@karldklipper: Sneako gets angry at Clavicular for calling gambling halal. #sneako #clavicular #streamer

Karl D. Klipper
Karl D. Klipper
Open In TikTok:
Region: NG
Sunday 20 September 2026 10:56:40 GMT
4100
51
12
3

Music

Download

Comments

rrtardead
aiko 🌺🦭 :
btw clavicular is sneakos actual boyfriend
2026-10-08 08:51:58
0
vodfeed
VodFeed :
la peace
2026-09-20 11:53:52
0
tortegasmp
Tortega SMP :
Let clavicular be bro
2026-09-20 11:52:45
1
contentmedia558
content media :
bro
2026-09-20 11:55:52
0
memeoglyphs
Memeoglyphs :
2026-09-20 12:00:06
0
contentmedia558
content media :
la peace
2026-09-20 11:56:11
0
vodfeed
VodFeed :
la peace
2026-09-20 11:54:32
1
vodfeed
VodFeed :
la peace
2026-09-20 11:55:01
0
vodfeed
VodFeed :
la peace
2026-09-20 11:54:22
0
vodfeed
VodFeed :
la p
2026-09-20 11:54:48
0
lasse.0602
Lasse :
gambling is halal guys. if you Muslim gambling brings you closer to heaven.
2026-09-20 12:31:40
0
To see more videos from user @karldklipper, please go to the Tikwm homepage.

