြတယ်" "ဘယ်သူက ဘယ်အရောင်လဲ မမေးခဲ့ဘူး၊ ဘယ်သူက ဘယ်လိုယုံကြည်လဲ မမေးခဲ့ဘူး၊ ဘယ်သူက ဘယ်သူ့ဘက်လဲ မမေးခဲ့ဘူး" အားပေးနေတဲ့အချိန်မှာ ငါတို့ဟာ အချင်းချင်းကို မင်းဘာလဲ၊ ငါဘာလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ မကြည့်ခဲ့ကြဘူး။ ငါတို့အားလုံးက မြန်မာတစ်ယောက်ကို မြန်မာတွေဖြစ်တဲ့အတိုင်း အတူတူအားပေးခဲ့ကြတယ်။ အနိုင်ရတဲ့အချိန်မှာ ပျော်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ဒီစည်းလုံးမှုဟာ ယာယီပဲလို့ တွေးမိလိုက်ရင်...... 💔 Van နဲ့ အောင်လတို့ဟာ အားကစားသမားတွေထက် ပိုတဲ့တစုံတရာ ဖြစ်ကြတယ်။ မတူညီမှုတွေ အများကြီးရှိနေတဲ့ ငါတို့နိုင်ငံသားတွေကြားမှာ အနည်းဆုံး ခဏတာဖြစ်ဖြစ် တစ်ရင်တည်း တစ်သံတည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေခဲ့တဲ့သူတွေပေါ့။ #JoshuaVan #myanmarfan #UFC #merikolenn
OMA Trading 2.0
Region: MM
Sunday 20 September 2026 09:02:04 GMT
Music
Download
Comments
H ∆ :
"The caption hit hard man"
2026-09-20 14:01:32
0
Minus(♊) :
ငါတို့နိုင်ငံနဲ့ ပတ်သတ်ပြီး ပျော်စရာဆိုလို့ ဒါပဲ ရှိတော့တယိ
2026-09-20 10:46:20
734
max_scl :
Burmese futsal,chinlone,ufc and lethwai အဲ့လိုအားကစားတေမှာမြန်မာက potential အများရီးရှိပေမယ့် supporting သာကောင်းခဲ့မယ်ဆိုရင်......
2026-09-20 14:00:32
0
ဖိုးသား :
thank all love your
2026-09-20 13:31:06
0
𝙁𝙤𝙪 𝙽𝚠𝚊𝚢 :
ဒါမဲ့ တချို့က ဘာလို့ဗန်ကို ဘလိန်းနေကျတာလဲ ကိုယ့်လူမျိုးအချင်းချင်း
2026-09-20 10:42:17
80
🦦ŴĦ🐾 :
Captionဖတ်ပီး vd ကြည့်တာမျက်ရည်တောင်ဝဲတယ်
2026-09-20 10:52:30
71
🌞🌜T&M🌛🌞🌠 :
ကျွန်တော်တို့က ဗမာတွေပါဗမာတွေဆိုတိုင်ရင်းသားတွေကဘယ်နေရာအသုံးကျလို့လဲလို့ခနခနပြောတာတွေတယ်ကျွန်တော်အနေနဲ့ဟုတ်ပါတယ်ဘယ်နေရာမှအသုံးမကျပါဖူးဒါပင်မဲ့မင်းတို့အပ်လိုဆင်မြင်မှာလုပ်ပြနေတာတွေကိုငါတို့ဗမာတွေကဘဲလက်ခုတ်တီးပီအားပေးနေတာရော်မင်းတို့သိရဲ့လားငါတို့ကဘယ်လူမျိုးမှမရွေးဘဲအားပေးတာခတ်တုံးတုံးဗမာတွေပါကွာ🥰🥰🥰🥰အားလုံးစီးရုံးရင်နိုင်ပွဲပါဘဲ🥰🥰🥰
2026-09-20 11:02:58
20
Min Min Thet 🌻မြောင်နယ်သား🌻 :
ငါ့မှာတော့ live မကြည့်ရဲလို့ လာနေတဲ့အချိန်အဝတ်လျှော်နေရ။ နိုင်ပီဆိုမှ အလုံးကျသွားတဲ့ဘဝ😥😍
2026-09-20 11:14:46
77
Jett :
နိုင်ငံရေးမကောင်းလို့ စုပ်ပြတ်သတ်နေတာပါ နိုင်ငံရေးသားကောင်းခဲ့ရင် တကယ်လှရပ်နိုင်လွန်းမယ့် အလှတရားတေမှ အများကြီး
2026-09-20 12:24:32
65
Zwe Khant Min :