Other Videos

🔱 ကာလီချောဒတ်စ်နေ့မြတ် (Kali Chaudas) ၂၀၂၆ | မဟာကာလီ မယ်တော်၏ အထူးပူဇော်မှုနှင့် ထူးမြတ်သော ကာကွယ်မှုဆိုင်ရာ ကျင့်စဉ် 🔱 🪔ယနေ့ညသည်နှစ်တစ်နှစ်၏ အဆန်းကြယ်ဆုံး ညချမ်းများထဲမှ တစ်ခု ကာလီချောဒတ်စ်ညမြတ်ဖြစ်သည်။ သနန္တနဓမ္မဟိန္ဒူဘာသာတွင် ကာသ်ိက်လ၏ လဆုတ် ၁၄ ရက် (Kartik Krishna Chaturdashi) ကို 'ကာလီချောဒတ်စ်' သို့မဟုတ် 'နာရက်ချောဒတ်စ်' (Narak Chaturdashi) ဟု သတ်မှတ်ကျင်းပကြသည်။ ဤပွဲတော်သည် မဟာကာလီ မယ်တော်အား ပူဇော်ရှိခိုးခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှုများမှ လွတ်မြောက်ခြင်း၊ စိတ်ဓာတ်ဖြူစင်သန့်ရှင်းစေခြင်းနှင့် ဝိညာဉ်ရေးရာ နိုးကြားမှုတို့အတွက် ကောင်းမွန်သောနေ့မြတ်ဖြစ်သည်။ ဤမင်္ဂလာရှိသော ညချမ်းတွင် မဟာကာလီ မယ်တော်အား အောက်မေ့တသ ပူဇော်ခြင်းဖြင့် ကျင့်ကြံသူသာ၀က များသည် သတ္တိ၊ စိတ်ဓာတ်ခွန်အားနှင့်မကောင်းသော အတွေးအခေါ်များမှ လွတ်မြောက်နိုင်ရန် စိတ်ဓာတ်ခွန်အား တိုးပွားစေနိုင်ပေသည်။ 🔱 ကာလီချောဒတ်စ်၏ ဝိညာဉ်ရေးရာ အရေးပါမှု ဤနေ့တွင် မဟာကာလီ မယ်တော်၊ဘုရားရှင် ကရိသျှဏ နှင့် ဘေးအန္တရာယ်များကို ပယ်ဖျောက်ပေးသော ဟနုမာန်ဘုရားရှင်တို့ကို အထူးတလည် ကိုးကွယ်ပူဇော်ကြရပါမည်။ မဟာကာလီ မယ်တော်သည် အင်အားတန်ခိုးနှင့် ရဲရင့်ခြင်း၏ သင်္ကေတဖြစ်သည်။မယ်တော်အား ပူဇော်ခြင်းသည် စိတ်အတွင်းရှိ ကြောက်ရွံ့မှု၊ အတ္တ၊ ဒေါသနှင့် အဝိဇ္ဇာ တည်းဟူသော အမှောင်ထုကို ပယ်ဖျောက်ရန် ကောင်းချီးပေးနေခြင်းဖြစ်သည်။ 🪔 ကာလီချောဒတ်စ်၏ ရိုးရှင်းသော ပူဇော်နည်းစနစ် ၁။ ဆီလူးရေချိုးခြင်းနှင့် စိတ်ဓာတ်သန့်စင်ခြင်း နံနက်ခင်း နေမထွက်မီ ကိုယ်၌ ဆီလူး၍ ရေချိုးပါ။ သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ပြီး အိမ်ရှိ ဘုရား‌‌ကျောင်းအားသန့်ရှင်းရေးပြုလုပ်ပါ။ ၂။ မဟာကာလီ မယ်တော်အား ပူဇော်ခြင်း ညအချိန်တွင် မဟာကာလီ မယ်တော်၏ ဓာတ်ပုံ သို့မဟုတ် ဆင်းတုတော်ရှေ့၌ ဆီမီးထွန်းညှိပါ။ အနီရောင်ပန်းများ၊ နှမ်းနက်၊ အုန်းသီး၊ ထန်းလျက်နှင့် လေးညှင်းပွင့်များကို ကြည်ညိုသဒ္ဓါစိတ်ဖြင့်ပူဇော်ပါ။ ၃။ ဆီမီးဒါနပြုခြင်း မုန့်ညှင်းဆီ သို့မဟုတ် နှမ်းဆီဖြင့် ဆီမီးထွန်းပါ။ အိမ်၏ ပင်မတံခါးဝတွင် ယမမင်းအား ရည်စူး၍ ဆီမီးဒါနပြုကာ၊ အိမ်အတွင်းရှိ လုံခြုံသောနေရာများ တွင်လည်း ဆီမီးများ ထွန်းညှိပူဇော်ပါ။ ၄။ မန္တရာတော်များ ရွတ်ဖတ်ပူဇော်ခြင်း ငြိမ်သက်သော စိတ်ထားဖြင့် မဟာကာလီ မယ်တော်၏ မန္တရာတော်များကို သဒ္ဓါတရားထက်သန်စွာ ရွတ်ဖတ်ပါ။ 🔱 မန္တရာတော်များ ၁။ မဟာကာလီ မူလမန္တရာ(Mahakali Mool Mantra) Om Kreem Kalikayai Namah အဆိုးဟူသမျှကို ဖျက်ဆီးနိုင်သော မဟာကာလီ မယ်တော်အား ငါသည် ဦးညွှတ်ရှိခိုး ပူဇော်ပါ၏။ ၂။ ကာလီ ဂါယတြီ မန္တရာ (Kali Gayatri Mantra) Om Kalikayai Cha Vidmahe, Khadgahastayai Cha Dheemahi, Tanno Kali Prachodayat မဟာကာလီ မယ်တော်၏ အမျိုးမျိုးသော တန်ခိုးတော်များကို အကျွန်ုပ်တို့ သိရှိပါရစေ၊ သံလျက်ဓားကို ကိုင်ဆောင်ထားသော မယ်တော်အား အကျွန်ုပ်တို့ အာရုံပြုပါ၏။ မဟာကာလီ မယ်တော်သည် အကျွန်ုပ်တို့၏ စိတ်ဓာတ်နှင့် ဉာဏ်ပညာကို အလင်းရောင်သို့ ဦးဆောင်လမ်းပြပေးပါစေသတည်း။ ၃။ ဟနုမာန်ဂျီ မန္တရာ(Hanuman Ji Mantra) Om Hum Hanumate Namah အန္တရာယ်ကင်းဝေးစေပြီး သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဟနုမာန်ဘုရားရှင်အား ဦးညွှတ်ရှိခိုး ပူဇော်ပါ၏။ (ဟနုမာန်ဘုရားရှင်အား အောက်မေ့၍ ရဲရင့်ခြင်း၊ ခွန်အားနှင့် ဘေးအန္တရာယ်များမှ ကာကွယ်ပေးပါရန် ဆုတောင်းပါ) 🌺 ကာလီချောဒတ်စ် ကျင့်ကြံရာတွင် လိုက်နာရမည့် အထူးစည်းကမ်းများ 🌿ကျင့်ကြံရာတွင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ဖြူစင်သန့်ရှင်းအောင် ထိန်းသိမ်းပါ။ 🌿ဒေါသ၊ အတ္တနှင့် အပျက်သဘောဆောင်သော အတွေးအကြံများမှ ဝေးဝေးနေပါ။ 🌿မဟာကာလီ မယ်တော်၏ ရှေ့မှောက်တွင် မိမိအတွင်းရှိ မကောင်းသော အကျင့်စရိုက်များကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ။ 🌿အိမ်ထောင်ရှင်များအနေဖြင့် သက်သတ်လွတ်စားသောက်ကာ မီးပူဇော်ခြင်းနှင့် မန္တရာရွတ်ဆိုခြင်းတို့ဖြင့် သာမန် ပူဇော်ကျင့်ကြံမှုကို ပြုလုပ်ပါ။ 🌿သင်္ချိုင်း၌ ပြုလုပ်သော ကျင့်စဉ်များ၊ ပြင်းထန်သော အစီအရင်များနှင့် အထူးတန္တရ နည်းလမ်းများကို ဂုရုဆရာကောင်း၏ လမ်းညွှန်မှုမပါဘဲ လုံးဝ မပြုလုပ်ပါနှင့်။ ✨ ဤမင်္ဂလာရှိသော ညချမ်းတွင် ကာလီမယ်တော်သည် အပြင်ဘက်ရှိ အမှောင်ထုကိုသာ ဖျက်ဆီးသော တန်ခိုးတော်မဟုတ်ဘဲ၊ ငါတို့၏ စိတ်အတွင်း၌ ကိန်းဝပ်နေသော ကြောက်ရွံ့မှု၊ အဝိဇ္ဇာနှင့် အတ္တတို့ကို ပယ်ဖျောက်ပေးသော အာဒိသျှတ္တိပရမတ္ထတန်ခိုးတော်ဖြစ်သည်။ Jai Mata Maha Kali  #creatorsearchinsights #diwalispecial #Hindu #Om #Kali

About