စာဖတ်လိုက်မှမျက်ရည်တွေဘာလို့ကျနေမိတာလည်းသေချာတော့မသိဘူး ကျွန်တော်သူငယ်ချင်းနှစ်ယောက်လည်းပေါ်တာပါသွားတာ၉ရက်ရှိpဘယ်တော့မှပီးဆုံးမှာလည်းဗျာဒီအခက်ခဲတွေ
2026-09-20 11:03:10
20
Sai 🌸 :
တိုင်းရင်းသားတွေ လက်တစ်ဆုပ်စာလူတစ်ချို့ကြောင့် သွေးမကွဲစေချင်ဘူး
ရင်ထဲကဆန္ဒပါ
2026-09-20 13:41:12
11
McGregor 🥊 :
အချုပ်ကောင်းတယ်💔
2026-09-20 11:25:56
32
Si Thu :
အာစီးနယ်၃. ၀ ရှုံးတာလဲသတိရကြဘာအုံးအာကြီးဖန်တေဘယ်ပျောက်ကြနေလဲ
2026-09-20 11:18:20
9
FATAL_UMBRA ♈ :
ဒါမျိုးမြင်လိုက်ရတော့စာရေးဆရာ တစ်ယောက်ရဲ့စကားတောင်သွားသတိရမိတယ်ဘာလဲဆိုရင်စုလုံးညီညာမှုရှိတဲ့အချိန်လူမျိုးသာသနာလူတန်းစားတွေဘာနဲ့မှမခွဲခြားတော့ဘဲတစ်စုတစ်စည်းတဲ့ဖစ်တဲ့အချိန်ကိုပြောပါဆိုရင်အားကစားတခုကိုအားလုံးဝန်းရံအားပေးနေတဲ့အချိန်ဘဲဖစ်လိုက်မယ်တဲ့ဗျ
2026-09-20 11:45:47
9
Ãung Čhan Pýae Šhain :
ငါကဘာလို့မျက်ရည်တေကျလာရတာလဲ[Teary eyed][Teary eyed]
2026-09-20 10:36:18
14
Doe koh thah :
စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ပါ စေ။ဒီမြေဒီရေမှာအာဏာရှင်အစိုးမရစေရ။ခွင့်တူညီမျှဝါဒဖြူစင်သောမြေဖြစ်သတည်း။
2026-09-20 13:13:01
2
🤪🤪🤪 :
နိုင်ငံကြီးကသာကောင်းရင် ဘယ်လောက်ပိုပျော်စရာကောင်းမလဲ
2026-09-20 10:34:29
9
Myo Thant Htun :
We are human all the same ❤ and he is our champion 🇲🇲
2026-09-20 12:11:30
1
ZACK :
အခု vd လေးကို van ကိုပြပေးမယ့် သူရှိရင် သိပ်ကောင်းမှာ🥰
2026-09-20 10:57:05
6
i known u :
မြန်မာနိုင်ငံသားတွေက တိုးတက်ချင်စိတ်ရှိတယ်တခြားနိုင်ငံတွေထက်စာရင် supportingသိပ်ကောင်းတယ် မကောင်းတာက နေရာတခုရပြီးရင် ဆုပ်ကိုင်ထားချင်ကြတာ ကို့အကျိုးစီးပွားနဲ့ပတ်သက်ရင် သေသည်အထိ လက်ထဲကိုင်ထားချင်တာ အဓိက ကတော့ ဆရာလုပ်ချင်ကြတာရယ် ကို့ရဲ့လုပ်ပိုင်ခွင့်ဆုံးရှုံသွားမှာအရမ်းကြောက်ကြတယ် ကိုပြောတာကိူလုပ်တာအမှန်ဘဲ တခြားသူရဲ့စကားကိုနားထောင်ပေးပေမဲ့ ငါ့စွဲကိုမဖျောက်နိုင်ကြဘူး
2026-09-20 11:20:07
5
Momoshiki :
မကောင်းတဲ့ခေတ်တေမပြေလယ်တဲ့ဘဝတေထဲကငါတို့ကိုယ်တိုင်ပြန်တွန်းလှန်ရမယ်
မြန်မာကိုကမ္ဘာကသိအောင်ပြကြမယ်🥺
2026-09-20 10:58:37
6
Jue Jue :
မျက်ရည်ပါကျတယ်
2026-09-20 12:03:57
2
ko myo :
အရင်လို အမေသာအုပ်ချုပ်ခဲ့ရင် အတော်ကြီးပျော်စရာပါဗျာ မြန်မာဆိုတာ အဲ့တာပဲ
2026-09-20 13:42:08
4
Z a y d e n 👽 :
အမည်ပဲလှတယ်နိုင်ငံက စုတ်ပြတ်သတ်လို့ 😭💔
2026-09-20 12:47:52
2
𝙿𝙴𝚃𝙴𝚁シ︎ :
နိုင်ငံရေးကြီးလဲ ငြိမ်းချမ်းစေချင်ပီလား😟💔
2026-09-20 12:33:34
4
To see more videos from user @oma.trading.2.0, please go to the Tikwm
homepage.